抖阴社区

Chapter 43 (2)

1.5K 158 1
                                    


Chapter 43 pt 2
Nay Chi LynnSeptember 03, 2024

ဖေးမူကသာ အဲ့လိုကိစ္စတွေကို ဖော်ထုတ်လိုက်မယ်ဆို မိသားစုတွေကြားထဲအေးအေးချမ်းချမ်း ဖြစ်တော့မှာ မဟုတ်လောက်ဘူး။

ရွာသားများမှာ မကျေနပ်နိုင်ကြသေးပေ။ အတိတ်တုန်းက မိသားစုနှစ်ခုလက်ထပ်ကြလျှင် သူတို့က တခြားသူများအား အားကျစေရလေသည်။ အခုတော့ မိသားစုနှစ်ခုမှာ တစ်ယောက်နှင့်တစ်ယောက်အမြန်ပင် ဆဲဆိုနေကြသည်ကို မြင်သော် အားလုံးမှာ စိတ်ချမ်းသာနေကြလေသည်။ သူတို့မှာ ထိုမိသားစုနှစ်ခု၏ဆိုးဝါးသော ကိစ္စများကို ကြားချင်နေကြလေသည်။

သို့သော် ကျန်းဖန့်ယွမ်က လာရောက်ဖြတ်ပြောလိုက်ပြီးနောက်တွင် အားလုံးမှာ စိတ်အေးလက်အေး နားမထောင်နိုင်ကြတော့ဘဲ အရှေ့ကို တိုးလာပြီး ချော့မော့ကာ ရန်ပွဲကို တားကြလေသည်။

ရွှီရှောင်ချွင်းမျက်လုံးများမှာ အခန်းထဲတွင်ငိုယိုထားသဖြင့် ယောင်နေလေသည်။ အခုတော့ သူ(မ) မျက်နှာပျက်ရသော်လည်း သူ(မ)ကို ချုပ်ကိုင်ထားသလို ဖြစ်နေတဲ့ အပေါ်ယံမျက်နှာကို ခွာချနိုင်သွားသလို သူ(မ) ရှင်းမပြနိုင်စွာ စိတ်သက်သာရာရနေလေသည်။ လူတွေပြောနေတဲ့ စကားတွေ၊ ထိုလူတွေ မြင်ချင်နေတာတွေကို ဂရုမထားတော့ဘဲ ခြံထဲတွင် မျက်နှာကို သစ်လိုက်ပြီး ရေများကို လောင်းချလိုက်လေသည်။ ရွာသားများမှာလည်း စိတ်ပျက်ကာပြန်သွားရလေသည်။

ရွှီဟယ်နှင့် ကျန်းဖန့်ယွမ်မှာ တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကာ ဒီလိုတွေ ဖြစ်လာမှာကို သိနေသဖြင့် ဘာလို့ စိတ်အနှောင့်အယှက် အဖြစ်ခံနေရမှာလဲ။ သူ ထိုသူတွေကို ဖျောင်းဖျပေးဖို့ ရှေ့လည်းမတိုးခဲ့ပေ။ သူထိုသို့ လုပ်မိလျှင်လည်း သူတို့ရဲ့ ဆူညံ့ကြိမ်းမောင်းပြီး ရိုက်နှက်တာကိုပဲ ခံရနိုင်လောက်သည်။ ထို့ကြောင့် သူ ရိုးရိုးရှင်းရှင်းပင် ပြဿနာတွေထဲ ဝင်မပါတော့ဘဲ ကျန်းဖန့်ယွမ်နှင့်အတူ ဟွမ်အိမ်ကို ပြန်သွားပြီး ပိုက်ဆံအတွက် ဝက်သားများကိုသာ ရောင်းခဲ့တော့သည်။

နှစ်ရက်ကြာသော် ရွှီဟယ်မှ အောက်ပါသတင်းများကို ကြားရလေသည်။

?????????????????????????????????????????????????????????????????????Where stories live. Discover now