အခန်း ၂၁: ရွာသား
ဘာသာပြန်စနစ်တောင် မဖမ်းနိုင်၊ မသိနိုင်သော နိုင်ငံခြားဘာသာစကား...
စနစ်က အတော်လေး လွန်သွားလေပြီ။
".......အင်တာနက်နဲ့ဆိုရင်ရော ဘယ်လိုလဲ" ယွီဝမ်က သူ့ဖုန်းကို ခေါက်ကြည့်ပြီး စိတ်လောနေလေသည်။
"ကျွန်တော် ဒေါင်းလုတ်လုပ်ထားတဲ့ ဖိုင်က မလုံလောက်လို့လား၊ အင်တာနက်နဲ့ ချိတ်ရင်ရော အကူအညီဖြစ်မလား၊ စာမေးပွဲခန်းစောင့်ကရော ကူညီပေးလို့ရနိုင်လား"
အားလုံးက ထိုစကားကို ကြားလိုက်ပြီး ချင်ကျိုးကို လှမ်းကြည့်လာသည်။
အနှီစာမေးပွဲခန်းစောင့်မှာ အမွှေးနံသာအိုးတစ်ခုကို ပျင်းရိစွာ စိုက်ကြည့်လျက် ဧည့်ခန်းအတွင်းရှိ စင်တစ်စင်ရှေ့တွင် ရပ်နေခြင်းဖြစ်သည်။ သူက နောက်စေ့တွင် မျက်လုံးတစ်စုံရှိသည့်နှယ်ပင် လှည့်ပင်ကြည့်မလာဘဲ ဆိုသည်
"ဆုလာဘ်ကတ်က မင်းတို့ဆွဲထားတာမဟုတ်ဘူးလေ၊ ဘာကိစ္စ ငါ့ကိုလှမ်းကြည့်နေတာလဲ"
အခန်းတွင်းမှ အမွှေးရနံ့မှာ အလွန်ပြင်းလှသည်။
သူက အဖုံးကို ကော်ဖွင့်လိုက်ပြီး တူးနေသောအရာတစ်ခုကို ကောက်၍ ဘေးသို့ ပစ်လိုက်သည်။ ထိုသို့လုပ်နေစဉ်တစ်လျှောက်လုံး သူ၏သွယ်လျသော လက်ချောင်းများမှာ အပူအိုးကို ဟိုရွှေ့သည်ရွှေ့လုပ်နေပြီး လက်အပူလောင်မည်ကို စိုးရိမ်ပုံမရပါချေ။
လူအုပ်ကြီးက သူ့စကားကိုကြားသောအခါ ယိုဟော့ထံသို့ အကြည့်ရွှေ့သွားကြသည်။
သို့သော် ယိုဟော့မပြောခင်မှာပဲ မူလက ထိုသို့အကြံပေးသူ ယွီဝမ်မှာ စိတ်ပြန်တည်ငြိမ်သွားသည်
"ထားလိုက်ပါတော့၊ အဘိဓာန်က အားလုံးဒေါင်းလုတ် လုပ်ပြီးသားပဲနေမှာ၊ ကျွန်တော်က သတိမထားမိဘဲ အကြံပေးလိုက်တာပါ... တကယ်လို့ ဘာသာပြန်စနစ်တော်တော်များများမှာသာ ဂျစ်ပစီဘာသာစကား မရှိဘူးဆိုရင် ကျွန်တော်တို့အင်တာနက်နဲ့ ချိတ်ရင်တောင်မှ ရှာတွေ့မှာမဟုတ်ဘူး၊ တကယ်လို့ နောက်ဆုံးမှ ဘာမှရှာမတွေ့ခဲ့ဘူးဆိုရင် အဲဒီကတ်က ဘာမှမဟုတ်တာလေးအတွက်နဲ့ အလကားဖြစ်သွားလိမ့်မယ်"

YOU ARE READING
???????????????????? (????????????????????????)
Action???????????????????? ??????? ??????????????????? ???????????????????????????????? ???? ???????? x ??????????????????