GHOST?

By Sbl_nc

10.3K 912 263

William-သရဲလား? မြင်ရတာရိုးနေပါပြီ။ Est-သူတို့ကိုမြင်နေရတာက အားနည်းချက်လား။ဒါမှမဟုတ် အားသာချက်လား။ Nut-မမြင်ခ... More

Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22

Part-9

432 36 3
By Sbl_nc

William:ဒီက...tongဆိုတာလား။

Tong:အာ..ဟုတ်ပါတယ်။ဘာကိစ္စရှိလို့လည်းဗျ။

Nut:အိမ်ထဲရောက်မှ ပြောလို့ရလား။

Tong:ဪ..ဟုတ် ရပါတယ်။အထဲကိုကြွပါ။

(williamတို့အား ထိုငယ်ငယ်ရွယ်ရွယ်ကောင်လေးက အိမ်ထဲသို့လာစေသည်။)

Tong:အမေရေ! ဧည့်သည်တွေလာတယ်။

Mika:ဟေ! အေး လာပြီသားရေ။

(အသက်၅၀ ၀န်းကျင်အမျိုးသမီးတစ်ဦးအိမ်နောက်ဖေးမှထွက်လာဟန်။)

Mika:မောင်ရင်တို့ ဘာကိစ္စရှိလို့လဲ။

Nut:အဒေါ်က khun.pongရဲ့အမျိုးသမီးလား။

Mika:ဟုတ်ပါတယ်ကွယ်။

(ထိုချိန် nutကဆက်ပြောနေရင်း williamကထိုနေရာမှထကာ အိမ်ရှေ့တံခါးပေါက်သို့သွား၍ မျက်လုံးတို့ကို မှေးမှိန်ကာ ပြောလိုက်သည်။)

William:ခဗျားလာလို့ရပြီ။ခဗျာပြောတဲ့တစ်ချက်ချင်းစီကို ကျုပ်ပြောပြပေးမယ်။

(ထို့နောက် Williamရဲ့နဖူးပေါ်မှ ၀ဲကာကျနေသောဆံပင်စသို့ လေပြေတစ်စုံမှာဖြတ်ခနဲတိုး၀င်လာတော့ သူနားလည်ဟန်ဖြင့် အိမ်ထဲသို့ပြန်၀င်သည်။ထိုစဥ် ကောင်လေးနှင့်မိခင်ဖြစ်သူမှာလည်း အံ့ဩတကြီးဖြင့်မိခင်ဖြစ်သူမှာလည်း ငိုကြွေးနေလေသည်။)

Mika:သူ့၀ိညာဥ်တကယ်ပဲရှိနေသေးတာလားသားရယ်။

Nut:ကျွန်တော် သက်သေနှင့်တစ်ကွက်ချပြထားတာပဲအဒေါ်ရယ်။မယုံလို့လား။

Mika:မဟုတ်ဘူး..ယုံတယ်။ဟင့်! အဒေါ်ယုံပါတယ်။ဒီအရာတွေအားလုံးက သူနဲ့အဒေါ်တို့မိသားစုပဲ သိတာမို့။အဒေါ်သဘောပေါက်တယ်သားတို့။

William:အခုသူ ကျွန်တော်တို့အနားရှိတယ်။အကြောင်းအရာတွေကိုပြောပြရတော့မလား။

Mika:သူဘယ်နားမှာလဲ။

Est:ကျွန်တော့်ဘေးမှာပါ။

(est၏အသံအဆုံး ကောင်လေးနှင့်မိခင်ဖြစ်သူမှာ မျက်ရည်တို့မြေခရလေသည်။)

Tong:အဖေရယ်....

(မိခင်မှာတော့ ငိုသာငိုနေတော့လေသည်။)

Tong:အဖေပြော! အဖေ့အတွက်အမှန်တရားကို ကျွန်တော်ရအောင်လုပ်မယ်။တကယ်သာ အဲ့လူအဖေ့အပေါ်အဲ့လိုလုပ်ခဲ့ရင် ကျွန်တော့်ကိုခိုင်မာတဲ့ သက်သေပေးအဖေ။အမှန်တရားကအဖေ့အတွက်ပဲဖြစ်စေရမယ်။

(ထို့နောက် williamကတစ်ဖက်သို့နားစွင့်ကာ)

William:အဲ့လူရဲ့ ဆောက်လှုပ်ရေးတိုက်ကပြီးပြီတဲ့။အဲ့တိုက်ရဲ့ အနောက်ဘက်​မှာ သူ့ကိုမြုတ်ထားတယ်တဲ့။အဲ့အရိုးတွေကိုသာ ဖော်နိုင်ရင် ဒီထက်ခိုင်မာတဲ့သက်သေမရှိတော့ဘူးတဲ့။

Mika:ယောက်ျားရယ်...

(ယူကြုံးမရဖြစ်နေသော မိခင်အား သားဖြစ်သူက ဖက်ထားကာ ဖခင်ရှိသည်ဟုယူဆရသော estဘေးနားသို့ကြည့်ကာ ဆိုလေသည်။)

Tong:အဖေစိတ်ချ။အမှန်တရားပေါ်ပေါက်စေရမယ်။ပြီးတော့..ကျွန်တော်နဲ့အမေကိုလဲ စိတ်ချပါအဖေ။အမေ့ကို ကျွန်တော်သေတဲ့အထိစောက်ရှောက်သွားမှာပါ။

William:သူစိတ်ချပါပြီတဲ့။

(ထို့နောက် သူတို့လည်း အိမ်သာပြန်ခဲ့ကြလေသည်။အိမ်ရောက်သည်ထိ စကားသိပ်မပြောကြပေ။tuiနှင့်legoသာ စကားအနည်းငယ်ပြောရင်း အောက်ဆင်းသွားလေသည်။williamကတော့ ၀ါရံတာမှအပြင်သို့ရပ်ကြည့်နေသော estကိုမြင်၍ သွားလိုက်လေသည်။)

William:အစ်ကို..

Est:ဪ..ကောင်လေး။

(williamဘက်သို့လှည့်လာသော ထိုလူကိုကြည့်တော့ မျက်ရည်များပင်၀ဲလို့ ငိုချင်တာကို ချုပ်သီးထားပုံပင်။)

William:ငိုချင်ရင်လည်း ငိုချလိုက်ပါ။ရင်ဖွင့်ချင်ရင်လည်း အခုကျွန်တော့်ကိုပြောပါ။

(ထိုသို့ပြောသော သူ့၏စကားအဆုံးတွင်estက သူ့ရင်ခွင်ထဲသို့ တိုး၀င်လာပြီး သူ့ရင်ဘတ်ပေါ်တွင် မျက်နှာအပ်လိုက်သည်။ထို့နောက် william၏ရင်ဘတ်ပေါ်မှ စိုစွတ်မှုကို သူကိုယ်တိုင်ခံစားလာရပြီး ငိုနေသူ၏ခါးကိုဖက်ကာ ခေါင်းသို့ငြင်သာစွာပွတ်ပေးနေမိသည်။)

Est:အင့်..ကောင်လေး~ မင်းသိလား။အစ်ကို..အစ်ကို တကယ်စိတ်မကောင်းဘူး။ဟင့်! သနားတယ်။အစ်ကိုသနားတယ်။အစ်ကိုသူတို့ကိုသနားတယ်။

(ရှိုက်သံတွေပါ ပါသည်ထိငိုနေသူကို williamရင်ခွင်ထဲမှမထုတ်ရက်ပေ။)

William:ကျွန်တော်သိတယ်..ကျုပ်သိတာမို့ ဒီတစ်နေ့အတွက်ပဲငိုပါ။

(estကထိုကောင်လေးရင်ခွင်ပေါ်မျက်နှာအပ်ရာကနေ မော့ကြည့်လေသည်။)

William:အစ်ကိုငိုတာကို နေ့တိုင်းကြည့်နေရလောက်တဲ့ထိ ကျုပ်အသည်းမမာတာမို့။ဒီတစ်နေ့ပဲအ၀ငိုပါအစ်ကို။

Est:ဟင့်..အင်းပါ။အစ်ကိုမငိုတော့ဘူးနော်။

(estကထိုကောင်လေးကိုကြည့်တော့ ဘုရားရေ! ဒီလိုအေးတိအေးစက်ကောင်လေးက မျက်ရည်၀ဲနေတာလား??)

Est:အစ်ကိုမငိုတော့ဘူး။မင်းစိတ်ထဲမထားနဲ့တော့နော်။အင့်..ဟုတ်ပြီလား။

William:အဲ့တာဆို ကတိပေး။ထပ်မငိုရတော့ဘူးနော်။

(estလည်း ငိုနေရသောမျက်နှာဖြင့် ပြုံးပြကာခေါင်းငြိမ့်ရင်းပြောလာလေသည်။)

Est:ဟုတ်ပါပြီ..အစ်ကိုကတိပေးပါတယ်။နော်~

(williamထိုလူကို ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်မိသည်။တစ်ဖက်တွင်...)

Nut:ချာတိတ်! ငိုနေတာလား!!

(nut hong၏နေရာသို့သွားတော့ တစ်မျက်နှာလုံးနီရဲကာ ရှိုက်ကြီးတငင်ငိုနေသောသူကြောင့် အလန့်တကြားဖြစ်ရလေသည်။)

Nut:ဘာလို့ငိုနေရတာလဲကွာ..၀မ်းနည်းလို့လား။ဟိုအိမ်ကကိစ္စကြောင့်လား။

Hong:အင့်...အင်း။

Nut:ချာတိတ်ကလဲကွာ...

(​ထိုသို့သာပြောထွက်နိုင်ခဲ့ပြီး ထိုကောင်လေးအား ရင်ခွင်ထဲသို့ဆွဲသွင်းမိလေသည်။)

Nut:၀မ်းမနည်းပါနဲ့ချာတိတ်ရယ်။မင်းရဲ့ အတိတ်ကအရာရာကို ကိုယ်ကဖြေသိမ့်ပေးမှာမို့။ကိုယ့်အပေါ်မှာ ပြိုလဲလိုက်ပါ။

Hong:ဟင့်..။

Nut:ချာတိတ် ကိုယ့်ကိုယုံတယ်မလား။

Hong:ယုံ..ယုံတယ်အစ်ကို။

Nut:မင်းအနားမှာ အစ်ကိုရှိနေပေးမယ်နော်။

Hong:အင့်..ကျေးဇူးပါအစ်ကိုရယ်~~

(ရင်ခွင်ထဲကနေ သူ့အားတင်းကျပ်စွာဖက်လာသောသူကို ပြန်ဖက်ရင်း nut၏ မျက်၀န်းမှ ၀ဲလွဲနေသော အရာအချို့ကိုတော့ ရင်ခွင်ထဲတွင် ငိုရှိုက်နေသောကောင်လေးရော nutကိုယ်တိုင်လည်း သတိပင်မထားမိပင်။ထိုချိန်တွင် ထိုနာမ်စားလေးအားအမှတ်မထင်ရေရွတ်မိသည်။)

Nut:ချာတိတ်ရာ~~

NC{Sbl}

1010 words

Continue Reading

You'll Also Like

4.9K 325 16
" ခွန် အနာဂတ်မှာဘာလုပ်ဖို့စဉ်းစားထားလဲ "𐙚⋆°🦢. " မင်းယောကျာ်း "⋆ᥫ᭡
9.1K 487 17
မိဘတွေကြောင့်လက်ထက်လိုက်ရတဲ့ Estတစ်ယောက် William နဲ့အဆင်ပြေပါ့မလားဆိုတာ .....
9.6K 1.3K 12
මනුස්ස කුයිලය වටා බැඳි රුදුරු යක්ෂයෙකුගේ ප්‍රේමය...!! Started - 2025/05/29 End -?? (කතුවරයාගේ අවසරයකින් තොරව උපුටා ගැනීමට හෝ PDF ගැසීමට අවසරයක් නැත...
1.7K 138 7
start date:25.4.25 end date :