抖阴社区

NINE

945 102 4
                                        

အကျင့်ဖြစ်နေတဲ့မျက်လုံးတွေက ၆ နာရီထိုးတာနဲ့ အော်တိုပွင့်ပြီးသားပင်...အိပ်ယာပေါ်ထထိုင်လိုက်ကာ အပျင်းကျောတစ်ချက်ဆန့်လိုက်သည်... ခေါင်းအုံးဘေးမှာချထားတဲ့ဖုန်းကိုကောက်ကိုင်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းလေးကြောင့် အသည်းယားစွာပြုံးလိုက်မိသည်...

ဖုန်းမျက်နှာပြင်မှာပေါ်နေတာက ကင်မရာကိုမျက်နှာမူလျက်သားအိပ်ပျော်နေဆဲ ဖြူဖြူလုံးလုံးလေး... ညကအိပ်ပျော်သွားတဲ့ပုံစံလေးအတိုင်း လုံးဝပြောင်းမသွားတာကြောင့်သူ့အပြုံးတွေရပ်တန့်မရ...
တစ်ညလုံးဒီလိုဘဲအိပ်ပျော်သွားတာလား တစ်စက်မှမလှုပ်ရှားဘဲလေ...

သူလည်းအိပ်ယာပေါ်ပြန်လှဲချလိုက်ကာ ဖုန်းကိုပဲပြန်စိုက်ကြည့်နေလိုက်သည်... နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေတဲ့ကောင်လေးက တော်တော်နဲ့နိုးလာအုံးမယ့်ပုံမပေါ်... ကော့ညွှတ်နေတဲ့မျက်တောင်ရှည်တွေနဲ့ဖြူဥနေတဲ့အသားအရည်‌ကိုပိုင်ဆိုင်ထားတဲ့ကောင်လေးက အိပ်ပျော်နေချိန်မှာတောင်ငြိမ်ငြိမ်သက်သက်အေးအေးချမ်းချမ်းလေးပင်...

အကြောင်းအရင်းမရှိဘဲအကြာကြီးကြည့်နေပြီးမှ ကျောပူလာတာကြောင့်ထဖို့ပြင်လိုက်သည်... end video call ကိုနှိပ်ဖို့ပြင်လိုက်ပေမယ့် စိတ်ပြောင်းသွားကာ ရေအရင်ချိုးဖို့ပြင်လိုက်သည်...

ဖုန်းကိုရေချိုးခန်းထဲထိယူသွားလိုက်ပြီး ဘေစင်ပေါ်ခဏတင်ကာ bathtubကို ရေဖြည့်သည်... ရေချိုးရင်အချိန်ယူတတ်တဲ့သူမို့ ရေစိမ်ချိုးမှရေဝသလိုခံစားရတာက ပြောင်းလဲမရတဲ့သူ့စိတ္တဇပင်...

အခန်းပြင်ကတဘတ်ကိုယူပြီးတန်းပေါ်ချိတ်လိုက်ကာ မျက်နှာသစ် သွားတိုက်အရင်လုပ်လိုက်သည်...ပြီးတာနဲ့အင်္ကျီကိုဆွဲချွတ်ပစ်လိုက်သည်... ဘောင်းဘီဆီလက်အလှမ်းမှာ ဘေစင်ပေါ်တင်ထားတဲ့ဖုန်းကိုလှမ်းကြည့်လိုက်မိသေးသည်... တုတ်တုတ်တောင်မလှုပ်တဲ့ကောင်လေးကိုမြင်မှ ခေါင်းယမ်းလိုက်ကာ အဝတ်တွေအကုန်ချွတ်ချပစ်လိုက်သည်...

ပြီးတာနဲ့ဖုန်းကိုယူကာ bathtub ထဲဝင်ထိုင်လိုက်သည်... ကြွေပြားနဲ့လုပ်ထားတဲ့ bathtub ဘောင်ကြီးပေါ်မှာဖုန်းကိုတင်ထားလိုက်တဲ့အထိ တစ်ဖက်ကမလှုပ်မယှက်...ဒီပုံအတိုင်းသာဆို ဒီကောင်လေးနိုးလာတာနဲ့ကိုယ်တွေလက်တွေနာနေတော့မှာပင်... နှိုးလိုက်ဖို့ပြင်လိုက်ပေမဲ့လည်း အိပ်နေတဲ့ပုံစံလေးကအေးအေးချမ်းချမ်းလေးမို့မနှိုးရက်တော့ဘဲ ငြိမ်ငြိမ်လေးဘဲကြည့်နေလိုက်တော့သည်....

Tears of DarkWhere stories live. Discover now