Chapter 32
Nay Chi LynnAugust 29, 2024
အပိုင်း (၃၂)ဖေးမိသားစု ရောက်လာသည်ကို လျိုရှန်းလန် မြင်သည်နှင့် ပါးစပ် နားရွက် တက်ချိတ်လုမတက် ပြုံးပျော်ရွှင်သွားကာ အိမ်ရှေ့မှ ကျန်းဖန့်ယွမ်မြင်းလှည်း ဖြတ်သွားသည်ကို တွေ့သည်တိုင် နှုတ်ဆက်ခြင်းပင် မပြုတော့ပဲ ဖေးမိသားစုကိုသာ ပျာပျာသလဲလဲ ခြံထဲ၀င်စေသည်။ ရွှီရှောင်ချွင်းမူကား ရှက်သွေးဖြာ စိတ်လှုက်ရှားလျက် ပြတင်းပေါက်မှနေ ဖေးလျန် အား အကြိမ် တချို့ ခိုးကြည့်ပြီး ပြန်ပြေးပုန်းသည်။
"ဖေးသခင်လေး လာ ဒီမှာထိုင်။ ဖေးအစ်မကြီးလည်း လက်ဖက်ရည်လေး သောက်ပါဦး။ ဒီလက်ဖက်ရည်က လက်ဖက်ရွက်စိုက်ခင်းထဲက အသစ်ဝယ်ထားတာလေးလေ"
ဖေးမိသားစုသည် လက်တလော၌ လွန်စွာ ချီးကျူးခံနေရသဖြင့် လျိုရှန်းလန်၏ တက်ကြွမှုကို သာမာန်မျှသာ တုံ့ပြန်လေသည်။ အမှန်အတိုင်းဆိုရသော် ဖေးနျန်ဇစ် တစ်ယောက် သားဖြစ်သူ စာမေးပွဲအောင်ပြီး လိုအင်ဆန္ဒများ မြင့်တက်လာကာ တခြားမိသားစု ကလေးများကို အလွန်နှိမ်ချ ဆက်ဆံလာသည်။ သို့တိုင် ရွာထဲတွင် မည်သူကမှ ရွှီရှောင်ချွင်း နှင့် မယှဥ်နိုင်ကြောင်း သူ(မ) သိသည်။
မြို့မှလာသည့် အောင်သွယ်တစ်ယောက်နှင့် ဖေးနျန်ဇစ် ချိတ်မိပြီးနောက် မိန်းကလေးတစ်ယောက်ကို မျက်စိကျသွားခဲ့သည်။ အဆိုပါမိန်းကလေးမှာ ကောင်းမွန်သော မိသားစုမှ ဆင်းသက်လာသည့်အပြင် ကိုယ်ပိုင် ဆိုင်တစ်ခုလည်း ဖွင့်ထားသေးသည်။ ကျိန်းသေပေါက် ရွာမှ လယ်သမားများထက် ပိုချမ်းသာက ခန်းဝင်ပစ္စည်းလည်း ပိုများများ ယူဆောင်လာနိုင်လိမ့်ပေမည်*(1)။
သို့သော် ကံမကောင်းစွာဖြင့် အနှီမိန်းကလေးသည် ငယ်စဥ်ကတည်းက အလိုလိုက်ခံထားရ၍ ဖေးမိသားစုရှိရာ ရွာဇနပုဒ်ထံ လိုက်၍ အိမ်မှုကိစ္စများ မဆောင်ရွက်လိုကြောင်း၊ သူ(မ)နှင့် ဖေးလျန် လက်ထပ်ပြီးပါက ဖေးလျန်ကသာ သားမက်အနေဖြင့် မြို့သို့ တက်လာသင့်ကြောင်း၊ သူ(မ) ရွာသို့ လုံးဝ သွားမည် မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။
ဤသို့ဖြင့် အချိန်ယူ စဥ်းစားပြီးချိန်၌ ရွှီရှောင်ချွင်းကသာ သင့်တော်သည်ဟု ရွေးချယ်နိုင်ခဲ့သည်။

YOU ARE READING
?????????????????????????????????????????????????????????????????????
Historical Fiction???????????????????????