Arc 1: နောက်ဆုံးညစာ
အခန်း ၁ - အသေသတ်သော မေးခွန်း
နှင်းကျနေသည်မှာ လေးနာရီခန့် ကြာပြီဖြစ်သည်။ ရပ်တန့်မည့်အရိပ်အယောင် စိုးစဉ်းမျှမရှိပေ။
ဤနေရာသည် လူသူကင်းမဲ့သော တောင်ပေါ်ရှိ သစ်သားအိမ်ငယ်လေးတစ်လုံးဖြစ်သည်။ နံရံထက်တွင် အမဲလိုက်ပစ္စည်းမျိုးစုံကို ချိတ်ဆွဲထားကာ အခန်းအလယ်တွင် ခြများကိုက်ဖြတ်ထားခြင်း ခံထားရသည့် သစ်သားစားပွဲရှည်တစ်လုံးက နေရာယူထားသည်။ စားပွဲပတ်ပတ်လည်တွင် လူတစ်စုထိုင်လျက် ရှိနေကြပြီး ယောက်ျား၊ မိန်းမ၊ လူငယ်၊ လူကြီး အားလုံးရှိနေကြသည်။ အယုတ်စွဆုံး နိုင်ငံခြားသားတစ်ဦးပင် ပါသေးသည်။
အခန်းကား အလွန်အေးလှ၏။ အခန်းအတွင်းရှိ လူအားလုံး၏ မျက်နှာများမှာ လေးနက်လျက်ရှိပြီး ခိုက်ခိုက်တုန်နေကြသော်လည်း မည်သူကမျှ မီးစမွှေးရန် လှုပ်ရှားခြင်းမရှိပေ။ စားပွဲပေါ်က အိုဟောင်းနေသော ရေဒီယိုတစ်လုံးမှ အသံထွက်ပေါ်လျက်ရှိသည်။
(ယခု ပေကျင်းစံတော်ချိန် ၁၇:၃၀ ရှိပြီဖြစ်ပါတယ်)
(စာမေးပွဲစတင်ရန် မိနစ် ၃၀ ခန့် အလို ဖြစ်ပါတယ်၊ စာမေးပွဲဖြေဆိုမည့်သူများ စာမေးပွဲခန်းမသို့ အမြန် သွားရောက်ကြပါ)
ရေဒီယိုအသံသည် အက်ကွဲနေပြီး ၁၉၅၀ ခုနှစ်ပိုင်းခန့်က ရေဒီယိုအသံလွှင့်ချက်များ၏ နောက်ခံတွင် ကြားရလေ့ရှိသည့် တဂျစ်ဂျစ်မြည်သံကိုလည်း ကြားနေရသည်။ မမောနိုင်မပန်းနိုင် တစီစီ အသံမြည်နေ၏။
ယခုအကြိမ်မှာ ဒုတိယအသံလွှင့်ချက်ဖြစ်သည်။ ပထမအကြိမ်မှာ လွန်ခဲ့တဲ့သုံးနာရီခန့်က ဖြစ်၏။ ထုတ်လွှင့်ချက်မှာ (စာမေးပွဲခန်းမ ၀၀၃၇၁၂ က ကြိုဆိုပါတယ်) ဟူ၍ဖြစ်သည်။ ယင်းအသံကြောင့် ချက်ချင်းဆိုသလို အမယ်အိုတစ်ယောက်သည် မူးမေ့လဲသွားရာမှ အခုအချိန်ထိပင် သတိပြန်လည်လာခြင်းပင်မရှိပေ။
ယင်းရေဒီယို အသံလွှင့်ချက်မှ ညွှန်ကြားချက်များကို နားမထောင်ဘဲ ရေဒီယိုကို ဖျက်ဆီးရန် ကြိုးစားသော အခြားတစ်ယောက်လည်း ရှိခဲ့သော်ငြား ထိုသူသည် ဘက်ထရီများကို ထုတ်ပြီးသည့်နောက် အခန်းအပြင်သို့ သွေးရူးသွေးတန်းဖြင့် ထွက်ပြေးသွားခဲ့၏။ ငါးမိနစ် ကြာမြင့်ပြီးနောက် သူ၏အလောင်း ခေါင်မိုးပေါ်မှ နှင်းထုနှင့်အတူ ပြုတ်ကျသွားတာကို သိလိုက်ရလေသည်။

YOU ARE READING
???????????????????? (????????????????????????)
Action???????????????????? ??????? ??????????????????? ???????????????????????????????? ???? ???????? x ??????????????????