လုယီမင်...ဒီလူက ဉာဏ်ပညာကြီးတယ်...တစ်ဖွဲ့လုံးမှာစဉ်းစားဉာဏ်အရှိဆုံးလူ.. ချူးယွီနင်သည် သူ့ကိုလုံး၀နားမလည်ပေ..တကယ်လို့ ကျောင်းရှန်းရှန်းနှင့်ချူးယွီနင် သူတို့နှစ်ယောက်ထဲကတစ်ယောက်ကိုရွေးရမည်ဆို လုယီမင်က သူမ(ချူးယွီနင်)ကို သေချာပေါက်ရွေးချယ်မည်မဟုတ်ပေ
ပန့်ခ်ကောင်လေးနှင့်Cloak-man(သူတို့အဖွဲ့ထဲမှနောက်တစ်ယောက်) သည် ချူးယွီနင်နှင့် အဆက်အသွယ်သိပ်မရှိပေ..ပန့်ခ်ကောင်လေးသည် အပြစ်ကင်းသောပုံပေါက်သော်လည်း သူသည်အသင်းမှဆုံးဖြတ်ချက်များကိုဝင်ရောက်ငြင်းဆိုမည်မဟုတ်ကြောင်းနှင့်
Cloak-man.
သူ့ကတော့ရာထူးနိမ့်ကျတဲ့အပြင် မနေ့ကသူ့ရွက်ဖျင်တဲကို ကျောင်းရှန်းရှန်းရဲ့ကပ်လျက်မှာနေရာချဖို့မတွန့်ဆုတ်ခဲ့ဘူး..ဖြစ်နိုင်တာက..သူက ကျောင်းရှန်းရှန်းရဲ့ သစ္စာရှိတဲ့နောက်လိုက်ခွေးပဲဖြစ်ရမယ်
ထိုသို့ တစ်ယောက်ချင်းဆီစဥ်းစားအကဲခပ်ပြီးနောက် သူတို့အဖွဲ့ထဲတွင် ချူးယွီနင်အားကိုးရမည့်သူ တစ်ယောက်မျှ မရှိခဲ့ပေ... နောက်ဆုံးတွင် ချူးယွီနင်သည် သူမ၏နိမ့်ကျသောသာမာန်မိန်းကလေးပုံနှင့်သာ ဆက်လက်နေထိုင်ရန်ရွေးချယ်ခဲ့သည်
............................
ချူးယွီနင်နိုးလာသောအခါ သူမသည်လဲ့ရီ ရင်ခွင်ထဲရောက်နေကြောင်းသိလိုက်ရပြီး သူမ၏မျက်နှာဖျော့တော့သွားတော့သည်.. မသိစိတ်ကသူ့ကိုတွန်းထုတ်ဖို့ ကြိုးစားနေသလိုပင်..လဲ့ရီ၏ မျက်လုံးများအနည်းငယ်ပုတ်ခတ်ပုတ်ခတ်ဖြင့်ပြောလိုက်သည်
"ဘာဖြစ်လို့လဲ?"
ချူးယွီနင်ခဏလောက် တောင့်တင်းသွားသည်
"ကျွန်..ကျွန်မ.. ရေချိုးခန်းသွားတော့မယ်!"
လဲ့ရီက သူမကိုစက္ကန့်အနည်းငယ်လောက် ငြိမ်သက်စွာကြည့်နေပြီး သူ့လက်နှစ်ဖက်ကို ဖြည်းညှင်းစွာလွှတ်ပေးလိုက်သည်
ချူးယွီနင်သည် အိမ်သာထဲသို့ဝင်ကာ အချိန်အတော်ကြာမှပြန်ထွက်လာခဲ့သည်.. ထွက်လာသောအခါတွင် သူမသည်သာမန်ကြည့်ကောင်းသည့် မိန်းကလေးအဖြစ်သို့ ပုံစံပြန်ပြောင်းထားသည်..ထိုမျှမက မျက်လုံးကိုလည်း ဆံစများအုပ်နေကာ သူမ၏ အသားအရေကလည်း အရင်ကထက်ပိုပြီးမဲနေသည်.. ရုတ်တရက်ကြည့်လိုက်ရင် 'ရုပ်ဆိုးမ'နှင့်တူသည်..
YOU ARE READING
Doomsday Ecstasy Cave
Adventure??????????????????? ??????????? FML? ?????????? ?????????????????? ???????????? ? Warning??????.. ???????? Harem???????????? ?????????? Paid ??? Gp-2 ????????????? Wp??? ????????????????? ???????????????????
