Chapter 53
Nay Chi LynnSeptember 08, 2024
အပိုင်း_(၅၃)ရွှီဟယ် ဝါးခုတ်ရန်အတွက် တောင်ပေါ်သို့တက်သွားခဲ့ပြီး လက်ဖက်ရည်ဆိုင်တစ်ဖက်ရှိ ပြတင်းပေါက်မှ အလင်းကို ပိတ်ဆို့ရန် ဝါးကန့်လန်ကာများကို ယက်ထားလိုက်သည်။ လေးယောက်မြောက်ဦးလေးအိမ်သွားပြီး ကျန်းရှစ်ယွဲ့ကို မခေါ်ခင်မှာပဲ သူ(မ)ကိုယ်တိုင်က ကလေးကိုပါ ကူညီဖို့ရန် ခေါ်လာခဲ့သည်။ လယ်ကွင်းထဲရှိ ကောက်ပဲသီးနှံများမှာ ယခုလတွင် မရိတ်သိမ်းရသေးဘဲ၊ လယ်စိုက်ပါးချိန်ဖြစ်၍ လေးယောက်မြောက်ဦးလေးအိမ်မှာ များများစားစား လုပ်ရန်ဟူ၍ ရှိမနေပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူတို့အိမ်တွင်တော့ လက်ဖက်ရည်ဆိုင်တဲဆောက်ဖို့ရန် လိုအပ်နေသေးပြီး ရာသီပေါ် သစ်သီး၀လံနဲ့ ဟင်းသီးဟင်းရွက်တို့ စိုက်ရန် လယ်ကွင်းထဲသို့ သွားရန်ရှိသေးသည်။ ထိုမှသာ လက်ဖက်ရည်ဆိုင် ဖွင့်ပြီဆိုတာနဲ့ ဟင်းသီးဟင်းရွက်၀ယ်ရန် သူတို့ တခြားဆီသွားစရာမလိုတော့ဘဲ၊ သူတို့ကိုယ်ပိုင်လယ်ကွင်းထဲမှ အသင့်ကောက်ယူသုံးနိုင်မည်ဖြစ်သည်။ ပုံမှန်အားဖြင့် ရွာနားအနီးတဝိုက်တွင် ဟင်းသီးဟင်းရွက်များ လွယ်လွယ်ကူကူ၀ယ်နိုင်ပြီး မြို့ထဲနဲ့စာရင် ဈေးသက်သာသည်ဖြစ်သော်လည်း ရွှီဟယ်က ချွေတာနိုင်သလောက် ချွေတာထားချင်သရွေ့ ဖြစ်သည်။
ကျန်းရှစ်ယွဲ့က ဒီကိုလာရာတွင် ဧည့်သည်တစ်ယောက်အဖြစ် လာတာမျိုးမဟုတ်ပေ။
သူမက မီးခိုးရောင် အထည်ကြမ်းသားရှေ့ဖုံးခါးစည်းကို ခါး၌ ပတ်ချည်ထားပြီး ကွမ်းရှောင်းအာကိုပါ အလုပ်လုပ်ကူရန် ခေါ်လာခဲ့သည်။ သူ့လက်တွေ ခြေထောက်တွေက အလုပ်လုပ်ရာတွင် မြန်ဆန်လှသည်။ သိသာစွာပင် သူမက အခြားခရိုင်မှာ နေစဉ်အခါက အိမ်မှာ သူ(မ)တစ်ယောက်ပဲ အလုပ်လုပ်ခဲ့ရတာ သိသာသည်။ ထိုမျှသာမက ရှက်တတ်သူ ကွမ်းရှောင်းအာလေးကအစ အားလုံးကို သိနားလည်သည်။ ဖျာယက်မည်ဟု ကြားသည်နှင့် သူလေးသည် ချက်ချင်းပဲ ဓားထုတ်လိုက်ပြီး သူ့ကို ကူကာ ဝါးလုံးချောင်းများကို လုပ်ရန်ကူပေးနေသည်မှာ အလွန်ကျွမ်းကျင်လှသည်။

YOU ARE READING
?????????????????????????????????????????????????????????????????????
Historical Fiction???????????????????????