ချူးယွီနင်သည် လမ်းအတော်လေးလျှောက်လာပြီးနောက် ကုန်တိုက်သို့ ရောက်လာခဲ့သည်.. ထိုနေရာတွင် ကွဲကြေနေသော မှန်ကွဲစများနှင့် နံရံပေါ်၌ထူးဆန်းသောအမည်းစက်များ အများအပြား ရှိနေခဲ့လေသည်..ကမ္ဘာပျက်ချိန်၌ ဤကုန်တိုက်တွင် ဖြစ်ပျက်ခဲ့သော မငြိမ်သက်မှုများကို ဤအမှတ်အသားများက ဖော်ပြနေသယောင်ပင်.. ကုန်တိုက်တွင် ဇွန်ဘီအချို့ရှိသော်လည်း အများအပြားမဟုတ် အနည်းငယ်ပင်ဖြစ်သည်
ကမ္ဘာပျက်ကပ်သည် ညဘက်တွင် စတင်ခဲ့၍ ထိုအချိန်တွင်ကုန်တိုက်လည်း ပိတ်နေခဲ့ပြီး ဝယ်သူများလည်းမရှိတော့ပေ..
ကုန်တိုက်အတွင်း ပုန်းအောင်းနေသည့်ဇွန်ဘီများ၏ ရှစ်ဆယ်ရာခိုင်နှုန်းသည် နောက်ပိုင်းတွင် အစာရှာဖွေရန် ရောက်လာကြသည့် လူသားများဖြစ်လေသည်
ကမ္ဘာပျက်ကပ်ပြီးနောက် ဤမြို့မှထွက်ခွါသွားသူများသာ အသက်ရှင်ကြပြီး မထွက်ခွါနိုင်ခဲ့သူများက ဇွန်ဘီများ၏ကိုက်ဖြတ်မှုကိုခံခဲ့ရ၍ဇွန်ဘီဘဝပြောင်းသွားကြသည်
ချူးယွီနင်သည် မြေအောက်ထပ်တွင် စူပါမားကတ်ကြီးတစ်ခုရှိသည်ကိုသတိရပြီး ထိုနေရာတွင် ခေတ္တအခြေချရန် ဆုံးဖြတ်ခဲ့သည်.. ဓာတ်လှေကားက ပျက်နေတာကြာပြီဖြစ်သည်..ကံကောင်းစွာနဲ့ပဲ ကုန်တိုက်တွင်လှေကားများရှိနေသေးသည်.. ချူးယွီနင်သည် ဓာတ်မီးဖြင့်အောက်ထပ်သို့ ဆင်းသွားခဲ့သည်.. လမ်းတစ်လျှောက်တွင် သူမသည် ဇွန်ဘီအနည်းငယ်နှင့် တွေ့ခဲ့သေးသည်.. ဓာတ်မီးအလင်းရောင်ကြောင့် သူတို့က ချူးယွီနင်ကို မကျေမနပ်အော်ကြသော်လည်းအကုန်လုံးက ဇွန်ဘီများဖြစ်သောကြောင့်ဟောက်ပြီး ထွက်သွားကြသည်.. သူမကို မည်သည့်အန္တရာယ်မှမပေးပေ
ချူးယွီနင်သည် မြေအောက်ရှိစူပါမားကတ်တွင် ဇွန်ဘီများပိုများလာမည်ဟု ထင်ခဲ့သော်လည်း သူမသည် အထဲသို့ ဝင်ရောက်လာသောအခါတွင် ဇွန်ဘီတစ်ကောင်မှ ရှိမနေခဲ့ပေ.. ထို့ကြောင့် အထဲတွင်သူတို့ကြောက်သော အရာတစ်ခု ရှိနေလိမ့်မည်.. အရာအားလုံးက ပုံမှန်မဟုတ်သလိုပင်.. ချူးယွီနင်သည် သတိကြီးကြီးထားကာ သူမ ကျောပိုးအိတ်ကို ဝှက်ထားပြီး ကြွက်ငယ်လေးအဖြစ် ပြန်ပြောင်းသွားသည်.. သို့သော် သူမ၏အမြင်စွမ်းရည်မှာ ညအချိန်တွင်စူးရှပြတ်သားစွာမမြင်ရချေ.. မြေအောက်ခန်းတွင် အလင်းရောင်မရှိသဖြင့် သူမသည်တစ်လှမ်းချင်း တိုးတိတ်ဖြည်းညှင်းစွာပင် လှုပ်ရှားနိုင်ခဲ့သည်
အချိန်အတော်ကြာ ရှာဖွေပြီးနောက် နောက်ဆုံးတွင် မြေအောက်ခန်း၏ အနောက်မြောက်ဘက်ထောင့်တွင် တွားသွားသတ္တဝါတစ်ကောင်ကို တွေ့ရှိခဲ့သည်.. ဤနေရာတွင် ဇွန်ဘီများမရှိသည်မှာ အံ့ဩစရာမရှိတော့ပေ.. ဤတွားသွားသတ္တဝါ၏ အစားခံလိုက်ရခြင်းပင် ဖြစ်မည်..
ချူးယွီနင် မကြောက်ပေ..သူမ၏စွမ်းရည်သည်အစွမ်းသိပ်မထက်သော်လည်း တစ်ဦးချင်းတိုက်လျှင်တော့ ရှင်သန်နိုင်စွမ်းမြင့်မားသည်.. သူမသည် ဗိုက်ဆာနေသောကြောင့် တွားသွားသတ္တဝါ၏ဘေးတွင် မကြောက်မလန့်ထိုင်လိုက်ကာ ထမင်းထုပ်ကို ဖြည်၍စားလိုက်လေသည်.. ကံကောင်းစွာပင် တွားသွားသတ္တဝါကြီးမှာ အိပ်စက်နေခဲ့သည်.. ခနကြာသောအခါ အစာရှာဖို့ သူမ အပြင်ထွက်ရန်စဉ်းစားလိုက်သည်..
မတော်တဆအန္တရာယ်ဖြစ်မှာကြောက်သောကြောင့် သူမသည်ဇွန်ဘီတစ်ကောင်အဖြစ် ပြန်ပြောင်းလိုက်ပြီး ဓာတ်မီးတစ်လက်ယူကာ စူပါမားကတ်အတွင်း အေးအေးဆေးဆေး လျှောက်သွားခဲ့သည်.. ချူးယွီနင်မသိခဲ့တာက သူမ မြို့ထဲကို ဝင်လာပြီးကတည်းက တစ်စုံတစ်ဦး၏ စောင့်ကြည့်ခြင်းကို ခံနေရသည် ဆိုတာပင်
ချူးယွီနင်သည် စူပါမားကတ်တစ်ခုလုံးကိုလျှောက်ကြည့်ရင်း အိတ်နှစ်အိတ်နှင့်အပြည့် အစာများသယ်လာခဲ့သည်.. သူမသည် ပရိဘောဂပစ္စည်းများရောင်းသည့် နေရာသို့သွားကာ ထိုနေရာတွင်ရပ်၍ ဇွန်ဘီများကို မောင်းထုတ်ရန် နည်းလမ်းပေါင်းစုံကို စဉ်းစားနေခဲ့ပြီး နောက်ဆုံးတွင်သူမပြတင်းပေါက်နားတွင်နေရာယူလိုက်သည်.. သူမ များများစားစား မသယ်နိုင်သောကြောင့် အစားအစာနဲ့ အချိုရည်အနည်းငယ်သာ ယူဆောင်လာခဲ့သည်
ထို့နောက် ရေချိုးရန်အတွက် စူပါမားကတ်သို့ပြန်သွားခဲ့သည်..ပစ္စည်းအစုံအလင်ရှိသော နေရာလောက် မကောင်းသော်လည်း အဆင်တော့ပြေနေသေးသည်.. ရေချိုးပြီးနောက်အဝတ်များပြန်ဝတ်ကာ ခုနကပြတင်းပေါက်နားပြန်လာခဲ့၍ တစ်ရေးတစ်မောအိပ်ရန်ဆုံးဖြတ်လိုက်သည်
အိပ်ပျော်နေပြီဖြစ်သော ချူးယွီနင်သည် သူမ၏ကုတင်ဘေးတွင် သွယ်လျသောအရိပ်တစ်ခု ရုတ်တရက်ပေါ်လာသည်ကို သတိမထားမိလိုက်ပေ.. ထိုအရိပ်က ချူးယွီနင်ကို အချိန်အကြာကြီး စိုက်ကြည့်ပြီးနောက် ဖြည်းညှင်းစွာ လက်ကိုမြှောက်၍ သူမမျက်နှာကိုထိလိုက်သည်
သူမအိပ်နေစဉ်အတွင်း ဇွန်ဘီများ၏ တိုက်ခိုက်ခြင်းမခံရစေရန်သူမသည် ဇွန်ဘီပုံစံကို ထိန်းသိမ်းထားခဲ့သည်.. သို့သော် သက်တောင့်သက်သာ အိပ်စက်နိုင်ရန်အတွက် သူမခန္ဓာကိုယ်ကို အရမ်းတောင့်တင်းအောင် မလုပ်ခဲ့ပေ.. ထို့ကြောင့် သူမ၏ အေးစက်သော အသားအရည်မှလွဲ၍ သူမ၏ ခန္ဓာကိုယ်သည်အလွန်နူးညံ့နေသေးသည်ဟု ဆိုနိုင်ပေသည်
အရိပ်ကသူမမျက်နှာကို ထိမိသောအခါ သူမက လက်လေးဖြင့်အသာအယာဖယ်ရှားလိုက်သည်..သူမ၏ နူးညံ့မှုကြောင့် အံ့သြသွားပုံရပြီး ထိုအရိပ်က သူမကိုငုံ့နမ်းလိုက်သည်
သူမ၏အသက်ရှုလမ်းကြောင်းမှာ သူနှင့်အလားတူသည်..ထို့ကြောင့် သူမကို သူနှင့်မျိုးနွယ်တူဟု အတည်ပြုပြီးနောက် အရိပ်က သူမဘေးတွင် လှဲအိပ်နေလိုက်သည်
ချူးယွီနင်သည် ဇွန်ဘီတစ်ကောင်နှင့် အိပ်ရာမှနိုးလာသကဲ့သို့ ခံစားလိုက်ရသည်..သို့သော် သူမ ကျယ်လောင်စွာအော်ငေါက်လို့မဖြစ်ပေ
ထိုဇွန်ဘီသည် မျက်လုံးများကို ဆတ်ခနဲဖွင့်လိုက်ပြီး တောင့်တင်းသောခန္ဓာကိုယ်ဖြင့်တည့်တည့်မတ်မတ်ထိုင်ကာ ချူးယွီနင်ကို စိုက်ကြည့်နေသည်
သူသည် အဆင့်မြင့်ဇွန်ဘီတစ်ကောင်ဖြစ်သည်.. ချူးယွီနင်သည်လည်း သူ့ကိုပြန်စိုက်ကြည့်လိုက်သည်.. သူသည် အလွန်အရပ်ရှည်ပြီး ၁.၉ မီတာခန့်ရှိသော်လည်း ပုံစံကတော့ သွယ်လျပျော့ပျောင်းလျက်ရှိသည်
🌠🌠🌠🌠🌠
(1K ပြည့်သွားလို့ နောက်တစ်ပိုင်း တင်လိုက်ပါပြီ)