抖阴社区

??????? ??

648 29 0
                                        

ချူးယွီနင်သည် ရုတ်တရက်ရပ်လိုက်ပြီး ခေါင်းကိုဖြည်းညှင်းစွာမော့ကာ ရှေ့သို့ အေးစက်စွာ ကြည့်လိုက်သည်..

ရိချန်၏ထိတ်လန့်သွားပုံရသောမျက်နှာကို တွေ့လိုက်ရ၏

ယခုအချိန်တွင် ရိချန်သည် သူ၏ချစ်သူကို ပွေ့ဖက်ထားပြီး ချူးယွီနင်ကိုနောက်ထပ်လှုပ်ရှားမှု မပြုလုပ်ရန်တားဆီးထားသော်လည်း... အံ့သြစရာကောင်းသည်က သူသည် ချူးယွီနင်ကို ထိခိုက်စေလိုခြင်းမရှိကြောင်း ထင်ရှားစွာပြသနေသည်

ရိချန်သည် ကမ္ဘာပျက်ကြီးထဲတွင် ဇွန်ဘီတစ်‌ကောင်ဖြစ်လာသော်လည်း တွေးကြည့်သောအခါတွင် သူသည် သူမကို ဘယ်လောက်ချစ်နေသေးကြောင်း ထင်ရှားသည်

ထို့ကြောင့် သူသည် သူမကို မသိစိတ်အရ ကာကွယ်ပေးခဲ့သည်..ထိုအရာသည် ချူးယွီနင် မျှော်လင့်ထားသကဲ့သို့ပင်

နောက်ဆုံးတွင် လဲ့ရီနှင့်အခြားသူများသည် သူမကိုရှာတွေ့တော့မည်ဟု စိတ်က ထင်နေသည်..သူတို့ကို မစောင့်ဘဲ သူမသည် သူ့ဘာသာထွက်ခွာလာခဲ့လျှင် အကယ်၍ သူမ ထွက်ခွာသည့်လမ်းမှာ ပြဿနာတစ်ခုခုရှိလာနိုင်သည်

သူမ ရုတ်တရက် ပျောက်ကွယ်သွားတာကတော့ သေချာပေါက် မကောင်းပေ..သူမသာ ကောင်းယန်အခြေစိုက်စခန်းကို ရောက်ရင် ဘာတွေဖြစ်လာမလဲ??

သူမသည် အေးအေးဆေးဆေး ထွက်သွား၍မရပေ..သူမ ထွက်သွားပြီးရင် ရိချန်သည် သူမကို မေ့သွားလိမ့်မည်ဟု စိတ်ကသိနေသည်

ထို့ကြောင့် သူမသည် အဆင့်နိမ့်ဇွန်ဘီမကို  တမင်နှိုးဆွခဲ့ပြီး သူမကိုသတ်ရန်လှုံ့ဆော်ခဲ့သည်.. ချူးယွီနင်သည် သူ့ကိုယ်သူ ကာကွယ်သည့်သဘောဖြင့် ခုံနှင့်ရိုက်လိုက်ကြောင်းဖြစ်သည်မှာ ထင်ရှားသည်

ချူးယွီနင်သည် သူမ၏စိတ်ကူးကို ကောင်းမွန်စွာအကောင်အထည်ဖော်ပြီးသွားပြီဟု ခံစားလိုက်ရပြီးနောက် လှည့်ထွက်သွားခဲ့သည်..ထင်ထားသည့်အတိုင်း ရိချန်သည် သူမကိုတားဖို့ လုပ်လိုက်ချင်သော်လည်း ချူးယွီနင်သည် ရုတ်တရက် ခေါင်းကိုလှည့်လိုက်ကာ ဇွန်ဘီမကို လက်ညိုးထိုး၍ပြောလိုက်သည်

Doomsday Ecstasy CaveWhere stories live. Discover now