抖阴社区

??????????????????? ????????????????(?)

Start from the beginning
                                    

                ရှဲ့ယွင်ပြန်သွားတော့ သူဆိုဖာပေါ်မှာထိုငိနေတဲ့ အမျိုးသမီးလေးကိုကြည့်မိသည်။ အရက်သောက်ထားသဖြငိ့ ပါးမိူ့မို့လေးသည် အနည်းငယ်နီရဲလျက် ကော့နေသောမျက်တောင်လေးတေသည် အိပ်ချငိနေ၍ မှေးစင်းနေသည်။ အပြာရောင်ဂါဝန်လေးနဲ့အသားအရေမှာ ဖြူသည်ထက်ကို ပို၍ ဆီးနှင်းကဲ့သို့ဖွေးနေသည်။
                  သူ့ကို မမြင်ဘူးထင်တယ်။ သူမအခန်းထဲကိုဝင်သွားလေသည်။

ည၂နာရီခန့် အောက်ထပ်မှ အသံတေကြား၍ သူဆငိးသွားမိသည်။    အောက်ရောက်တော့ အိမ်ရှိအလုပ်သမားများနှင့် ကြီးယွဲ့မအိပ်သေး ။အိမ်ပြင်တွင်လည်း အနက်ရောင်သက်တော်စောင့်များ ​အပြည့်ဖြင့်။
                 "ကြီးယွဲ့ ဘာတေဖြစ်နေတာလဲ"
"ဟယ် သခင်လေး အိပ်နေတာတော့မဟုတ်ဘူး မမလေးလေ အရက်ရှိနိပြနေပြီထင်တယ် အဲ့တာကြောင့် အကုန်လုံးမအိပ်သေးတာ"
"ဘယ်မှာလဲ ကျဲကျဲ့က"
"ဟိုးက ဥယျာဥ်ထဲက ဖန်စံအိမ်ထဲမှာ"
                     သူကြည့်လိုက်​တော့ ဖန်စံအိမ်လေးထဲ ညအိပ်ဝတ်စုံပါးပါးလေးနဲ့ ကျုံကျုံလေးထိုင်နေသောသူမ။
  "ကြီးယွဲ့ ကျဲကျဲ့ကဘာဖစ်နေတာလဲဟင်"   
               "မမလေး မူးနေတဲ့ အချိန် အရမ်းဖျားနေတာတို့ အရမ်းစိတ်ခြောက်ခြားပြီး စိတ်ဓာတ်ကျနေတဲ့အချိန်ဆိုရင် စိတ်က တခြားတစ်ယောက်လို​ပြောင်းသွားတတ်တယ်။ သူမငယ်ငယ်က သူ့အမေက ညဆိုရင် အဲ့စံအိမ်လေးထဲမှာ ပုံပြင်ဖတ်ပြပီး ချော့သိပ်တာပေါ့ သူမကလည်း ကြယ်လေးတေ ကြည့်ပြီး အိပ်ရတာအရမ်းသဘောကျတာ။
  
                    သခင်ကြီးတို့ ဆုံးသွားတော့ သခင်မလေးက အရွယ်နဲ့မလိုက် နှိပ်စက်ခံရတယ် ။ သူမ စိတ်ဒဏ်ရာတေကြီးသထက် ကြီးလာပြီးတော့ အပြင်းဖျားခဲ့တယ်။ အဖျားကြီးတော့ သူများတေလို အိပ်ရာထဲမနေပဲ ညဘက်ကြီး စံအိမ်လေးထဲမှာ သွားနေနေတာ။
                    ကြီးယွဲ့သွားခေါ်တော့ သူမက အခြားတစ်ယောက်လိုပြောင်းသွားတာ ဥပမာ ၇နှစ်သမီးလိုပဲ ကလေးလိုပဲ မျက်ရည်တေဝိုင်းနေတဲ့ မျကိဝန်းကြီးတေနဲ့ ကလေးလေးလိုပဲကွယ် ။ ဆရာဝန်ပြောတာတော့ စိတ်ဒဏ်ရာတေအရမ်းများလို့ သူမပျော်ရွှင်ရတဲ့ ကလေးဘဝမှာပဲ ပိတ်မိသွားတာလို့ပြောတာပဲ။
                   အဲ့အချိန် သူမကို ဖန်စံအိမ်ထဲက ထွက်ခိုင်းတဲ့သူတေဆိုရင် ရန်သူလိုသဘောထားပြီးတော့ အဲ့လူကို မသေမချင်းရိုကိတာမျိုး ရှိခဲ့ဘူးတယ်ကွဲ့ ။အာ့ကြောင့်မမလေးမူးလာရင် အန္တရာယ်ရှိလို့ လူတေအကုန်စောင့်ပေးနေရတာပေါ့ တော်သေးတယ် အရမ်းပြင်းထန်ရင် သူမကိုသူမ သေကြောင်းကြံတာမျိုးရှိတယ်။ အဲ့ကြောင့် ကိုယ်ရံတော်တေခေါ်ထားရတာ။ညတစ်ခုခုဆိုရင် မေ့ဆေးအမြန်ပေးလို့ရအောင်။" ဒီကိစ္စကို ကျန်းစံအိမ်နဲ့လူ အနည်းအကျဥ်းပဲသိတာ သခင်လေးရှ ဆရာဝန်ဖစိတော့ သူလည်း ကြိုးစားကုပေးပါတယ် ဒါပေမဲ့ ဒါမျိုးကမပျောက်​​တော့ဘူး။

The Beginning Of Love?(own creation)Where stories live. Discover now