抖阴社区

???????-?

559 34 13
                                        

“‹‹3year later..››”

ဆွစ်ဇာလန်ရှိ အင်စတာဒမ်းဆိုတဲ့မြို့လေးတွင် ခရီသွားတို့နဲ့အမြဲစည်းကားလျက်ရှိပြီ..တူးမြှောင်တစ်လျှောက်အလှစီးလှေတို့အားစီး၍ အပန်းဖြေသူတို့လဲများစွာရှိသည် ထိုတူးမြှောင်တလျှောက် ပန်းနုရောင်ကောင်ငယ်လေးတစ်ယောက်ဟာ စက်ဘီးရှေ့ခြင်းလေးထဲတွင် ကြိမ်ခြင်းသေးသေးလေးတွေပါရှိပြီ ထိုကြိမ်ခြင်းထဲတွင်တော့ ဒေသထွက်စတော်ဘယ်ရီချိုချိုလေးတွေအားထည့်၍ သူနဲ့ရင်းနှီးသည့် ဒေသခံအဘိုးအိုးအဘွားအိုတို့အား ပို့ဆောင်ရန်အသော့ကလေးနှင်၍ စက်ဘီးအား ဂရုစိုက်ရင် အပြုံးနုနုတို့အားလဲချိတ်ဆွဲလို့ပျော်ရွှင်စွာနဲ့  တစ်အိမ်ပြီးတစ်အိမ်ဝေငှလို့နေသည်။

"ဂျိမ်းရေ.... Cayden လာတယ် "

" ကလေးမနက်ဆို...အန္တရယ်များလို့တစ်ယောက်ထဲမလာပါနဲ့ဆိုကွယ်

ပြင်သစ်အဖိုးကြီးဟာ ကောင်ငယ်လေးအားစိုးရိမ်စွာဆိုလိုက် ကာ သူကင်နေတဲ့အမဲသားအားလဲ အဆင်ပြေ မပြေတို့အား ဂရုတစိုက်လုပ်ဆောင်၍နေသည်။

" ဂျိမ်း... Irish stew လုပ်မလို့လား "

အဘိုးအိုဟာ ခေါင်းသာညိမ့်ပြ၍ ခရမ်းချဉ်သီးနဲ့ကြက်ဥကိုကြော်ရန်ပြင်ဆင်နေ၏ ထိုနောက် mashed potato ပုဂံအား စားပွဲပေါ်မှ သူဟင်းချက်သည့်နေရာအားရွေ့လိုက်တယ်။

"အာ့…....မစားပါဘူးနော် အကုန်ကျက်မှစားမှာပါ ဂျိမ်းရဲ့ "

"အမြဲတန်း...lrish stewလုပ်ရင် အားလူးမပါတာကြီးကို မင်းရဲ့ဟွန်းနီးလဲမစားချင်တော့လောက်ဖူးနော် Cayden "

"သူမပါဘူးလေ...ခုလောက်ဆို စိုက်ခင်းထဲမှာနစ်နေရော့မယ် ပျင်းလို့ထွက်လာတာ သူလဲမရှိတော့ ပျင်းလိုက်တာဂျိမ်းရာ "

"ချစ်ချစ်ကလေးကိုလွမ်းနေတာပေါ့...အချစ်ငှက်တွေများ မိုးလင်းလို့မမြင်ရတာနဲ့အမြင်ကပ်စရာပါလားကွ "

"မလွမ်းပါဘူးနော်...သူရှိရင်တချိန်လုံး ထိမိမယ်ခိုက်မိမယ်နဲ့ ဘာမှမလုပ်ရဘူးပိုပျင်းပါတယ် ဂျိမ်းရာ "

!!တီတောင်းးးးး!!

"ကဲ...သွားဖွင့်လိုက်အုန်း နောက်မှဆက်ပြောပေါ့" တမင်းလုပ်ပြုံးတို့နဲ့ဂျိမ်းပုံစံဟာ ဟွန်းနီးရှေ့ဆိုသူမပြောရဲပါဘူးပေါ့

Cayden (?????)[ Complete]Where stories live. Discover now