抖阴社区

                                        

" နင်ပြောမှာဘဲ ငါက အရှက်မရှိတဲ့လူ ဖြစ်နေပြီ နင်မကူညီဘူးဆိုရင်လည်း ငါ တခြားတယောက်ကို လွှတ်လိုက်မယ် "

" အဲ့လို လုပ်လို့ရမလား "

ရဲရင့်က ကျစ်စုတ်သတ်ပြီး ခြေလှမ်းကျဲကျဲတွေနဲ့ ခြံပြင်ဘက်ကို လျှောက်သွားသည် ။ သူမရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ တွန့်ကွေးသွား၏ ။ ငါးမရလည်း ရေချိုးပြန်ရုံပေါ့ ဘာခက်တာ မှတ်လို့ ။

နွေရိပ်ခြံပြင်ထွက်လာတော့ အိမ်က ထွက်လာကတည်းက မထုတ်မိသေးသည့် ဘောင်းဘီအိတ်ကတ်ထဲမှ ဖုန်းလေးက သံဇဥ်တစ်ပုဒ်ကို ရေရွတ်နေပေမဲ့ တရိပ်ရိပ် မူးဝေလာတဲ့ ခေါင်းကြောင့် ဖုန်းကိုင်ဖို့ နေနေသာသာ ခြေလှမ်း ဆက်လှမ်းဖို့တောင် အနိုင်နိုင် ။ ကားထဲရောက်မှ အနားယူမယ်လို့ တွေးတောကာ ဆက်လှမ်းမိတဲ့ ခြေလှမ်းတွေဟာ အထိန်းကွပ်မဲ့စွာ ယိုင်နဲ့တော့မိဆဲဆဲ

" ခင်ဗျား ဘာဖြစ်တာလဲ "

သူထောက်တိုင်ပြုမိလိုက်တာက တစုံတယောက်ရဲ့ ရင်ဘက်မာမာပေါ်သို့ ၊ မြင်လွှာထဲ ဝိုးတဝါးရောက်လာတဲ့ အမျိုးသားက ကြက်သွေးရောင် Suit နဲ့

" ပူ ... ပူတယ် ၊ ငါ "

" ခင်ဗျား ဘာဖြစ်နေတာလဲရော သိလား "

" ဟင့်အင်း .. ငါ .. ငါဖြစ်နေတာလဲ မသိဘူး ရင်ဘက်ထဲမှာ ပူတယ် ပြီးတော့ ခေါင်း ခေါင်းမူးတယ် နောက်ပြီး "

" ခင်ဗျား ဆေးမိထားတာ နွေရိပ်ရောင်ခြည် "

မနည်းအားယူကာ ဖွင့်ထားရတဲ့ မျက်လုံးလေးက ပြူးကျယ်ဝိုင်းဆက်သွားရ၏ ။ သူပြောတဲ့ ဆေးမိတယ်ဆိုတာ ... ၊ နွေရိပ်လည်း ခေတ်လူငယ်တယောက်မို့ အဲ့သလောက် မတုံးအမိ ၊ စဥ်းစားလို့ မရတာက သူ့ကို ဘယ်သူကများ အဲ့သလို လုပ်ရတာလဲ ။ ​အော်ဟစ်မေးလိုက်ချင်ပေမဲ့ ခုချိန်မှာ စကားတလုံးပြောဖို့တောင် အနိုင်နိုင် ၊ ထင်းမီး ထိုးနေသလို ပိုပို ပူပြင်းလာတဲ့ အပူလှိုင်းကြောင့် သူ့မျက်လုံးတွေ မမှေးမှိတ်မိအောင် မနည်း အားတင်းထားရ၏ ။

" ငါ .. ငါအိမ်ပြန် "

" ခင်ဗျား အကိုကို ခေါ်ပေးရမလား "

?? ?????????? ??? ????? Where stories live. Discover now