တစ်ယောက်ယောက်ကနောက်ကနေသူလုပ်သမျှလိုက်ကြည့်နေတဲ့ဆိုတဲ့ခံစားချက်.... ညဘက်ပဲဖြစ်ဖြစ် နေ့အချိန်ပဲဖြစ်ဖြစ် မမြင်ရတဲ့အမှောင်တစ်နေရာကနေတစ်ယောက်ယောက်ကစောင့်ကြည့်နေသလိုမျိုး... အသေးငယ်ဆုံးအမှောင်ထုလေးကတောင် သူ့ကိုအလွတ်မပေးနေသလိုမျိုး...
ပြီးတော့အိပ်မက်တွေ... နားလည်ဖို့ခက်ခဲတဲ့အိပ်မက်တွေထဲ ကောင်းကင်ဘုံကိုရောက်သွားပြီဖြစ်တဲ့အဖေနဲ့အမေက တစ်ခုခုသတိပေးနေသလို... တစ်စုံတစ်ခုကိုထိတ်လန့်တုန်လှုပ်နေသလို...
အခုတလောစားသောက်ဆိုင်တစ်ခုမှာ အချိန်ပိုင်းအလုပ်တစ်ခုဝင်လုပ်နေတာကြောင့် ညဘက်အိမ်ပြန်ချိန်တွေကနောက်ကျသည်... သူအိမ်ပြန်လာတဲ့အချိန်တိုင်း တစ်ယောက်ယောက်ကနောက်ကလိုက်နေသလိုပဲ... မဟုတ်ဘူး... အချိန်တိုင်းသူ့နောက်ကလိုက်ပြီး သူ့ကိုစောင့်ကြည့်နေတာ...
"လူကလေးရေ~"
ရေချိုးပြီးကာစ မှန်ရှေ့မှာရပ်ကာအတွေးလွန်နေတုန်း အပြင်ဘက်ကဖွားခေါ်သံကြောင့် သတိပြန်ဝင်လာရသည်..
"ဗျ ဖွား လာပြီ"
ထမင်းစားခန်းကခုံမှာထိုင်နေတဲ့ဖွားက သူညဘက်တွေအိမ်ပြန်နောက်ကျတာတောင် ညစာမစားဘဲစောင့်နေတတ်ကာ သူလာမှသူနဲ့အတူလက်စုံစားတတ်တာဖြစ်သည်...
"ဖွား ဘာဟင်းတွေချက်ထားတာလဲ မွှေးနေတာပဲ~"
"လူကလေးအကြိုက်တွေချက်ထားတာပေါ့ လာ ပန်းကန်ပေးဖွားကို~"
"ကျေးဇူးပါဗျ~~"
"စား စား များများစား~"
ထမင်းစားပြီးတော့ ဘေစင်မှာပန်းကန်တွေဆေးနေတုန်း မသိစိတ်ကခြံထဲကတစ်နေရာရာကနေသူ့ကိုစိုက်ကြည့်နေတဲ့ခံစားချက်ကြီးကြောင့် ပြတင်းပေါက်ကနေအပြင်ကိုလှမ်းကြည့်လိုက်မိသည်... ခပ်ရေးရေးလရောင်အောက်မှာလေနှင်ရာယိမ်းနွဲ့နေတဲ့ပန်းပင်တွေကလွဲလို့ဘာမှမရှိ...
"ဟင်!"
မီးဖိုခန်းကအိမ်ရဲ့နောက်ဘက်ပိုင်းမှာမို့ ပန်းကန်ဆေးတဲ့ဘေစင်နားကပြတင်းပေါက်ကနေလှမ်းကြည့်လျှင် ဖွားအကြိုက်ဆုံးစံပယ်ရုံကြီးကိုတိုက်ရိုက်မြင်နေရတာပင်...စံပယ်ရုံတွေနားမှာဖျတ်ခနဲမြင်လိုက်ရတဲ့အရိပ်လိုလိုအရာကြောင့် ထိုနေရာကိုသေချာအာရုံစိုက်ကာပြန်ကြည့်လိုက်မိတော့ဘာမှမရှိ...
အမြင်များမှားတာလား~~
"ခွမ်း!!!"
ဇဝေဇဝါဖြစ်နေတုန်းနောက်ကျောဘက်ကတစ်ခုခုကျကွဲသံကြောင့်ကမန်းကတန်းလှည့်ကြည့်လိုက်တော့ ရေခဲသေတ္တာကိုဖွင့်လျက်သားနဲ့ အောက်ကိုငုံ့ကြည့်နေတဲ့ဖွား...
"ဖွား ဘာဖြစ်တာလဲ!"
ထိခိုက်မိသွားသလားဆိုသည့်စိတ်ဖြင့် အနားကိုအလျင်အမြန်ပြေးသွားလိုက်သည်... ဖန်ကွဲစတွေနဲ့အတူ အုန်းနို့နှင့်ချက်ထားသောပုစွန်ထုပ်ကြီးတွေကကြမ်းပြင်ပေါ်ပြန့်ကျဲနေသည်...
"မှောက်ကုန်ပြီ~"
နှမျောတသဖြစ်နေတဲ့ရုပ်လေးဖြင့်သူ့ကိုမော့ကြည့်ကာပြောလာသောဖွားကချစ်စရာကောင်းတာမို့ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိသည်...
"သားရှင်းလိုက်မယ် ဖွား နောက်ဆုတ်နေနော်~"
ဖန်ကွဲစတွေနဲ့ပြန့်ကျဲနေတဲ့ဟင်းတွေကိုသေသေချာချာဂရုတစိုက်လှည်းကျင်းနေတော့လည်း ဘေးနားကခုံမှာထိုင်ကာ သူ့ဟင်းတွေကိုသံယောဇဉ်မပြတ်သလိုလိုက်ကြည့်နေသည်... ပေကျံသွားတဲ့ကြမ်းပြင်ကိုသန့်ရှင်းရေးလုပ်နေရင်း တစ်ခုခုကိုသတိရလိုက်မိတာကိုဖွားကိုမေးရသည်...
"ဒီဟင်းကခုနစားတုန်းကမပါပါဘူး~"
"လူကလေးအတွက်မဟုတ်ဘူး TaTaလေးအတွက်~"
အမှိုက်ပုံးထဲရောက်သွားတဲ့ပုစွန်ထုပ်တွေဆီကအကြည့်မလွှဲဘဲဖြေလာတဲ့စကားကိုကြားတော့ မျက်ခုံးတွေပါပင့်သွားရသည်... ခုတလောဖွားက Ta အကြောင်းအရမ်းပြောသည်.. သူသတိရနေလို့အိမ်ကိုထပ်ခေါ်လာပါအုံးတို့ စံပယ်ပန်းတွေမြင်ရင် TaTa လေးကိုပေးချင်လိုက်တာတို့ ကျောင်းသွားခါနီးရင်ဒီအသီးလေး TaTa စားဖို့ယူသွားပါအုံးတို့ Santa Pongsapak တို့ကသူတို့ဆီကသာမက သူ့ဖွားဆီကပါသည်းသည်းလှုပ်အချစ်ခံနေရတာပင်...ဟိုကလည်းပိတ်ရက်တိုင်းအိမ်ကိုရောက်ရောက်လာပြီး ဖွားနဲ့နှစ်ယောက်သားပန်းပင်တွေကြားတကုပ်ကုပ်နှင့်အချိန်ကုန်ကြစမြဲ... ကြာလာတော့ပန်းပင်တွေနဲ့အလုပ်ရှုပ်နေတဲ့လူနှစ်ယောက်ကို ခပ်လှမ်းလှမ်းကနေပြုံးပြုံးကြီးထိုင်ကြည့်နေတတ်တဲ့ Phi Perth ကိုတောင်သနားလာရသည်အထိ....
"ဖွားတို့များခုဆိုလူကလေးတောင်မတတော့ဘူး TaTa ချင်းကိုထပ်နေတာပဲ~"
ထိုသို့ပြောတော့သူ့ကိုမျက်စောင်းဝင့်သည်...
"ဟိုတစ်နေ့ကထမင်းစားတုန်းက ဟင်းတွေအများကြီးထဲမှာဒီဟင်းတစ်ခုတည်းအားရပါးရစားသွားတာကလေးက ~ အ့ကြောင့်မနက်ထည့်ပေးလိုက်ဖို့ပါဆို~"
"ပိတ်ရက်ကျခေါ်ခဲ့မယ်လေ အဲ့ခါကျချက်ကျွေးလိုက်ပေါ့ နော်~"
"ကလေးကသေးသေးလေးမို့ထွားအောင်အစားများများကျွေးချင်လို့ပါဆို...သူကြိုက်တာလေးနဲ့ဆိုကောင်းကောင်းစားမှာ~~"
သူဘာမှမပြောနိုင်တော့ဘဲပြုံးသာပြုံးလိုက်မိတော့သည်... နှစ်ယောက်သားကလိုက်လည်းလိုက်ပါတယ် Ta လည်းဘာထူးလဲ... ပုံမှန်ဆိုစကားနည်းပေမယ့် ဖွားအကြောင်းပြောရင် မျက်လုံးလေးတွေတလက်လက်နဲ့ပြုံးနေတတ်သေးတာပင်... အချိန်ခဏလေးအတွင်းမှာ မြေးအဖွားအရင်းတွေလိုသံယောဇဉ်တွယ်သွားကြတဲ့နှစ်ယောက်ကို သူတို့အားလုံးလည်းအံ့ဩရသည်... ဘာပဲဖြစ်ဖြစ်ဖွားကိုချစ်ပေးဂရုစိုက်ပေးတဲ့သူနောက်တစ်ယောက်တိုးလာတာကိုဘဲသူ့မှာဝမ်းသာမဆုံး...
"ကဲ ဒီနေ့တော့နောက်ကျနေပြီမို့အိပ်ယာဝင်ကြရအောင်ပါခင်ဗျ~~"
အားလုံးသန့်ရှင်းပြီးလို့လက်ကလေးကနေဆွဲခေါ်တော့လည်း အပြုံးရေးရေးဖြင့်ပါလာသည်...
"မိုးရွာတော့မယ်ထင်တယ်~"
ဖွားရဲ့ခပ်တိုးတိုးရေရွတ်သံကြောင့် အိမ်အပြင်ဘက်ကိုလှမ်းကြည့်မိတော့အဟုတ်ပင်... မကြာခင်ရွာချတော့မလိုကောင်းကင်ကမည်းမှောင်နေပြီး လေအေးအေးတွေပါတိုက်ခတ်လာသည်...
"အခန်းထဲဝင်ရအောင်ဖွား အေးလာပြီ~"
"!!"
ထိုစဉ်ဧည့်ခန်းနဲ့ထမင်းစားခန်းအလယ်မှာရှိတဲ့ဗီရိုပုပုလေးပေါ်မှာတင်ထားတဲ့ ပန်းအိုးလေးကလေအဝှေ့မှာခွမ်းခနဲကျကွဲလာတာကြောင့် မြေးအဖွားနှစ်ယောက်လုံးခြေလှမ်းတွေတုံ့ခနဲ...
ဖြူစွတ်နေတဲ့အရောင်ပေါ်မှာနေကြာပန်းလေးတစ်ပွင့်ပုံဆွဲထားတဲ့ပန်းအိုးလေးက ဖွားအတွက် Ta ဝယ်ပေးထားတဲ့လက်ဆောင်လေး... ဖွားကအရမ်းကြိုက်လွန်းလို့ ထိုဗီရိုလေးပေါ်တင်ထားကာ အမြဲသူ့ခြံထဲကပန်းလေးတွေကိုလှလှလေးထိုးထားပြီး တသသလုပ်နေတာဖြစ်သည်... ခုတော့ထိုပန်းအိုးလေးကကြမ်းပြင်မှာတစ်စစီ... တံခါးနဲ့တည့်တည့်မှာရှိနေတာကြောင့် လေပြင်းဝင်လိုက်တာနဲ့ပြုတ်ကျသွားပုံရသည်...
"ကလေးလေး~~"
မျက်စိမျက်နှာပျက်နေတဲ့ဖွားကိုဧည့်ခန်းကခုံမှာထိုင်ခိုင်းလိုက်ကာ တံမြက်စည်းနဲ့ဂေါ်ပြားပြေးယူပြီးသန့်ရှင်းရေးပြန်လုပ်ရသည်... တစ်စစီဖြစ်နေတဲ့ပန်းအိုးလေးကိုကြည့်ရင်းချက်ချင်းဆိုသလို ခံစားချက်မကောင်းတော့... Ta အဆင်မှပြေရဲ့လားမသိ...
"လူကလေး~"
"ဗျာ ဖွား"
"ကလေးလေးတစ်ခုခုများဖြစ်နေသလားကွယ် ဖွားရင်ထဲမကောင်းလိုက်တာ~~"
မျက်နှာအပျက်ပျက်နှင့်ဖွားလိုပင်သူလည်းစိတ်ထဲတစ်မျိုးဖြစ်နေသည်...
"Ta နဲ့ ဖုန်းပြောမလားဖွား~"
"ခေါ်ကြည့်စမ်းပါ လူကလေးရယ်~ အသံလေးဖြစ်ဖြစ်ကြားချင်တယ်"
"ခဏနော် သားဒါတွေသိမ်းလိုက်အုံးမယ်~"
ခပ်သွက်သွက်သိမ်းဆည်းပြီးတာနဲ့ဖွားဘေးနားမှာဝင်ထိုင်ကာ ဖုန်းဖွင့်လိုက်သည်... နာရီကြည့်မိတော့ ၁၀ နာရီစွန်းစွန်း... ကြာကြာစဉ်းစားမနေဘဲ Ta ဟုမှတ်ထားသောဖုန်းနံပါတ်ကလေးကိုနှိပ်လိုက်ပြီးတစ်ဆက်တည်း speaker ပါဖွင့်ထားလိုက်သည်...
ဖုန်းဝင်သံတတူတူကို မြေးအဖွားနှစ်ယောက်နားထောင်နေမိကြတာ တိတ်တိတ်ဆိတ်ဆိတ်...
“ဟယ်လို~~”
တစ်ဖက်ကထွက်လာတဲ့အသံအေးအေးလေးကိုကြားမှ မြေးအဖွားနှစ်ယောက်လုံးသက်ပြင်းဖွဖွချရသည်...
“Ta အိပ်နေပြီလား~”
“ဟင့်အင်း~ ”
“ဖွားကသတိရလို့တဲ့~”
“Taလေး~~”
“ဖွား~”
တက်တက်ကြွကြွအသံလေးကြောင့်သူမပြုံးလိုက်မိသည်...
“ပိတ်ရက်ကျလာခဲ့အုံးနော် ဖွားစံပယ်တွေပွင့်နေပြန်ပြီ”
“ဟုတ် ဖွား~ ဘာစားချင်လဲဟင်~ Ta မနက်ဖြန်ကျရင် Mark နဲ့ထည့်ပေးလိုက်မယ်လေ~”
ဖုန်းပြောနေတဲ့ဖွားကလည်းခုမှပြုံးလာသလို သူလည်းနေရတာစိတ်ပေါ့သွားရသည်... ကြည့်ပါအုံး နှစ်ယောက်သားကအလွမ်းသယ်နေလိုက်ကြပုံများ အကြာကြီးဝေးနေရတဲ့မိသားစုတွေလို... နှစ်ယောက်သားကတကယ့်ကိုအေးအေးချမ်းချမ်းလေးမို့ ကြည့်မိတဲ့လူတိုင်းကမပြုံးဘဲမနေနိုင်အောင်အကြည်ဓာတ်ကလေးတွေပင်... သူကလည်း သူ့သူငယ်ချင်းသေးသေးလေးကိုညီငယ်လေးတစ်ယောက်လိုချစ်ပေး ကာကွယ်ပေးချင်တာကိုသတိရမိတော့ပြုံးမိရပြန်သည်... ဘယ်ဘဝရဲ့ရေစက်ကလေးတွေသူတို့ဆီလာဆုံတာပါလိမ့်~~~
>>>>>>>>>>>>>>>>>>>>>
"ဟုတ် ဖွား~ ဒါဘဲနော်~~"
ဖုန်းချပြီးတာနဲ့တန်းဝင်လာတဲ့ဖုန်းကောလ်ကဘယ်အချိန်ကတည်းကခေါ်နေမှန်းမသိ... Contact Name ကိုမြင်တာနဲ့နှုတ်ခမ်းစွန်းလေးတွေကော့တက်သွားရကာ Answer ကိုချက်ချင်းနှိပ်လိုက်သည်...
"TaTa ~"
ဖုန်းကိုင်လိုက်တာနဲ့တစ်ပြိုင်တည်းကြားလိုက်ရတဲ့အသံကခပ်ရှရှ...
"ဟုတ်~"
"ကိုယ်ခုနကခေါ်သေးတယ် ~"
"..."
"ဖုန်းမအားဘူးတဲ့လေ~ "
"အာ~~"
"ဘယ်သူနဲ့ပြောနေတာလဲကိုယ့်ကိုပြောပါအုံး~"
"ဖွားနဲ့~~"
"ဘာအကြောင်းတွေပြောကြလဲ~~"
ခဏတိတ်ဆိတ်သွားပြန်သည်...
"စံပယ်တွေအကြောင်း~~"
"အင်း~"
"ပြီးတော့~"
"Um hmm~"
"...."
"..."
"ပိတ်ရက်ကျလာခဲ့အုံးတဲ့~"
"ပြီးတော့ ဘာတွေထပ်ပြောသေးလဲ ~~"
"ဟင့်အင်း~~"
"ဟုတ်လား ကိုယ် vd call ခေါ်လိုက်မယ်နော်~"
"ဟုတ်~"
ဖုန်းချပြီးတာနဲ့ကုတင်ခြေရင်းကမှန်ကိုခေါင်းထောင်ပြီးတစ်ချက်ကြည့်လိုက်ကာ ခပ်ရှုပ်ရှုပ်ဖြစ်နေတဲ့ဆံပင်တွေကိုလိုက်ဖိနေမိသည်...
"!!!"
ကုတင်ကိုကျောမှီထိုင်လိုက်ရင်း ဝင်လာတဲ့ vd call လေးကိုဖြေလိုက်သည်... တစ်ဆက်တည်းမှာပေါ်လာတဲ့မျက်နှာချောချောက သူ့ကိုမြင်တာနဲ့ပြုံးကျသွားတာများနွေးနွေးထွေးထွေး...
"ဆန်တာပွန်ဆာပတ်ကလေး ညမိုးချုပ်မှခေါင်းလျှော်ထားပြန်ပြီလား~~"
သူပြောလိုက်တော့မျက်လုံးလေးတွေဝိုင်းစက်ကာ တအံ့တဩကြည့်သည်... ဘယ်လိုသိတာလဲဆိုသည့်သဘော... ကိုယ်ကလည်းသူလေးနဲ့မှအသေးစိတ်ကအစသတိထားမိနေတော့ခက်ပြီ...
"စကားနားမထောင်တဲ့ဂျစ်တူးလေးဘဲကွာ~"
"~~"
လက်ညှိုးလေးနဲ့နှာခေါင်းထိပ်ကလေးကိုတို့ထိရင်း သူ့ကိုမကြည့်တော့တဲ့ကောင်လေးကိုအသည်းတယားယား... အဲ့ဒီပွန်ဆာပတ်လေးက တကယ့်ကိုပြန်မပြောနားမထောင်လေး... ညဘက်တွေအေးလို့မိုးချုပ်ရင်ခေါင်းမလျှော်နဲ့ဆိုတာကိုရအောင်ခိုးလျှော်လိုက်သေးသည်...
"စကားနားမထောင်တဲ့ကလေးကို မနက်ကျမှအနမ်းကြီးကြီးပေးပြီးအပြစ်ပေးရမယ်~"
"!"
သူ့စကားအဆုံးမှာမျက်နှာလေးကိုတစ်ဖက်စောင်းပစ်တာမို့ မြင်နေရတဲ့နားရွက်ကလေးကရဲခနဲ...
"လှလိုက်တာ~~"
ဘေးတစ်စောင်းမြင်နေရတဲ့မျက်နှာလေးကဝင်းမွတ်ကြည်စင်နေပြီး မညှပ်တာကြာပြီဖြစ်တဲ့ဆံပင်ရှည်ရှည်လေးတွေကမျက်နှာနုနုပေါ်ဟိုတစ်စဒီတစ်စဝဲကျနေသည်မှာ အလှပဆုံးသောပန်းချီကားလေးတစ်ချပ်လို မျက်စိမလွှဲပစ်ချင်စရာ...
"Phi~~"
"Hmm hmm~~"
ခေါ်တာကိုထူးတာမဟုတ်ဘဲ ငေးကြည့်နေရင်းကအကြည့်မလွှဲဘဲအသံပြုလိုက်တာဖြစ်သည်...
"ဖုန်းချမှာ~~"
"ဟားးး~~!"
တိုးတိုးလေးပြောလာတဲ့စကားကအသည်းယားစရာမို့ သဘောတကျရယ်မောမိသည်အထိ... သူ့ရယ်သံကြောင့်ထင် မျက်နှာလေးပြန်လှည့်မလာတော့... အသည်းယားဖို့ကောင်အောင်ရှက်နေတာပဲကွာ... အနားမှာသာရှိရင်ရင်ခွင်ဆွဲသွင်းပြီးတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားမိမှာမလွဲ...
"ဟုတ်ပြီ ဟုတ်ပြီ မပြောတော့ဘူး~ "
"...."
"တစ်ခြားအကြောင်းပဲပြောမယ်လေ~~"
"...."
"မျက်နှာလေးပြပါအုံး~~"
"...."
ဘာပြောပြောလျစ်လျူရှုထားတဲ့ကလေးက သူပြောသလိုဖုန်းတော့မချပစ်တာမို့ ဘေးတစ်စောင်းမျက်နှာလေးကိုသာငေးစိုက်ကြည့်နေမိသည်... သူ့မှာဒါလေးကိုဘဲချစ်မဝ...
ရုတ်တရက်အကြံတစ်ခုရသွားတာနဲ့ ထိုပုံစံလေးကို Screenshot ရိုက်ယူလိုက်သည်... ပြီးတာနဲ့ချက်ချင်းမဝင်တာကြာပြီဖြစ်တဲ့ Instagram acc ထဲဝင်လိုက်ကာ Status တစ်ခုတင်ပြီးတာနဲ့ Vd call ဆီကိုပြန်ဝင်လိုက်သည်...
"ကိုယ့်ကိုမျက်နှာလေးမပြတော့ဘူးလား~~"
"..."
"Baby~~"
ထိုအခါမှဆတ်ခနဲလှည့်လာတဲ့မျက်နှာလေး... ပြုံးပြုံးကြီးကြည့်နေတဲ့သူ့ကိုမြင်တော့ မျက်တောင်လေးတွေတဖျတ်ဖျတ်ခတ်သွားပြီး အောက်နှုတ်ခမ်းလေးကိုကိုက်သည်...ချက်ချင်းရဲတက်လာတဲ့ပါးလေးတွေကြောင့် စကားလမ်းကြောင်းလွှဲဖို့ပြင်ရသည်... မဟုတ်ရင်သူအသည်းယားနေတာနဲ့ကလေးက တကယ်ဖုန်းချပစ်တော့မှာ...
"မိုးရွာတော့မယ် ပြတင်းပေါက်တွေသေချာပိတ်ပြီးပြီလား~~"
"ဟုတ်~~"
"ခေါင်းကရေပြောင်အောင်သုတ်ပြီးပြီလား မခြောက်သေးဘဲမအိပ်နဲ့နော်~"
"သုတ်ပြီးပြီ~~"
"ဟုတ်ပါပြီ Aircon လေကိုလျှော့ပြီးမှအိပ်ယာဝင်နော်~"
"Phi Perth ~~"
"ဟင်~"
"ကျွန်တော့်လက်ပတ်လေး~~"
"ဟင်~!"
"ပြတ်သွားပြီ~~"
"ဘယ်လို~!"
ချက်ချင်းကင်မရာက လက်ဝါးထဲကကြိုးနီလေးဆီကိုမြင်ကွင်းပြောင်းသွားသည်...
"ဘယ်လိုဖြစ်တာလဲကွာ~~"
ကြိုးနီလေးကအထုံးရှိတဲ့နေရာကပြတ်တာမဟုတ်ဘဲ တစ်ခုခုနဲ့ငြိပြီးမှပြတ်ထားသလိုပင်...
"ပြန်ဆက်လို့ရသေးလား~~"
"ဟင့်အင်း~~"
ကလေးပြောပြထားလို့ဒီကြိုးနီလေးက ဘယ်လောက်အရေးပါလဲဆိုတာသူသိထားပြီးသားပင်... ကလေးကလည်းအမြတ်တနိုးဝတ်ထားတတ်တဲ့လက်ပတ်က ဘယ်အကြောင်းကြောင့်များပြတ်ရသနည်း... သူကိုင်ကြည့်နေကျမို့ ကြိုးလေးကတော်ရုံပြတ်မည့်အမျိုးအစားထဲကမဟုတ်...
"ခုနက~"
"~"
"ရေချိုးနေရင်းနဲ့ပြတ်ကျလာတာ~"
"ဟင်~~"
ဒါဘယ်လိုအခြေအနေကြီးလဲ... အလကားနေရင်းလက်မှာပတ်ထားတဲ့ကြိုးကသူ့အလိုလိုတော့ပြေကျလာမှာမဟုတ်... ဒါသွေးရိုးသားရိုးမှဟုတ်ရဲ့လား...
တွေးနေတုန်းဖုန်းလိုင်းတစ်ဖက်ကမြင်နေရတဲ့မျက်နှာကြည်ကြည်လေးအစား ဖျတ်ခနဲပေါ်လာတဲ့ပုံရိပ်တစ်ခု... တကယ့်ကိုရုတ်တရက်မို့ သေချာပြန်ကြည့်တော့ နားမလည်သလိုမျက်နှာလေးကသာသူ့ကိုအူတူတူလေးကြည့်နေသည်...ထိတ်ခနဲဖြစ်သွားတဲ့စိတ်က ကုတင်ကိုကျောမှီထိုင်နေရာက ဆတ်ခနဲခါးမတ်လိုက်မိသည်အထိ...
"TaTa~! "
"ဟင်~"
စိုးရိမ်နေတဲ့သူ့လေသံကြောင့်ကင်မရာပြန်လှည့်လိုက်တဲ့ကလေးက ထိတ်ပြာနေတဲ့သူ့ကိုမြင်ပြီးတအံ့တဩ...
"ကိုယ့်စီလာခဲ့မလား မဟုတ်ဘူး ကိုယ်အခုထွက်လာမှာမို့ ဘယ်မှမသွားနဲ့နော်~!"
အလောတကြီးဖြစ်နေတဲ့သူ့ကိုလိုက်ကြည့်နေတဲ့ကလေးက ဘာဖြစ်သွားမှန်းနားမလည်ပုံ...
"မဟုတ် ~ Phi~"
"ဖုန်းမချနဲ့နော်~ ဘယ်မှလည်းမသွားနဲ့~!"
သူ့ကိုဘာမှပြောခွင့်မပေးဘဲမြင်ကွင်းကနေခနပျောက်သွားပြီးမျက်နှာကျက်ကိုသာမြင်နေရ
တာကြောင့် ဖုန်းကိုအိပ်ယာပေါ်တင်ထားခဲ့ပုံရသည်...
"TaTa ကိုယ်ပြောတာနားထောင်~ အိမ်မှာဘုရားခန်းရှိတယ်မလား~!"
"ဟုတ်~"
"အင်း အဲ့အခန်းထဲဝင်နေလိုက်~ကိုယ့်ကိုမတွေ့မချင်းအပြင်ကိုမထွက်လာနဲ့နော်~!"
"ကိုယ်ပြောတာကြားလားကလေး~!"
"ဟုတ်~ "
"အင်း အ့ဆိုထ~ အခုသွားလိုက်~! "
ဘာတွေဖြစ်နေမှန်းမသိပေမယ့် ထိတ်လန့်နေတဲ့မျက်နှာနဲ့ Phi Perth ကြောင့်သူလည်းစိုးရိမ်လာသည်... ကုတင်ပေါ်ကအဆင်းမှာနားနားလေးကိုထိတွေ့လာတဲ့အေးစက်စက်အငွေ့အသက်ကြောင့် လူကတောင့်ခနဲဖြစ်သွားကာ အခြေအနေကိုသဘောပေါက်သွားရသည်...
"Phi~!"
ခပ်အက်အက်အသံလေးကြောင့် ကားပေါ်မှာထိုင်ခုံခါးပါတ်ပါတ်နေရင်းက ထိတ်ခနဲ.. screenမှာမြင်နေရတဲ့မျက်နှာလေးကမလှုပ်မယှက်...သေချာကြည့်လိုက်တော့ချွေးစေးတွေပါပျံနေတာမို့ရင်ထဲမှာဗလောင်ဆူလာရသည်..
"ဘာမှမဖြစ်ဘူးနော်ကလေး~ !ကိုယ်ရှိတယ်~! ကိုယ်လာနေပြီမို့လို့ သတိထားပါအုံး~!"
အိမ်ထဲကထွက်လာတဲ့ Junior ကကားပေါ်ကသူ့ကိုမြင်တော့အံ့ဩတကြီးဖြစ်သွားသည်...
"Phi ဘယ်သွားမလို့လဲ!"
"Ju !ငါ့ကိုခြံတံခါးဖွင့်ပေးအုံး~ !!"
ကားအနားကပ်လာတဲ့ Junior ကတုန်လှုပ်နေတဲ့သူ့ပုံစံကိုမြင်တော့အပြေးအလွှားခြံတံခါးသွားဖွင့်သည်..
ကားစက်နှိုးနေတုန်း ဒေါက် ခနဲတစ်ခုခုပြုတ်ကျသံနဲ့အတူ screen ပေါ်ကမြင်ကွင်းကဂနာမငြိမ်ယမ်းခါသွားပြီး မျက်နှာကျက်ပေါ်ကမီးဆိုင်းကြီးကိုသာမြင်လိုက်ရတာမို့သူကတောင့်ခနဲ...
"TaTa!! ကလေး!! "
ကားဆီပြန်လာနေတဲ့ Junior က သူ့ရဲ့အထိတ်တလန့်အော်သံကြောင့်စိုးရိမ်တကြီးဖြစ်ကာ သူ့နားကိုအပြေးရောက်လာသည်..
"Phi! ဘာဖြစ်တာလဲ ! Ta ဘာဖြစ်လို့လဲ~!"
"Ju! ကလေး ! ငါကလေးဆီသွားရမယ်!"
"ဒီပုံစံနဲ့Phiကားမောင်းလို့မဖြစ်ဘူး ဖယ် ကျွန်တော်မောင်းမယ် မြန်မြန်!"
သူ့ညီပြောတာလည်းဟုတ်နေတာမို့ ဘေးခုံကိုပြောင်းပေးလိုက်တော့ ကားမောင်းသူနေရာမှာမြန်မြန်ဆန်ဆန်ဝင်ထိုင်ကာ ခြံဝန်းထဲကနေဝေါခနဲမောင်းထွက်သည်... ဖေဖေကအိမ်မှာမရှိလို့သာတော်သေးသည်...
ပြန်ဖြေသူမရှိငြိမ်သက်နေတဲ့မြင်ကွင်းကိုမျက်ေတာင်မခတ်ကြည့်နေရင်းက ရင်ထဲပြည့်သိပ်လာသောလေးလံမှုများ... ဘုရားသိကြားမလို့သူ့ကလေးလေးအန္တရာယ်နဲ့ကြုံနေရတာမဟုတ်ပါစေနဲ့~~
ဘာမှမမေးပေမယ့်ကားကိုအာရုံစိုက်မောင်းနေတဲ့ Junior ကလည်းစိုးရိမ်မျက်နှာဖြင့်...တရိပ်ရိပ်ပြေးလွှားနေတဲ့ကားလေးက လမ်းမှာမီးပွိုင့်ဘယ်နှခုကိုဖြတ်မောင်းလာခဲ့သလဲမမှတ်မိတော့...
Phi Perth ပြောတဲ့လိပ်စာအတိုင်းလမ်းထဲကိုကွေ့ဝင်လိုက်တော့ အုံ့အုံ့မှိုင်းမှိုင်းပတ်ဝန်းကျင်တစ်ခု... မှောင်မည်းနေပုံကထူးထူးခြားခြားခြောက်ခြားစရာကောင်းနေသည်... များများစားစားမတွေးနိုင်ဘဲတရစပ်မောင်းလာလိုက်တော့ ခြံစည်းရိုးအမြင့်ကြီးရှိတဲ့ခြံဝန်းတစ်ခုကိုလှမ်းမြင်လိုက်ရသည်...
"ဒီအတိုင်းမောင်း! အရှိန်မလျှော့နဲ့!"
ခြံတံခါးနားရောက်ခါနီးမို့အရှိန်လျှော့ဖို့ပြင်တော့ ဆက်မောင်းဖို့ခိုင်းလာတဲ့အစ်ကိုဖြစ်သူကိုနားမလည်သလိုလှည့်ကြည့်လိုက်မိသည်... အတည်ပြောနေတဲ့ပုံစံကြောင့် ဘုရားတလိုက်ရင်း လီဗာကိုပြန်တင်ကာမောင်းချလိုက်တော့ သူထင်ထားသလိုခြံတံခါးကိုဝင်မတိုက်မိဘဲကားလာတာနဲ့တံခါးကအော်တိုပွင့်သွားတာပင်...
သက်မကိုမသိမသာချကာဆက်မောင်းသွားလိုက်တော့ ကားမီးရောင်အောက်မှာမြင်လိုက်ရတဲ့အိမ်ကြီး... အတော်လေးကိုထုထည်ကြီးမားတာမို့သူ့မှာပါးစပ်အဟောင်းသား...
ခြံဝန်းထဲဝင်လိုက်တာနဲ့ ပုံမှန်လင်းထိန်နေတဲ့စံအိမ်ကြီးက ခြောက်ခြားဖို့ကောင်းအောင်မှောင်မည်းနေတာမို့ Perth တုန်လှုပ်သွားရသည်.. ဆင်ဝင်အောက်မှာကားရပ်လိုက်တာနဲ့ကားပေါ်ကဆင်းပြေးသွားတဲ့သူ့နောက် Junior ကလည်းအပြေးပါလာသည်..
မှောင်မည်းနေတဲ့အိမ်ကြီးထဲဝင်လိုက်တာနဲ့ ပုံမှန်မဟုတ်တဲ့တိတ်ဆိတ်မှုကိုခံစားလိုက်ရသည်... ပြီးတော့ပုံမှန်မဟုတ်တဲ့အေးစက်စက်လေထု... ထိုလေထုထဲမှကပ်ပါလာသောညှီစို့စို့အနံ့အသက်...
"TaTa လား~"
အိမ်ကြီးထဲဝေ့ဝဲကြည့်နေတုန်း လှေကားရင်းမှာထိုင်နေတဲ့ပုံရိပ်တစ်ခု... မှောင်မည်းနေတာမို့ဘယ်သူဘယ်ဝါမှန်းကွဲကွဲပြားပြားမမြင်ရ...
"TaTa~ ကိုယ်!!"
"ချောက်!!!"
"!!!"
ဝိုးတဝါးမြင်နေရတဲ့ပုံရိပ်သေးသေးလေးဆီသွားဖို့ခြေလှမ်းပြင်နေတုန်း ချောက်ခနဲပွင့်လာတဲ့အသံနဲ့အတူထိန်ထိန်လင်းလာတဲ့အလင်းရောင်ကစူးခနဲမို့မျက်လုံးတွေမှိတ်လိုက်မိသည်...
"Phi Perth!!!!"
အထိတ်တလန့်အော်သံကသူ့နောက်က Junior ဆီက.. သူ့လက်မောင်းတွေကိုပါဆောင့်ဆွဲလိုက်တာမို့ လူကယိုင်ခနဲ...
"Ta!!!"
Junior ကို စိတ်ရှုပ်ထွေးစွာလှည့်ကြည့်နေတုန်း ဖြူစုတ်သွားတဲ့မျက်နှာကသူ့ကိုကျော်ကာ နောက်ဘက်ကိုကြည့်နေတာမို့အလျင်အမြန်လှည့်ကြည့်လိုက်မိသည်..
မြင်လိုက်ရတဲ့မြင်ကွင်းကသွေးပျက်စရာ... နေရာအနှံ့မှာသွေးအိုင်ထဲလဲနေကြတဲ့အလုပ်သမားတွေ... ချောင်းရေအလားစီးနေတဲ့သွေးအိုင်တွေထဲကလူတွေက တစ်ခုခုကိုထိတ်လန့်ကြောက်ရွံ့သွားရသလို မျက်လုံးများကပြူးကျယ်ဝိုင်းစက်လျက်...
"ရောက်လာကြပြီဘဲ"
အေးစက်စက်စကားသံကလှေကားထစ်တွေမှာထိုင်နေတဲ့လူဆီက...
"TaTa!!!"
ထိတ်လန့်စွာအော်လိုက်မိတဲ့သူက မျက်စိရှေ့မှပုံရိပ်လေးကိုမယုံကြည်နိုင်စွာကြည့်ရင်းကြက်သေသေနေမိသည်...
သွေးစက်လက်ကျနေတဲ့ဓားတစ်ချောင်းကိုကိုင်ထားရင်း ခံစားချက်မရှိတဲ့မျက်လုံးသေတွေကသူ့ကိုစူးစိုက်ကြည့်နေသည်... ခုနလေးကအထိကြည်လင်နေသောမျက်နှာလေးမှာ သွေးစက်များကမြင်မကောင်းလောက်အောင်စွန်းပေနေသည်... တုန်လှုပ်သွားတဲ့သူ့ပုံစံကိုမြင်တော့ခပ်မဲ့မဲ့ပြုံးလိုက်သူကထိုင်ရာကနေထကာသူ့ဆီလျှောက်လာနေသည်...
သွေးအိုင်ထဲကအလောင်းတွေကိုနင်းဖြတ်လာတဲ့ခြေဖဝါးလေးက သွေးတွေချင်းချင်းနီနေသည်... မဟုတ်မှ ဒီလူတွေကိုသူ့ကလေးလေးက ...!!
တုန်လှုပ်စရာအတွေးကြောင့် သူ့ဆီတစိုက်မတ်မတ်လျှောက်လာနေတဲ့မျက်နှာလေးကိုသာ အာစေးမိနေသူလိုမလှုပ်မယှက်ငေးကြည့်နေမိသည်... သူလာနေတဲ့အချိန်ခဏလေးအတွင်းမှာဘာတွေဖြစ်သွားတာလဲ!!!
မျက်နှာလေးပေါ်ကသွေးစက်တွေကို ဓားကိုင်ထားတဲ့လက်နဲ့ပဲပွတ်ဆွဲသုတ်လိုက်တာမို့ သတိဝင်လာကာအလန့်တကြားရှေ့တိုးလိုက်ရင်း လက်လှမ်းလိုက်မိသည်...
"Phi!!!"
နောက်က Junior အော်သံကိုလည်းဂရုမစိုက်မိတော့... သူ့ကလေးလေးထိခိုက်မိတော့မှာဘဲ...
"ဟက်!!"
လက်လှမ်းလာတဲ့သူ့ကိုမြင်တော့ဟက်ခနဲရီချလိုက်ပုံက တမင်လှောင်ပြောင်နေသလို... သူမရင်းနှီးတဲ့ပုံစံလေးကိုငေးရင်းညာဘက်မျက်ဝန်းအိမ်ကမျက်ရည်စက်ကပေါက်ခနဲ...
"ဟား! ဟား! ဟား!"
ခေါင်းမော့ကာတဟားဟားအော်ရယ်လာတဲ့ ဩရှရှရယ်သံမှာသူ့နှလုံးသားတစ်ခုလုံးချောက်နက်နက်ထဲပြုတ်ကျသွားသလိုပင်...
ကိုယ့်ရဲ့ Pongsapak လေး မင်းဘယ်မှာလဲ~~~ ။
<<<<<<<<<<<<<>>>>>>>>>>>>>
ကိုယ့်ကိုစိတ်ပူပေးကြပြီးမျှော်နေပေးတဲ့ဘေဘီတို့အတွက်လက်ကနည်း"လေးနာနေသေးပေမယ့်အရှည်ကြီးရေးပေးလိုက်တယ်နော်♡ အပ်ပုဒိတ်တွေမှန်အောင်ကြိုးစားပါတော့မယ်ဗျ♡ YOUNG MASTER လေးကိုလည်းချစ်ပေးကြလို့ကျေးဇူးပါနော် ဘေဘီတို့အရမ်းချစ်ဖို့ကောင်းတာဘဲ😭 တစ်လှည့်စီ up ပေးမယ်နော်ဘေဘီတို့(အာချောင်တာ😭) ပြီးတော့လေ ဘေဘီတို့ထဲမှာ X သုံးတဲ့သူရှိကြလားဟင် ကိုယ်တို့ X မှာ သူငယ်ချင်းလုပ်ရအောင်လေ မနှစ်ကဖွင့်ပြီးပါ့စဝါ့မေ့လို့ပြန်ဝင်မရတော့တဲ့ acc ကဘယ်လိုပြန်ရလာလည်းမသိဘူး ထပ်ဖွင့်ထားတဲ့ဟာကပျက်ကျသွားရော အခုဟာကအသစ်လိုဖြစ်နေတော့ ကိုယ်တို့အပြန်အလှန် follow ကြမလား ကိုယ်တို့သားတွေကိုအတူတူ support လုပ်ကြရအောင်လေ🥺♡ ဒါကကိုယ့် acc 🎀မျှော်နေမယ်နော်😚