抖阴社区

??????? ??

1.4K 57 0
                                        

ချူးယွီနင်သည် ကျောင်းရှန်းရှန်း၏ လျှို့လျှို့ဝှက်ဝှက်ပုံစံကို ကြည့်ပြီးမရယ်ဘဲမနေနိုင်ပေ..သူမဘယ်လောက်တောင်သိသာထင်ရှားနေလိုက်သလဲ?..ချူးယွီနင် သူမကို နောက်ဆုံးတစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏မျက်လုံးများသည် လုယီမင်ဆီသို့ ရောက်သွားကာ အနည်းငယ် ပေကလပ် ပေကလပ်ဖြင့်ကြည့်လိုက်သည်

လုယီမင်သည် ချူးယွီနင်၏အကြည့်ကိုခံစားမိပြီး သူမကိုရုတ်တရက်ပြန်လှည့်ကြည့်လိုက်သည်..ချူးယွီနင် မတက်နိုင်ဘဲသူ့ကိုမကြည့်ခဲ့သလို ဟန်ဆောင်ကာ လှည့်ထွက်သွားတော့သည်..လုယီမင်၏အာရုံစိုက်မှုခံရစေရန်ရည်ရွယ်၍ကြည့်ခဲ့သည်မဟုတ်..အမြဲတမ်းသတိဖြင့်နေသောကြောင့်ကြည့်ခဲ့ပုံပင်

လုယီမင်သည် သူမကို စောင့်ကြည့်နေသောကြောင့် ချူးယွီနင်ကအမြဲတမ်းသိထားကာ သူ့ကိုလှည်မကြည့်ဝံ့ရဲခဲ့ပေ.. အမှန်တော့ စိတ်ပိုင်းဆိုင်ရာသဘာဝစွမ်းအားရှိသူတစ်ယောက်သည် သူ့ကိုကြည့်သောအခါ တစ်ခုခုကို ခံစားမိပေလိမ့်မည်

ကျောင်းရှန်းရှန်း၏ပစ်မှတ်မှာ မည်သူဖြစ်သည်ကို ချူးယွီနင်မသိသော်လည်း အကယ်၍ လဲ့ရီသာဆိုလျှင် သူမသည် aphrodisiacsကဲ့သို့ စိတ်ကြွဆေးသုံးရန်မလိုအပ်ပေ..တခြားသူတွေသာဆိုရင် ကျောင်းရှန်းရှန်းက သူတို့အတွက် စိတ်ပူမည်မဟုတ်..ထို့ကြောင့်အကြီးမားဆုံးဖြစ်နိုင်ခြေသည် လုယီမင်ပင်ဖြစ်သည်

ထို့ကြောင့် သူမ၏အကြည့်သည် လုယီမင်ထံရောက်သွားရခြင်းဖြစ်သည်..သူမ၏ စေ့စေ့စပ်စပ်တွေးခေါ်မှုများဖြင့် ကျောင်းရှန်းရှန်း၏ မူမမှန်မှုကိုသတိပြုမိရန်မှာမခက်ခဲပေ

ကျောင်းရှန်းရှန်းသည် ဦးနှောက်.ခွန်အားနှင့် စွမ်းအားကြီးမားသောသဘာဝလွန်စွမ်းရည် ရှိသူဖြစ်သော်လည်း ချူးယွီနင်၏ အမြင်အရသူမ၏ IQသည် အပေါ်ယံသာဖြစ်ပြီး သူမ၏အတွင်းစိတ်ကတော့ သဘောထားသေးသိမ်ကာမာနကြီးလွန်းသောကြောင့်သူမနှင့်ဆက်ဆံရန်မလွယ်ကူပေ

လုယီမင်သည် ချူးယွီနင်ဘာကြောင့်သူ့ကိုဒီလိုကြည့်ခဲ့သလဲ ဆိုတာခန့်မှန်းမိပုံပင်..သူ၏စိတ်စွမ်းအားမှာဤလောက်ထိမြင့်မားနေပြီး ဗေဒင်ဆရာတစ်ယောက်ကဲ့သို့ပင်

Doomsday Ecstasy CaveWhere stories live. Discover now