နာကျင်မှုတွေနဲ့အတူပြန်လည်နိုးထလာတော့ မှောင်မည်းနေတဲ့ပတ်ဝန်းကျင်အစား အလင်းရောင်ခပ်ဖျော့ဖျော့ကိုခံစားလိုက်ရသည် ~
ချိနဲ့နေတဲ့ကိုယ်ကိုအားယူက လှဲနေရာမှထထိုင်လိုက်ပြီး ရောက်နေတဲ့နေရာကိုဝေ့ဝဲကြည့်လိုက်မိသည် ~
စိုထိုင်းကာ အေးစက်နေသောနေရာသည် မြေအောက်ခန်းတစ်ခုဖြစ်ဟန်တူသည် ~ ကြည်လင်လာသောအမြင်အာရုံတို့တွင် ကုတင်တစ်ခုစာရှိသောကျောက်စားပွဲကြီးတစ်ခု ~ ထိုစားပွဲကြီးပေါ်တွင်အစီအရီတင်ထားသော အရိုးခေါင်းခွံများ~ ဖယောင်းတိုင်များနှင့် ကျောက်နံရံထက်တွင်ရေးဆွဲထားသော တြိဂံပုံစံအမှတ်အသားတစ်ခု ~ ခပ်လှမ်းလှမ်းတွင် လူတစ်ယောက်စာအနားယူအိပ်စက်ရာနေရာတစ်ခု~
ကြောက်ရွံ့ထိတ်လန့်စေသောခံစားချက်နှင့်အတူ အထီးကျန်ဝမ်းနည်းခြင်းကိုပါ ခံစားရစေသောဤထူးဆန်းသောနေရာကြီးတွင် ဘယ်လိုလူမျိုးကများနေထိုင်ပါသနည်း~
“~!”
အလင်းရောင်ဟူ၍ဖယောင်းတိုင်များမှလာသော မှိန်ဖျဖျလင်းရောင်သာရှိသည် ~ တိတ်ဆိတ်ငြိမ်သက်ကာခြောက်ခြားဖွယ်ကောင်းသောအခန်းကြီး၏ ဘေးပတ်ပတ်လည်ကိုလိုက်ကြည့်ရင်း တုန်လှုပ်လာတဲ့စိတ်ကိုမထိန်းချုပ်နိုင် ~ လူသားဟူ၍သူတစ်ယောက်သာရှိသော အခန်းထဲအတွင်းသူကဘယ်လိုရောက်လာရသနည်း ~
!!
တစ်စုံတစ်ယောက်ကိုအော်ဟစ်အကူအညီတောင်းဖို့ကြိုးစားချိန်တွင် သူ့တစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားရသည် ~
အသံထွက်မလာဘူး ~ ဟင့်အင်း ~! သူ့အသံထွက်လာအောင်မလုပ်နိုင်ဘူး ~!
ဘယ်လောက်ပဲကြိုးစားကြိုးစား အချည်းနှီးဘဲ ~! လည်ချောင်းကွဲမတတ်အော်ဟစ်နေပေမယ့် သူ့အသံကအပြင်ကိုတစ်စက်ကလေးတောင်ထွက်မလာဘူး!
သူဘယ်လိုလုပ်ရမှာလဲ ! သူတစ်သက်လုံးဒီအခန်းကြီးထဲမှာ ပိတ်မိသွားတော့မှာလား ! Phi Perth ကရော သူ့အသံကိုမကြားနိုင်တော့ဘူးလား ! အဲ့ဒီလူကြားအောင်သူအော်မခေါ်နိုင်တော့ဘူး!!
“!!”
ထိတ်လန့်တုန်လှုပ်လာတဲ့စိတ်ကြောင့် နေရာမှာငုတ်တုပ်ကလေးထိုင်ချကာ ဒူးနှစ်ဖက်ပေါ်ခေါင်းမှောက်ချလိုက်ပြီး တသိမ့်သိမ့်ငိုကြွေးနေမိသည် ~
