抖阴社区

ep (23)

22K 571 33
                                        

*** MY POSSESSIVE BAD HUBBY ***

ep(23)

ကုတင်ပေါ်မှာ သူဝတ်ဖို့ ထုတ်ထားပေးတဲ့ ဝတ်စုံကို လွမ်းမောင် ခါးထောက်ရပ်ကြည့်နေမိတာ အချိန်တစ်ခု ကြာတဲ့အထိ ။ တွေ့မြင်နေကျဖူးပေမဲ့ တစ်ခါမှ ကိုယ်ပေါ်မတင်ဖူးတဲ့ ဝတ်စုံဒီဇိုင်းက သူ့အတွက်တော့ ဆန်းကြယ်သည် ။ ယောက်ခမနဲ့ သွားတွေ့ရုံလေးကို ဒါတွေ၀တ်သွားဖို့ လိုလို့လား ။

ငှက်ခါးရောင် ယောပုဆိုးနှင့် Shirt လက်ရှည်အဖြူလေးက ပိုင်ရှင်ကို စောင့်ကြိုနေပေမဲ့ ၊ ထိတွေ့သူမဲ့နေခဲ့တာကြောင့် ကုတင်ပေါ်မှာ ငြိမ်ငြိမ်သက်သက် ။

" ဟင် အိင်္ကျီီမလဲရသေးဘူးလား "

နွေရိပ် အဝတ်လဲခန်းထဲက ထွက်လာတော့ ဗလာကျင်းနေတဲ့ ကျောပြင်ကျယ်ကို အရင်မြင်ရသည် ။ ခါးမှာ ကျွတ်ကျလုမတတ် တဘတ်ဖြူဖြူတစ်ထည်သာ ရှိနေပြီး ၊ ထုတ်ပေးထားတဲ့ ၀တ်စုံက ခုထိ သူ့ကိုယ်ပေါ် မရောက်သေး ။

" နွေရိပ်ရောင်ခြည် "

လွမ်းမောင်ရှေ့ ရောက်လာသူက ကုတင်ပေါ်က ပုဆိုးနည်းတူ ယောပုဆိုး အစိမ်းနုရောင်လေးကို shirt အဖြူလေးနဲ့ ၀တ်ထားပြီး ကျက်သရေ ရှိရှိ လှနေ၏ ။

" ဘာဖြစ်လို့လဲ "

" မြန်မာ၀တ်စုံက ဝတ်မှဖြစ်မှာလား "

" အဲ့လိုမျိုးတော့ မဟုတ်ပေမဲ့ ဒါလေး၀တ်ရင် ပိုအမြင်ရှင်းမလားလို့ ၊ မောင် မ၀တ်ချင်ဘူးလား "

" ကိုယ်မှ ပုဆိုးမ၀တ်တတ်တာ "

ဒီ ဥရောပသားနဲ့တော့ ခက်နှင့်လေပြီ ၊ အမြဲတမ်း ကြိုတွေ ရှုပ်ရှပ်ခတ်အောင်ပါတဲ့ Cargo pant တွေနဲ့ ဂျင်းပြဲတွေသာ ဝတ်နေတဲ့ သူ့အဖို့ ဒီ၀တ်စုံက ထူးဆန်းနေတာ မဆန်းတော့ပါ ။ ပြီးတော့လည်း တခါမှ ဝတ်ဖူးပုံလည်း မပေါ်တာကြောင့်

" ငါပြောတာ သေချာနားထောင် လွမ်းမောင် ၊ ငါတို့က ဘာသာခြားပေမဲ့ မြန်မာပြည်မှာ နေတဲ့အတွက် ဗမာ၀တ်စုံလောက်တော့ ၀တ်တတ်ရမယ် ၊ ပြီးတော့ အဲ့ဒီ့မြန်မာဝတ်စုံတွေက foreigner တွေနဲ့ပိုလိုက်တယ်လို့ ငါကြားဖူးသေးတယ် မင်းငါ့ကို ဝတ်ပြပါလား "

?? ?????????? ??? ????? Where stories live. Discover now