"သူမက ငါ့အတွက်ပဲ!"
လင်းဖန်းသည် ကျောင်းရှန်းရှန်းကိုအေးစက်စွာလှည့်ကြည့်လိုက်သည်
အရင်က လင်းဖန် ကျောင်းရှန်းရှန်းကိုလိုက်ခဲ့တုန်းက သူ့ကိုငြင်းပယ်ခဲ့ဖူးသော်လည်း အခုချိန်မှာတော့ တခြားအမျိုးသမီးကို လိုက်နေတာကိုမြင်ရတာအဆင်ပြေမနေဘူး..ဘာလို့လဲ?သူ့ကို ပြန်မကြိုက်နိုင်ဘူးဆိုရင်တောင် သူများကိုတော့ ထပ်မကြိုက်သင့်ဘူး?..သူမသည် သူ့ကိုအရူးတစ်ယောက်လို့များထင်နေတာလား
ကားပေါ်က အမျိုးသားအားလုံးသည် မျက်မှောင်ကြုတ်ကာတွေးလိုက်ကြသည်..'ကျောင်းရှန်းရှန်း ဒီတစ်ခါပြောတဲ့စကားက တကယ့်ကို အရှက်မရှိဘူးပဲ'..လဲ့ရီ၏မျက်လုံးများသည် အနည်းငယ်အေးစက်သွားသည်..သူမ၏အပြုအမူများသည် သူ့ကို အမှန်တကယ်စိတ်ပျက်စေခဲ့သည်
"ကားပြန်လှည့်လိုက်ပါ"
လဲ့ရီ အေးစက်စွာပြောလိုက်သည်
လဲ့ရီက ကားပြန်လှည့်ဖို့ပြောလိုက်သည်နှင့် ပန့်ခ်အမျိုးသားသည် ဘာမှ မပြောတော့ဘဲ ကားကို ပြန်လှည့်လိုက်သည်..ထမင်းချက်တစ်ယောက်အတွက် သူမကိုအမှန်တစ်ကယ်ဆန့်ကျင်လိုက်ကြသည်ကိုတွေ့လိုက်ရသောအခါ ကျောင်းရှန်းရှန်း၏မျက်နှာသည်ရုတ်တရက်အေးစက်သွားကာ ဖောက်ပြန်ခံလိုက်ရသည့်သူလိုပင်
ချူးယွီနင်သည် ကားပေါ်မှဆင်းသွားသည်နှင့်မြန်မြန်ဆန်ဆန်ထွက်ခဲ့မည်ဆိုလျှင် ယခုအချိန်တောင်ပေါ်သို့ရောက်နေလောက်ပြီဖြစ်သည်..သူတို့သည် တောင်ခြေကိုပြန်လာခဲ့ကြပြီးနောက် ကားကိုထားခဲ့ကာ တောင်ပေါ်သို့ လမ်းလျှောက်သွားကြသည်..လမ်းတစ်လျှောက်တွင် ငှက်များနှင့်ပန်းများကို မတွေ့ခဲ့ရသည့်အပြင် အန္တရာယ်ရှိသောအပင်များနှင့်တိရစ္ဆာန်များကိုလည်း မတွေ့ခဲ့ရပေ.. ထိုကဲ့သို့ငြိမ်သက်နေမှုကပင် ဤတောင်ပေါ်၌ အန္တရာယ်ရှိနေကြောင်း တစ်ဖွဲ့လုံးသိကြသည်
လဲ့ရီသည် ချူးယွီနင်၏ရည်ရွယ်ချက်ကို သိသောတစ်ဦးတည်းသောလူဖြစ်သည်..သူမသည် ဤတောင်ပေါ်တွင်နေချင်လျှင် ဘယ်နားသွားနေရင်ကောင်းမလဲဟု တိတ်တိတ်လေးတွေးနေခဲ့သည်..သူမတောထဲမှာနေချင်လျှင် အိမ်ဆောက်၍ဖြစ်ဖြစ် သို့မဟုတ် ဂူတစ်ခုခုထဲတွင်နေစရာဖို့ရှာရမည်ဖြစ်သည်.. ချူးယွီနင်၏သေးသွယ်သောလက်များဖြင့် အိမ်မဆောက်နိုင်သည့်အတွက် ဂူတစ်လုံးထဲမှာသာခိုအောင်းရမည်ဖြစ်သည်..ဂူသည် အရမ်းမြင့်ရင်လည်း သူမတက်နိုင်မည်အဟုတ်..နိမ့်လွန်းလျှင်လည်း သူမအတွက်အန္တရာယ်များလွန်းသည်
YOU ARE READING
Doomsday Ecstasy Cave
Adventure??????????????????? ??????????? FML? ?????????? ?????????????????? ???????????? ? Warning??????.. ???????? Harem???????????? ?????????? Paid ??? Gp-2 ????????????? Wp??? ????????????????? ???????????????????
