抖阴社区

ep(1)

58.8K 971 29
                                        

// M̤y̤ Possessive Bad Hubby //

ep( 1 )

" သခင်လေး သက္ကရာဇ်က အရမ်းကို အသန့်ကြိုက်တာတဲ့အေ "

" အဲ့တာကြောင့် သခင်မကြီးက သူ့သားမလာခင် 1လလောက်ထဲက အိမ်သန့်ရှင်းရေးကြိုလုပ်ခိုင်းတာနေမှာ ပြီးတော့ ကိုသက္ကရာဇ်က မာနလည်း ကြီးတယ်တဲ့ "

"ဟုတ်မှာ နာမည်ကြာရုံနဲ့ အဖျားတောင် တက်ချင်နေပြီ "

"နေပါအုံး သူ့နာမည်အပြည့်စုံက ဘာတဲ့ "

" သက္ကရာဇ်လွမ်းမောင် "

မှန်လိုကြည်လင် လင်းလက်နေတဲ့ ရွှေရောင် ကြွေပြားတွေအား ထပ်ခါ ထပ်ခါ သန့်ရှင်းရေး လုပ်နေရတဲ့ အိမ်စေမလေးတွေက ထိုစကားအား တီးတိုးပြောဆိုနေကြခြင်း ဖြစ်သည် ။

ကိုသက္ကရာဇ် အကြောင်းအား အိမ်မှာ သခင်မကြီးစကားပြောတိုင်း မပါမဖြစ် ဖြစ်ပြီး လူကို တစ်ခါမှ မမြင်ဖူးတာတောင် သူစရိုက်နှင့် အတော်လေး ရင်းနှီးနေပြီ ဖြစ်သည် ။

ကိုသက္ကရာဇ်သည် ငယ်စဥ်ကတည်းက အဖွားဖြစ်သူ ဒေါ်မေသခင်မင်းမြတ် နှင့် ပြင်သစ် နိုင်ငံမှာ နေထိုင်ပြီး အမိမြေအား တစ်ခါလေးတောင် ခြေမချဖူးပေ ။ သခင်မကြီးတို့ တွေ့ချင်ရင်တောင် ပြင်သစ် ထိ သွားတွေ့ရတာဖြစ်သည် ။ ကိုသက္ကရာဇ် မြန်မာပြည်ကို လာမှာ ဒါပထမဆုံးအကြိမ်ဖြစ်သည် ။ အဖွားဖြစ်သူက ပေးမလွှတ်တာလည်း ပါလိမ့်မည် ။ သူမြေးအား သည်းသည်းလှုပ်နေပြီး စကားနဲ့တောင် စိတ်ညှိုးနွမ်းခံသူမဟုတ်ပေ ။ အဲ့ဒီလောက်ထိ ကိုသက္ကရာဇ်က အချစ်ခံရသည် ။

" အေးရင် "

" ရှင် သခင်မကြီး "

ဧည့်ခန်းတွင်းဘက်မှ သခင်မကြီးရဲ့ ခေါ်သံကြောင့် အေးရင် အမြန်ဘဲ ထူးလိုက်ပြီး လုပ်လက်စ အလုပ်အား ရပ်ထားကာ ဧည့်ခန်းအတွင်းသို့ အမြန်ပြေးရသည် ။

" လာပါအုံးအေ ကိုအောင်ကြီးကို ခေါ်ပြီး ဒီပန်းချီကားတွေ ဖြုတ်ချခိုင်ထားလိုက် "

ဧည့်ခန်း၏ နံရံတွေတွင် ချိတ်ဆွဲထားသည့် တန်ဖိုးကြီး ပန်းချီကားများ​အား အဘယ်အကြောင်းကြောင့် ဖြုတ်ချခိုင်းသည်ကို မသိပေမဲ့ အေးရင်က သခင်မကြီး ပြောတဲ့ အတိုင်းသာ လုပ်ဖို့ ပြင်ရသည် ။

?? ?????????? ??? ????? Where stories live. Discover now