Lego:ဘာလဲ..လာချော့တာလားအစ်ကို့ကို။
William:သူဘယ်မှာလဲ။
Hong:အခန်းထဲမှာ။အခုပဲပတ်တီးစီးပေးခဲ့တယ်။
(williamက ဆက်မပြောတော့ပဲ အခန်းထဲ၀င်ရန်လုပ်သောကြောင့် hongကဆွဲလိုက်သည်။)
Hong:နေပါအုန်း..ဘာတွေကိုကြီးကိုစိတ်ဒုက္ခပေးဦးမလို့တုန်း။
William:တောင်းပန်မလို့။
Hong:တောင်းပန်ရုံနဲ့ သူခံစားခဲ့ရတာတွေက မေ့လိုက်လို့ရရိုးလား။
William:မင်းအစ်ကိုကို စိတ်ဒုက္ခပေးခဲ့မိတာမှန်ပါတယ်။အဲ့အတွက်လည်း မင်းအစ်ကိုကိုတောင်းပန်မှာပါ။
Hong:ကိုကြီးကလေ ခင်ဗျားကိုသိပ်ချစ်တာ။ခင်ဗျားဒီလိုအမြင်မှန်ရဖို့ သူကလေ ဒုက္ခတွေအမျိုးမျိုးခံ၊စိတ်အနှောင့်အယှက်တွေအဖြစ်ခံ၊သွေးထွက်သံယိုတွေလုပ်ရ။အကုန်လုံးကိုခင်ဗျားကိုချစ်တဲ့စိတ်တစ်ခုထဲနဲ့နဲ့လုပ်ခဲ့တာ။ခင်ဗျားကိုမကောင်းပြောရင်လည်း တစ်စက်ကလေးမှမကြိုက်ဘူး။ပြောတဲ့ကျွန်တော်တို့ကပဲ မသိရင် လူဆိုးကြီးတွေလိုပဲ။သိလား ခင်ဗျားအဲ့တာတွေ။
William:သွေးထွက်သံယိုဖြစ်အောင် တမင်လုပ်တာလား?
Hong:အခုမှတော့မထူးတော့ပါဘူး။ကျွန်တော်ပြောပြမယ်..
(Hongအရာရာကိုရှင်းပြပြီးသည့်နောက် williamအတွက်စွန့်အလျက်။ကိုကိုကသူ့အတွက်ဒီလောက်တောင်လုပ်ပေးတယ်လား။အချစ်ဆိုတဲ့ခေါင်းစဥ်တစ်ခုထဲအတွက်လေ။)
Hong:ကျွန်တော့်အစ်ကိုလို စိတ်ပင်ပန်းရတဲ့ဒဏ်ကိုမခံနိုင်သူက ခင်ဗျားကိုချစ်တဲ့စိတ်တစ်ခုကလေးထဲနဲ့ အရာရာကိုရင်ဆိုင်နေတာသိရဲ့လား။
William:မင်းရဲ့ခံစားချက်ကိုနားလည်တာမို့ မင်းကိုလည်းတောင်းပန်တယ်။ကိုကို့ကိုလည်း ကျေနပ်တဲ့အထိတောင်းပန်မှာပါ။
Hong:ဟူး...
(williamသိသည်။estတို့သည် အဒေါ်၊ဦးလေးတို့နဲ့ နေရသော်လည်း ဆက်ဆံရေးအနည်းငယ်အေးစက်သည်မို့ သူတို့ညီအစ်ကို၂ယောက်ဟာ ၁ယောက်ချင်းစီရဲ့ အဓိကလူပင်။williamက တစ်ဦးတည်းသောသားဖြစ်ပေမယ့် ထိုအရာကိုသူကိုယ်ချင်းစာနိုင်ပါသည်။)
YOU ARE READING
GHOST?
HorrorWilliamest???Nuthong fanfic?????????????????? ?????????????????????? ??????????????????????????????image??????? ????????????????????????? ???????????????????????????? ?????????????????
