စီစဉ်ထားသည့်အတိုင်း အဆင်ပြေပြေဖြစ်ဖို့ကို ဟန်ဘင်း ဆုတောင်းနေမိသည်။
ထယ်ရယ်နှင့် စကားပြောပြီးသည်နှင့် ဟန်ဘင်းလက်ထဲမှ board ကိုထောင်လိုက်သည်။ ခဏအကြာတွင် သူ့ပုံက stage စင်ဘေးမှ LED screen တွင်ပေါ်လာပြီးနောက် လူအုပ်မှာလည်း ဆူညံလို့သွား၏။
--------------------------------------------------------
စင်ပေါ်တွင် ထိုင်နေပေမဲ့လည်း မက်သရူးစိတ်တွေက ဟန်ဘင်းဆီသို့သာ ရောက်နေသည်။ မနေ့က ဂရူဗင်းပြောပြသည့် စကားတွေကိုလည်း ပြန်စဉ်းစားမိနေ၏။
ဟန်ဘင်းက သူ့အတွက် တွေးပေးကာ လက်ထပ်ဖို့ကို မစဉ်းစားသေးတာတဲ့လေ..။
အဲ့ဒါဆိုလည်း ဒီစကားများကို ဟန်ဘင်းကိုယ်တိုင် လာပြောပြသင့်သည် မဟုတ်လား။ ခုတော့ မအားဘူးဆိုကာ fanmeeting ကိုပင် လိုက်မလာခဲ့။
လက်ထပ်ချင်လားဟု တခွန်းမှပင် မေးဖော်မရပဲ သူ့သဘောနှင့်သူ ဆုံးဖြတ်နေသော ဟန်ဘင်းကို မက်သရူး စိတ်ကောက်ချင်သည်။ သူ့စိတ်ကို နည်းနည်းလေးမှ မသိသော ဆောင်းဟန်ဘင်းပင်။
"ဝိုး..!!!!"
စင်အောက်ရှိ လူအုပ်ကြီး၏ ဆူညံစွာ အော်ဟစ်နေသံများကြောင့် အတွေးတွေထဲမြောနေရာမှ မက်သရူး သတိပြန်ဝင်လာကာ ပတ်ဝန်းကျင်ကို စူးစမ်းမိသည်။
member များက stage စင်ဘေးနှစ်ဖက်ရှိ LED screen ကိုလက်ညှိုးညွှန်ကာ ကြည့်နေကြသောကြောင့် မက်သရူးလည်း member များနည်းတူ ကြည့်လိုက်၏။
LED screen ပေါ်တွင် ပေါ်နေသော ဟန်ဘင်း၏ ရုပ်ပုံကြောင့် မက်သရူးစင်ပေါ်မှနေ၍ ဟန်ဘင်းရှိရာဆီသို့ အကြည့်တို့ရောက်သွားရသည်။
လက်ထဲတွင် ဆိုင်းဘုတ်တစ်ခုကိုကိုင်ထားပြီး သူ့အား ပြုံးပြနေသော ဟန်ဘင်းကို မြင်မြင်ချင်းပင် နှလုံးခုန်နှုန်းတွေ မြန်ဆန်လာ၏။
ဆိုင်းဘုတ်ပေါ်တွင် ရေးထားသောစာကို သေချာ မမြင်ရသောကြောင့် မက်သရူး မျက်မှောင်လေးများကြုတ်ကာ မမြင်ရဘူးဆိုသည့်သဘောဖြင့် ဟန်ဘင်းကို လက်ခါပြလိုက်သည်။
မက်သရူးမမြင်ရဘူးဆိုတာ ရိပ်မိသွားသည့် ထယ်ရယ်က camera သမားအား ဟန်ဘင်းလက်ထဲရှိ board ကို zoom ဆွဲခိုင်းရ၏။
YOU ARE READING
I GOT CHU
FanfictionBINTHEW FANFIC (COMPLETE) ????? fic ??????????????????????????????????? ????????????????????? ??
Part 20
Start from the beginning
