抖阴社区

Arc 6 : ??????????? ?????????????? ????? ????? ???

57 12 0
                                        

အခန်း ၁၅၈: ပြီးပြည့်စုံသော ပူးပေါင်းဆောင်ရွက်မှု


"ဘာတွေဖြစ်နေတာလဲ၊ ငါ့လက်ထဲက ဒီသောက်သုံးမကျတဲ့သေနတ်က အစစ်မဟုတ်ဘဲ သောက်ကျိုးနည်းရေသေနတ်များလား၊ ဘာလို့ ဒါကအလုပ်မဖြစ်ရတာလဲကွ" ကောင်းချီက အော်လိုက်သည်။

"ခဏနေဦး၊ ငါ နောက်ထပ်မက်ဆေ့တစ်စောင် ပို့လိုက်ဦးမယ်" 922 သည် ခဏလောက်နား၍ ကားထဲသို့ ပြေးဝင်လိုက်သည်။

ကောင်းချီသည် သွေးအန်လုနီးပါးဖြစ်သွားသည်။ 

"ပို့ ပို့ ပို့၊ မြန်မြန်!"

အနားရှိ စာမေးပွဲခန်းစောင့်များသည်လည်း စိတ်ရှုပ်သွားကြသည်။ သူတို့က ပစ်နေရင်း ဖြည်းဖြည်းချင်း နောက်ဆုတ်သွားကြသည်။ သူတို့အတွေးတွေထဲတွင် သံသယဝင်လာသည်နှင့်တစ်ပြိုင်နက်၊ ပစ်ခတ်မှုများတွင် တုံ့ဆိုင်းမှုအရိပ်ယောင်များဖြင့် ရောသွန်းသွားလေသည်။

မိနစ်အနည်းငယ်အတွင်း နှစ်ဘက်အဖွဲ့၏ အရှိန်သည် ပြောင်းပြန်ဖြစ်သွားသည်။ ယခုအခါ သူတို့ဘက်ခြမ်းမှ လူတော်တော်များများသည် ထိခိုက်ဒဏ်ရာရနေပြီဖြစ်သည်။

ခဲရောင်သန်းနေသောအဝါရောင်မီးခိုးတို့သည် တောင်ထိပ်ပေါ်မှ ဒီရေအလား လိမ့်ဆင်းကျလာကာ တောအုပ်၏ ဧရိယာတော်တော်များများကို ဖုံးလွှမ်းသွားလေ၏။

021 ၏ ပခုံးတွင် သေနတ်မှန်ရာမှ ကျန်ခဲ့သည့် ကြီးမားသောပြတ်ရှရာကြီးရှိနေသည်။ သူက သွက်လက်စွာ သွေးကိုသန့်ရှင်းလိုက်ကာ ပတ်တီးစည်းလိုက်ပြီးနောက် ကျွမ်းကျင်စွာ သေနတ်ကို ကျည်ဖြည့်လိုက်၏။ ထို့နောက် ကားထဲမှ ပြန်ထွက်လာသည်။

"လုံးဝ အသုံးမဝင်တာတော့မဟုတ်ပါဘူး" သူက အဝေးကြည့်ချိန်ခွက်နေကြည့်လိုက်ပြီး ကောင်းချီကို ပြောလိုက်သည်။ 

"အနည်းဆုံးတော့ အခု သွေးနည်းနည်းထွက်လာပြီပဲ"

"အင်း နာရီဝက်လောက်ဗုံးကြဲပြီး နောက်ဆုံးတော့ ခြစ်ရာနည်းနည်းထင်သွားပြီပေါ့၊ အရမ်းးးးဝမ်းသာတာပဲ" ကောင်းချီက သရော်တော်တော်ဖြင့် အကြိမ်အနည်းငယ် နှာမှုတ်လိုက်ပြီးနောက် မပျော်မရွှင်မျက်နှာထားနှင့် သူ၏ ဒုံးလောင်ချာကို ပြန်၍ ကောက်ယူလိုက်၏။

???????????????????? (????????????????????????)Where stories live. Discover now