Cayden (ကေဒန်)[ Complete]

By KH1298

2.7K 207 60

ဘယ်တုန်းကမှ မကမ်းလင့်ခဲ့တဲ့လက်တစ်စုံကို မျှော်လင့်မိတဲ့နေ့ကစလို့ ဘဝက ကျတ်သရေစတုံးတော့တာပဲ More

အĕĭįĄĺĸ-၁
အĕĭįĄĺĸ-၂
အĕĭįĄĺĸ-၃
အĕĭįĄĺĸ-၅
အĕĭįĄĺĸ-၆
အĕĭįĄĺĸ-၇

အĕĭįĄĺĸ-၄

244 31 2
By KH1298

November/ 4/Monday

နိုင်ငံတော်တော်များများဆောင်းဝင်၍ အအေးဓာတ်ကိုခံစားနေကျပြီ အိုင်ယာလန်ဟာလဲအရင်ကထက်ပို၍သိပ်သည်းတဲ့နှင်းစက်တွေနဲ့အတူ အဖြူရောင်ကမ္ပလာကျောက်ဖျာကြီးကိုခင်းထားသည့်နှယ့် ဖွေ‌းဖွေးလှုပ်နေသောနှင်းတို့အား မနက်အခါ၍စက်များဖြင့်ရှင်းလင်းရေပင်လုပ်နေကျ၏ ချမ်းအေးလွန်းလှတဲ့ဆောင်းရာသီမှာ ပြင်ပအအေးဓာတ်ဟာ သူ့ရင်ထဲကိုမဝင်ရောက်နိုင် နီးကပ်လာတဲ့နေ့ရက်တို့နဲ့ခြောက်လန့်နေတဲ့ခွဲခွာခြင်းတွေဟာ 'Cayden' ကိုတနေ့ထက် တနေ့ပို၍ဖိအားတို့ပေးနေလေပြီ သွားဖို့အစီအစဉ်မရှိပေမယ့် တသက်လုံးဆိုတဲ့ခေါင်းစဉ်အောက် သူ့နှလုံးသားလေးဟာသံရည်ပူတို့နဲ့အဖိခံရသည့်နှယ် သွေးစိမ်းရှင်ရှင်ကျ၍လောင်းမြှိက်လို့နေပြီ ချစ်တာကိုချစ်တယ်လို့သာ 'ဟွန်းနီး'ပြောလိုက်ရင် ဘယ်လိုကန့်သန့်ချက် ဘယ်လိုအရာကိုမှဂရုမစိုက်ပဲ သည်လူ့လက်ကိုပဲဆွဲ၍ ကမ္ဘာမြေအဆုံးတွန်းလှန်း၍သွားပစ်လိုက်မည် ဒါပေမယ့် ဟွန်းနီးဟာ သူ့ကိုအရောင်ပါတဲ့ချစ်ခြင်းတွေကိုဖွင့်မပြခဲ့ လွမ်းလို့လာတွေ့ရင်တောင် အုပ်ထိန်းသူဆိုတဲ့စကားလုံးတွေနဲ့စည်းချထားတတ်တဲ့သူ  အချစ်ဆိုတဲ့အရာဟာ သူ့အတွက်ကျမှသိပ်ကိုခက်ခဲနေသယောင် စတင်၍အချစ်ဆိုတာကိုခံစားမိချိန်၌ သူရဲ့အချစ်မျိုးစေ့လေးအား သူမသိသူမသိတိတ်တိတ်လေး‌သိမ်းဆည်းခဲ့ရတယ် သူကပဲအသိမ်းအဆည်းမတော်တာလား သူအချစ်မျိုးစေ့လေးတွေပဲ လူတွေသိသာအောင်ထိုးထွက်လာသလားသူမသိလိုက် သိလိုက်တဲ့အချိန်မှာလဲ ပုန်းခိုစရာရင်ခွင်နှစ်စုံဟာမထင်မှတ်ပဲ ပြိုကျပျက်စီးသွားခဲ့လေသည်။

တိတ်ဆိတ်လှတဲ့အိုင်ယာလန်ပြည်နယ်လေးမှာဆူညံသံတို့ဟာမထင်မှတ်ပဲ သူ့အနီအနားတွင်ကြားနေရ၏ စိတ်ဝင်စားခြင်းအလျှင်မရှိသူမို့ နံစော်နေတဲ့အိပ်ရာထက် စောင်ကိုသာ ခေါင်းမှီခြုံ၍ တလောကလုံးအားဥပ‌က္ခောပြုထားသည်။

"တောင်းပန်ပါတယ်....အန်ကယ် Bossမှာထားတဲ့အထဲမှာ အန်ကယ်ဖြစ်နေရင်တောင် ပေးမဝင်ဖို့မှာထားလို့ပါ "

"အိုကေ..."

ဖုန်းကိုထုတ် ကာ ခလုတ်တစ်ခုအားလိုက်ပြီးဘယ်လိုလဲဆိုတဲ့ အပြုံးတချို့ကို လူကြီးတန်မဲ့ဖန်ဆင်းပြလိုက်တော့...အစောင့်အရှောက်ဆိုတဲ့ကောင်တွေလဲ နောက်ဆုတ်သွားကျလေသည်။

သူ့စိတ်သူအရာရာကိုအမှောင်ချ၍နေသူဟာ ရင်းနှီးကျွမ်းဝင်ချင်မရှိတဲ့ခြေသံတို့ ချင်းနှင်းဝင်ရောက်လာတာကိုပင် ဂရုမထားမိဘဲ ပေရေနေတဲ့စောင်တွေခြား ငြိမ်သက်၍နေတယ်။

" ကင်မ့်ဆောနူ....ဖေဖေကြီးလာတယ် "

ဒီလေသံဟာသူ့အတွက်ငရဲခန်းတွေထဲပို့တော့မဲ့သူဆိုတာသိလိုက်တယ် ပိုနေမြဲကြားနေမြဲအိပ်ရာထက်မလှုပ်မရှားနေလိုက်၏ ဘာတွေထပ်၍ပြောမလဲသူနားစွင့်၍ နားခံရန်သာရှိတော့သည်မလား။

" သားကြီးလက်ထပ်ပွဲမှာ...သားငယ်ကိုလာစေချင်တယ်တဲ့မင့်မေမေကြီး က မှာလိုက်တယ် ဆိုတော့ကွာ အဲ့နေ့ကျရင်အမှီလာခဲ့ ပွဲပြီးတာနဲ့တန်ပြန်ပေါ့သားငယ် "

သူကိုသတ်နေတာ ကိုယ်ချစ်ရတဲ့သူကိုအမျိုးသမီးတစ်ယောက်နဲ့ပျော်ရွှင်စွာရွှေလက်တွဲမဲ့အရေး တက်ရောက်ဂုဏ်ပြုပေးရမည်တဲ့ တစ်ခါထဲကြိုးစင်သာတက်ခိုင်းလိုက်ပါတော့လားဟု တွေးရင် အသက်ကို ဝ အောင် အမှတ်စဉ်ရေ၍ ရှုနေရ၏။

" ခြားထဲမင့်ရဲ့ဟွန်းနီးကလာဖစ်မှာမဟုတ်ဖူး....ယူပီးတာနဲ့တန်းကလေးယူဖို့ ဆေးစစ်နေကျတာရယ်တချို့ပွဲအတွက်လိုအပ်တာတွေပြင်နေတော့မအားဘူးပေါ့ကွာ "

အရှင်လတ်လတ်ငရဲအား ဖန်တီပေးသူနဲ့ထိုငရဲအားရှိသမျှအားအင်တို့နဲ့အံကြိတ်ခံနေသူ နဂိုထဲက မလိုအပ်ရင်စကားတွေသိပ်မပြောတတ်တဲ့ကောင်ငယ်လေးဟာ သူ့ကိုယ့်သူလက်ခံနိုင်အောင်ကြိုစားခဲ့ရတဲ့အချိန်ကစလို့ ပင်ပန်းခဲ့ရတဲ့ နေ့ရက်တွေမနည်းလှ သူ့စိတ်နဲ့သူငရဲကျနေသူအား လောင်စာဆီတွေပိုတိုးဖြည့်ရန်အစီစဉ်တကျလာရောက်ပို့ဆောင်သူဟာ သူငယ်ငယ်ထဲကလေးစားအားကျရတဲ့ဟွန်းနီးရဲ့ဖေဖေ သို့မဟုတ် သူခေါ်တဲ့ဖေဖေကြီး မရှိမဲ့ရှိမဲ့အားအင်းတို့ကိုစု၍ခြစ်ထုတ် ကာ စကားတို့နဲ့ပြန်ဧည့်ခံရန် 'Cayden' မနည်းညစ်ထုတ်နေရ၏။

" လာခဲ့ပါမယ်လို့ကတိမပေးနိုင်ပါဘူးဖေဖေကြီး...ထပ်ပြီတောင်းပန်ပါတယ် "

"မင်းသဘောပဲပေါ့...တချိန်ကျမှ အကိုရဲ့လက်ထပ်ပွဲကိုမတက်ခဲ့ရလို့နောင်တတွေမရစေချင်လို့ အဝေးကြီးကနေလာပြောရတာ ..သိတဲ့အတိုင်းအလုပ်ကအားတာတော့မဟုတ်ဖူးပေါ့ "

"ကျေးဇူးတင်ပါတယ်...."

" သံယောဇဉ်အရင်းခံပြီ ပြောပြရဦးမယ်သားငယ်....လောကမှာသဘာဝတရားကိုလွန်ဆန်းပြီးဘယ်အရာမှလုပ်လို့မရတာကို သဘောပေါက်ပြီ ခုလက်ရှိစုတ်ပျက်သတ်နေတဲ့အနေအထားကနေ သာမာန်လူတွေလိုနေနိုင်အောင်ကြိုးစားသင့်တယ် "

မျိုးတူယောကျာ်းတစ်ယောက်ကိုချစ်မိတာနဲ့သူဟာရွံစရာသတ္တဝါတစ်ကောင်လို့ထုတ်မပြောတာပဲရှိသည် ပုခုံးနှစ်ဖက်ခြားခေါင်းပါတာချင်အတူတူသာမာန်လူလိုတဲ့ ဒါဆိုသူကအခု သာမာန်မဟုတ်တဲ့ဘာများလဲ အတွေးတွေထဲ ထပ်ဆင့်၍သာများပြားလာတဲ့စကားလုံးတွေကိုလိုက်မှီဖို့သူမတက်နိုင် သူ့အသက်အရွယ်နဲ့အချစ်ကို ကိုးကွယ်လွန်နေပြီလို့အများကဆိုလိမ့်မယ် တစ်ဘဝလုံးစာချစ်ခဲ့ရတာနဲ့ယှ‌ဥ်ရင် သည်အပြောတွေကိုချေပဖို့ အစီအစဉ်လုံးဝမရှိ။

" ညနေ...ဖေဖေကြီးပြန်မယ်သားငယ် ဘာပြောချင်သေးလဲ "

" ကောင်းကောင်းသွားပါ...လိုက်မပို့နိုင်လို့ထပ်ပြီတောင်းပန်ပါတယ် အစစအရာရာဂရုစိုက်ကျပါဗျ "

ဒီကောင်လေးဟာခေါင်းမာတဲ့နေရာမှာတော့ ပြိုင်စံရှားပင်ဖြစ်သည် ခံစားချက်တွေနဲ့အော်ဟစ်ပေါက်ကွဲမယ်လို့ထင်ခဲ့ပေမယ့် အဆုံးထိသီခံနိုင်တာကို အံဩခဲ့ပြန်၏။ ကိုယ့်လက်ပေါ်ကြီးခဲ့တာပဲ သံယောဇဉ်တော့ရှိတာပေါ့ ဒါပေမယ့်အများအမြင်မှာ သူ့ရဲ့ဂုဏ်သိက္ခာနဲ့သူ့သားကိုထိခိုက်စေမဲ့အရာတော့ခွင့်ပြုမပေးနိုင်ပြန်။

သူအခန်းထဲကမထွက်တာ ရက်ပေါင်း၂၀ကျော်ရှိပြီ တလောကလုံးဘာတွေဖြစ်နေလဲသူမသိ သိလဲမသိချင် အခန်းတွင်လှည့်ပတ်၍သာ စီးကရက်တို့ကိုသာအဖော်ပြု၍ နေပြီ အတွေးတို့အားမရပ်တန့်မိတော့တွေးပါစေ ဖွင့်အံထုတ်စရာနေရာမရှိတော့တဲ့အဆုံး အတွေးတွေကိုတော့ သူမကန့်သတ်ချင်တော့ ဘယ်နေရာမှာ စမှားခဲ့လဲဟုတွေးနေတာကြာပြီ သူကိုယ့်သူစိတ်ပျက်မိတဲ့အချိန်ကိုလဲရောက်လာပြီ 'ဟွန်းနီးကိုလွမ်းတယ် ' တနေ့ကိုအခါပေါင်းမြောက်များစွာလွမ်းဆွတ်ခြင်းတွေနဲ့အတူ မျက်ရည်တို့ကလဲ တသွင်သွင် ဖေဖေနဲ့မေမေသာရှိရင်သူ့ကိုအခုလိုဖြစ်နေတာကို ဘာပြောမလဲ သေချာတာတော့ မေမေငိုနေမှာပင် ဖေဖေဟာသူ့ကိုသနားလို့ခိုးငိုနေလိမ့်မယ် တစ်ဦးတည်းသောသားလေး မထင်မှတ်ပဲရခဲ့တဲ့သားလေးမလို့ ပို၍ချစ်တယ်လို့ဖေဖေကပြောဖူးသည် တစ်ယောက်ထဲကျန်ခဲ့တာကို လူတွေကသနားတယ်ဆိုတဲ့စကားနဲ့ နှိမ်သလိုမျက်ဝန်းတွေအားသူမုန်းခဲ့သည် ဒါပေမယ့်အဲ့ထဲတွင်တစ်ယောက်သောသူတော့မပါခဲ့။

××××××××××××××××××××

*Boss *

*အေး...ပြော*

* မနက်က အန်ကယ်လာသွားပါတယ်*

* ဘာထူးသေးလဲ *

* ဘာမှမထူးပါဘူးဘောစ့်....ခုထိတော့အိပ်ရာထဲကမထသေးပါဘူး ခုရက်ထဲစီးကရက်တွေပိုသောက်လာပါတယ် *

* စားစရာတချို့ ဝယ်ပြီးသွားထည့်ပေးလိုက် ပန်းသီးကိုအစိမ်းရောင်ဝယ် ပြီရင်ဖုန်းကိုဖွင့်ထားလို့ပြောလိုက် *

* Cayden ရဲ့စိတ်အခြေအနေကို...ကျွမ်းကျင်တဲ့ပါရဂူတွေနဲ့ပြသင့်တယ်လို့ထင်ပါတယ်ဘောစ့် *

*အင်း ကိစ္စတွေပြီးရင်ငါလာခဲ့မယ် ...လောလောဆယ်တော့စောင့်သာကြည့်ထား စိတ်မပူနဲ့ သူ့ကိုသူအနာတရဖြစ်အောင်ဘယ်တော့မှမလုပ်ဖူး ...သူခံစားနေရလို့ခဏပါ *

* ဟုတ်ကဲ့ *

ဘောစ့်ကရောမခံစားရတာမှတ်လို့ အဝေးကနေအမြဲစောင့်ကြည့်နေပြီး ထိခိုက်ရှနာတောင်အဖြစ်မခံရအောင် အမြဲအရိပ်တကြည့်ကြည့် သုံးဆယ်စွန်းစွန်းရောက်နေသည့်ဘောစ့်ဟာအမြဲ ခံစားချက်တွေကို သိမ်းဆည်းထုတ်ပိုးထားပြီ Cayden ကတော့ သူနေတတ်သလိုနေတာပင် သူတို့စောင့်ကြည့်ရတယ်ဆိုတာလဲလွယ်တာမဟုတ် Cayden အခန်းနဲ့မျက်ချင်းဆိုင် အခန်းတစ်ခန်းကိုငှားကာ အဝင်အထွက်စောင့်ကြည့်ရသလို ဝရံတာဘက်ကနေမြင်ရမဲ့အိမ်တစ်လုံးလဲအပျတ်ငှားထားရသေး၏ အဝေးကြည့်မှန်ဘီလူးနဲ့အခန်းတွင်ဘာလုပ်နေလဲအမြဲစောင့်ကြည့်နေကျရပြီး အဝင်အထွက်တံခါးမကြီးနားတွင်လဲမရောင်မလည်နဲ့အစောင့်နှစ်ယောက်လောက်အမြဲချထားရသည် ပေပေတေတေကောင်ငယ်လေးဟာ တစ်ခါတစ်ခါနှုတ်ခမ်းတွန့်ရုံပြုံးတက်ပြီ တစ်ခါတစ်ခါတော့ ပုခုံလေးတွေလှုပ်အောင်ထိငိုနေတတ်သေး၏။

'မေမေသိလား...သားငယ်ပင်ပန်းတယ် ဟွန်းနီးကိုလွမ်းတယ် '

'သားငယ် ဖေဖေတို့နဲ့လာနေပါလား တစ်ယောက်ထဲပင်ပန်းနေရပြီး '

'ဟွန်းနီးတစ်ယောက်ထဲစိတ်မချလို့ပါဖေဖေ'

'သားငယ်လေး...ဟွန်းနီးကိုစိတ်ချမ်းသာအောင်ထားရမယ်နော် မေမေတို့နောက်ဆိုသားငယ်လေးကိုခုလိုလာတွေ့နိုင်မှာမဟုတ်တော့ဘူး '

မေမေ့....!'ပေါက်ကနဲ့ကျသွားတဲ့မျက်ရည်ရဲ့စိုစွတ်မှုကြောင့်အိမ်မက်တစ်ခုဆိုတာ သိလိုက်တယ် သူဟာလွတ်လပ်မှုကိုမလိုလားတာများအိမ်မက်ထဲအထိ ရေဆာလွန်လို့နှုတ်ခမ်းတို့ဟာကွဲခြောက်လို့နေတယ် လျှာနဲ့တချက်သတ်၍ အနီးနားတွင်ရှိမလားစမ်းကြည့်တော့ လက်ထဲပါလာတာက တစ်ယောက်သောသူရဲ့ ဓာတ်ပုံမှန်ဘောင်လေး ပုံထဲကအမျိုးသားလေးဟာ ပြုံးရယ်နေလိုက်တာများအပူအပင်ကင်းမဲ့လို့နေ၏ သူဒီနေ့ မီးပြတိုက်ကိုသွားမည် နှင်းတွေသိပ့်သည်းနေပေမယ့် နေ့လယ်လောက်ဆိုရင်တော့ အဆင်ပြေလောက်မည် နိုဝင်ဘာရဲ့လအစမှာ အတက်နိုင်ဆုံးသူ့စိတ်တွေကိုထိန်းချုပ်ဖို့ အမြဲတွေးနေခဲ့တယ် ဒီနေ့တော့ထူဆန်းစွာနဲ့မီးပြတိုက်ကိုသွားချင်နေတယ် ဘာနေနေ သူသွားမည် ရှိသမျှအားအင်းတွေစု၍ရောက်အောင်သွားမှာပါ။

"အကုန်အသင့်ပြင်ထားကျ... Cayden အပြင်သွားတော့မယ် "

"ဟုတ်ကဲ့...အစ်ကိုလေး "

ဘယ်နှရက်မှန်းမသိတဲ့အဝတ်တွေကိုချွတ်ချ၍ ကာလာတူအမဲရောင်ဟူဒီအားထပ်ဝတ် ကာ အပြင်သွားရန်ပြင်လိုက်သည် ဒီနေ့မီးပြတိုက်ကိုသွားပြီးရင်သူဘာမှလုပ်စရာမရှိတော့။

" Cayden...ဖုန်းဖွင့်ထားဖို့ ဘောစ့်အမြဲပြောနေပါတယ် "

"ငါအခန်းထဲမထွက်တာလဲ ...ခုလိုကျတ်သရေတုံးတဲ့အရာတွေနဲ့စကားလုပ်မပြောချင်လို့ "

"ဒီနေ့ နှင်းမုန်းတိုင်ရှိပါတယ်...‌ခရီးဝေးသွားမယ်ဆိုရင် ခြေအိတ်နဲ့လက်အိတ်ဝတ်ပေးပါ အပေါ်ထပ်ကို နောက်ထပ်တိုးဝတ်ပေးပါ Cayden ''

စကားမဆုံးသေးလှေကားတို့အတိုင်း ဆင်းသွားသူအပေအတေလေးအား ဘော်ဒီဂက်ခေါင်းဆောင်းဂျုံဆောင်းစိတ်ပျက်မိတာအမှန် ကိုယ့်စောက်ရှောက်ပေးရမဲ့သူမလို့သာမဟုတ်ကြည့် ခုလိုအကြောတင်းလေးကို သူပြစ်ထားမိမှာ ခု‌တော့အမှီလိုက်နေရ၏။

ပုံမှန်တစ်နာရီလောက်လျှောက်ရမဲ့ခရီးဟာ အစားအဟာရကိုလုံးလောက်အောင်မစားထားတဲ့သူမလို့နှေးကွေးစွာနဲ့တစ်နာရီခွဲအကြာမှာရောက်လာခဲ့ပါပြီ မီးပြတိုက်ရဲ့အောက်ခြေမှ ပင်လယ်ရဲ့လှိုင်းလုံးတွေဟာတအုန်းအုန်းနဲ့ ရိုက်ခက်နေကျတယ် ဇင်ယော်တွေဟာလဲတအုပ်ပြီးတအုပ်ပျံသန်းနေကျတယ် သူလဲအနီးကကျောက်ဆောင်မှာ ပလက်လှန်လိုက်တယ် ကျောက်ဆောင်ရဲ့အအေးဓာတ်နဲ့နဂိုအအေးဓာတ်တို့ကြောင့် ကျောမှာစိမ့်ခနဲ့အေးသွားပေမယ့် Cayden ဂရုမစိုက် ပင်လယ်ရဲ့ရနံနဲ့လေနုအေးတို့ကြောင့်အခန်းတွင်နေရသလောက်တော့ ငြီစိစိဖြစ်မနေ ကမ္ဘာ့ရဲ့အနောက်ခြမ်းတွင်နေထိုင်နေပေမယ့် သူရဲ့စိတ်တွေဟာ ကမ္ဘာ့အရှေ့ခြမ်းကိုသာရောက်နေသည် မွန်းကြပ်လွန်၍ အော်ဟစ်ပစ်လိုက်ချင်ပေမယ့် မလှမ်းမကမ်းမှာရှိတဲ့ သူ့ကိုစောင့်ကြည့်နေတဲ့လူတွေကြောင့် ဘာမှထုတ်‌၍မအော်ဟစ်မိ ဘဝမှာ သည်လောက်စိတ်ပျက်ငြီငွေ့ဖွယ်ကောင်းတဲ့နေ့ရက်တွေရှိလာလိမ့်ဟုတွေးပင်မတွေးထားခဲ့ဖူးပေ ။

'တအားလေးမှချစ်တယ်...ဟွန်းနီး ကျနော်ဟာကျေးဇူးရှင်ကိုပစ်မှားမိလို့ ကံကြီးထိုက်တာထင်ပါရဲ့...လွမ်းတာကိုတောင်ဖွင့်ချပြစရာမြေမရှိ ...အဲ့အမျိုးသမီးနဲ့ပျော်နေမယ်မလား သား၊သမီးလေးတွေမွေးပြီးကျန်းမာစွာဘဝကိုဖြတ်သန်းမယ်လို့ယုံကြည်ပါတယ် သံသရာမှာထပ်ပြီးတွေ့ခွင့်ရခဲ့မယ်ဆိုရင် Cayden လဲ ဟွန်းနီးရဲ့အချစ်ကိုလက်ခံရရှိတဲ့သူဖြစ်ပြီး ထာဝရအတူနေရတဲ့သူတွေအဖြစ်ဆုံချင်ပါသေးတယ် '

TBC......
Cayden ဟာစိတ်ဝေဒနာကို စတင်ခံစားနေရတာရိပ်မိကျမယ်ထင်ပါတယ် အချစ်ခံချင်သူနဲ့စည်းဘောင်တွေကိုအလေးထားသူရဲ့ခြား အချစ်ဟာပုံစံမကျနေတာလို့ထင်ပါတယ် သူ့ကိုရေးနေတဲ့အချိန်ခံစားချက်တစ်ခုရှိပါတယ် ဟွန်းနီးကိုလွမ်းတယ်လို့ ဆောနူတစ်ချက်ညည်းလိုက်တိုင်း ကျမ ငိုတာပါပဲ အရေးအသားအဲ့လောက်မကောင်းပေမဲ့ကိုယ့်ဟာကိုငိုခဲ့ရတာပါ ချစ်တဲ့မြငယ်❣️







Continue Reading

You'll Also Like

59.9K 5.6K 17
ကျန်းဟောင့် Top 9 ဝင်ရင် အမှတ်တရတင်မယ်လို့ တွေးပြီး အစပျိုးထားခဲ့တဲ့ fic ပါ။ ဟာအို့ကို နူးနူးညံ့ညံ့ချစ်စရာ တို့ဖူးတုံးလေးအဖြစ် ရေးထားတာပါ။ ဆိုတော့ B...
315K 13.2K 41
နıĬĶ်đĕĺāĻąĺĖĭįķĶေĬĄĺĸĐIJӱလıĸ😘
322K 7.2K 79
LISA G!P⚠️❗ Disclaimer: This is a work of fiction. Names, characters, businesses, places, events, and incidents are either the product of the author'...
251K 7.2K 31
A Jinu x reader story After getting the job of the assistant TO (Bobby) the assistant of the famous worldwide known girls, Rumi, Mira, and Zoey from...