抖阴社区

Arc 1: ???????????? ????? ?

112 18 0
                                        

အခန်း ၃: တိုက်ပိတ်ပြစ်ဒဏ်


သူတို့ရပ်နေသောနေရာကို ကြည့်ခြင်းအားဖြင့် အရှေ့ကလူက စာမေးပွဲခန်းစောင့် 001 ဖြစ်နိုင်သည်။

သူက နှင်းဒဏ်ကနေရှောင်ရန် ရောက်လာသည့် လူတစ်ယောက်လိုပင် ပြုမူနေ၏။ သစ်သားအိမ်လေးကို လှည့်ပတ်ကြည့်ရင်း သားရေလက်အိတ်တွေကို ချွတ်လိုက်ပြီး သူက ပြုံးပြုံးလေး ပြောလိုက်သည်။ 

"မဆိုးပါဘူး မီးတော့မွှေးထားသားပဲ၊ အပြင်မှာ နှင်းတွေ အရမ်းကျနေတော့ ဒီကိုလာတဲ့လမ်းက တော်တော်လေးကိုအေးတယ်"

ဘယ်သူကမှ ပြန်မပြုံးပြကြချေ။

အခန်းထဲက လူတော်တော်များများက နောက်တွန့်သွားကြသည်။

သူကတော့ အဲဒါကို မမြင်လိုက်သလိုပင် မီးဖိုဆီကို လျှောက်သွားပြီး အေးအေးဆေးဆေး သူ့လက်တွေကို အနွေးပေးနေလေသည်။ သူ့နှုတ်ခမ်းထက်တွင် စောစောကအပြုံးရိပ်က တွဲခိုနေပြီး ကျီစယ်လိုသည့်ဟန်ကို မြင်ရ၏။

သူ့ပခုံးနှင့် ကော်လာပေါ်က နှင်းတို့က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး စိုထိုင်းထိုင်းရေကွက်တို့ ကျန်နေခဲ့သည်။ ထို့နောက် တဖြည်းဖြည်း လုံးဝ ခြောက်သွေ့သွားသည်။

လူတိုင်းက သူ့ကို စိုက်ကြည့်နေကြသော်လည်း ဘယ်သူမှ စကားမပြောရဲကြပေ။

အပြင်ကိုလွှင့်ပစ်လိုက်သည့်သံဘူးက မုန့်မုန့်ညက်ညက်ကျေသွားသော်လည်း သူတို့ကတော့ ကိုယ်ပေါ်တွင် အခြစ်ရာ တစ်ခုတလေတောင်မရှိဘဲ နှင်းထဲက ဖြတ်လျှောက်လာကြသည်။

ယွီဝမ်က တုန်ယင်နေပြီး ယိုဟော့၏အနောက်တွင် ပုန်းနေသည်။ ထို့ကြောင့် သူနှင့်အတူ ယိုဟော့ပါ လှုပ်နေတော့သည်။

သူက သနားစရာကောင်းစွာ မေးလိုက်သည်။ 

"သူတို့က လူတွေရော ဟုတ်ရဲ့လား"

001 ဆိုသည့်လူက သူပြောတာကို ကြားသွားပုံပေါ်သည်။ ထို့နောက် ယိုဟော့ကို လှည့်ကြည့်လိုက်သည်။

သူ့မျက်ဝန်းများမှာ အလွန်တရာ နက်မှောင်လှ၏။ အလင်းကို နောက်ခံထားပြီး ရပ်နေသောအခါ မီးမှအလင်းရောင်က တစ်ခါတရံ သူ့မျက်လုံးထဲတွင် တဖျပ်ဖျပ်လင်းလက်လာတတ်သည်။ သူ့မျက်ဝန်းထဲမှ စနောက်လိုဟန်အရိပ်အယောင်က အခုထိ ကွယ်ပျောက်မသွားသေးပေ။

???????????????????? (????????????????????????)Where stories live. Discover now