November/ 4/Monday
နိုင်ငံတော်တော်များများဆောင်းဝင်၍ အအေးဓာတ်ကိုခံစားနေကျပြီ အိုင်ယာလန်ဟာလဲအရင်ကထက်ပို၍သိပ်သည်းတဲ့နှင်းစက်တွေနဲ့အတူ အဖြူရောင်ကမ္ပလာကျောက်ဖျာကြီးကိုခင်းထားသည့်နှယ့် ဖွေးဖွေးလှုပ်နေသောနှင်းတို့အား မနက်အခါ၍စက်များဖြင့်ရှင်းလင်းရေပင်လုပ်နေကျ၏ ချမ်းအေးလွန်းလှတဲ့ဆောင်းရာသီမှာ ပြင်ပအအေးဓာတ်ဟာ သူ့ရင်ထဲကိုမဝင်ရောက်နိုင် နီးကပ်လာတဲ့နေ့ရက်တို့နဲ့ခြောက်လန့်နေတဲ့ခွဲခွာခြင်းတွေဟာ 'Cayden' ကိုတနေ့ထက် တနေ့ပို၍ဖိအားတို့ပေးနေလေပြီ သွားဖို့အစီအစဉ်မရှိပေမယ့် တသက်လုံးဆိုတဲ့ခေါင်းစဉ်အောက် သူ့နှလုံးသားလေးဟာသံရည်ပူတို့နဲ့အဖိခံရသည့်နှယ် သွေးစိမ်းရှင်ရှင်ကျ၍လောင်းမြှိက်လို့နေပြီ ချစ်တာကိုချစ်တယ်လို့သာ 'ဟွန်းနီး'ပြောလိုက်ရင် ဘယ်လိုကန့်သန့်ချက် ဘယ်လိုအရာကိုမှဂရုမစိုက်ပဲ သည်လူ့လက်ကိုပဲဆွဲ၍ ကမ္ဘာမြေအဆုံးတွန်းလှန်း၍သွားပစ်လိုက်မည် ဒါပေမယ့် ဟွန်းနီးဟာ သူ့ကိုအရောင်ပါတဲ့ချစ်ခြင်းတွေကိုဖွင့်မပြခဲ့ လွမ်းလို့လာတွေ့ရင်တောင် အုပ်ထိန်းသူဆိုတဲ့စကားလုံးတွေနဲ့စည်းချထားတတ်တဲ့သူ အချစ်ဆိုတဲ့အရာဟာ သူ့အတွက်ကျမှသိပ်ကိုခက်ခဲနေသယောင် စတင်၍အချစ်ဆိုတာကိုခံစားမိချိန်၌ သူရဲ့အချစ်မျိုးစေ့လေးအား သူမသိသူမသိတိတ်တိတ်လေးသိမ်းဆည်းခဲ့ရတယ် သူကပဲအသိမ်းအဆည်းမတော်တာလား သူအချစ်မျိုးစေ့လေးတွေပဲ လူတွေသိသာအောင်ထိုးထွက်လာသလားသူမသိလိုက် သိလိုက်တဲ့အချိန်မှာလဲ ပုန်းခိုစရာရင်ခွင်နှစ်စုံဟာမထင်မှတ်ပဲ ပြိုကျပျက်စီးသွားခဲ့လေသည်။
တိတ်ဆိတ်လှတဲ့အိုင်ယာလန်ပြည်နယ်လေးမှာဆူညံသံတို့ဟာမထင်မှတ်ပဲ သူ့အနီအနားတွင်ကြားနေရ၏ စိတ်ဝင်စားခြင်းအလျှင်မရှိသူမို့ နံစော်နေတဲ့အိပ်ရာထက် စောင်ကိုသာ ခေါင်းမှီခြုံ၍ တလောကလုံးအားဥပက္ခောပြုထားသည်။
"တောင်းပန်ပါတယ်....အန်ကယ် Bossမှာထားတဲ့အထဲမှာ အန်ကယ်ဖြစ်နေရင်တောင် ပေးမဝင်ဖို့မှာထားလို့ပါ "
"အိုကေ..."
ဖုန်းကိုထုတ် ကာ ခလုတ်တစ်ခုအားလိုက်ပြီးဘယ်လိုလဲဆိုတဲ့ အပြုံးတချို့ကို လူကြီးတန်မဲ့ဖန်ဆင်းပြလိုက်တော့...အစောင့်အရှောက်ဆိုတဲ့ကောင်တွေလဲ နောက်ဆုတ်သွားကျလေသည်။

YOU ARE READING
Cayden (?????)[ Complete]
Fanfiction??????????? ??????????????????????????? ???????????????????????? ??? ????????????????????