抖阴社区

???????????????????????

463 37 0
                                    

        သူမ မိန့်ခွန်းပြောရမဲ့အလှည့်ရောက်လာသည်။ ေကျာ်ကြားတဲ့ စီးပွားရေးလုပ်ငန်းရှင်ပီသစွာ သူမတက်ရောက်သည့် အခမ်းအနားတိုင်းတွင် မိန့်ခွန်းပြောပေးရသည်။ သူမသည် အများကြီးမပြင်ဆင်ထား၊ သာမန်ရုံးသွားလျှင် ဝတ်နေကျပုံစံလေး မိတ်ကပ်ပါးပါးလေးနဲ့ ၊ အမြဲစမတ်ကျနေသည်။

သူမ၏ ညဏ်အမျှောိအမြင်ရှိစွာ လုပ်ငန်းကိစ္စများကိုကိုင်တွယ်ဖြေရှင်းကာ ပါးနပ်စွာ ကုမ္ပဏီကြီးတစ်ခုအား ထူထောင်နိုင်ခဲ့မှူ ၊ နိုင်ငံခြားမှ ကုမ္ပဏီ ကြီးများဖြင့်တောင် ယှဥ်နိုင်နေပြီလေ။ သူမ၏ နေရာသည် လူတိုင်းမျှော်မှန်း၍ မရနိုင်သော စီးပွားရေးလောကအလယ်က အချမ်းသာဆုံး ဆယ်ကျော်သက်ကောင်မလေးဖြစ်သည်။

အခုသူမ စင်ပေါ်ကိုတက်လိုက်တော့ လူတိုင်းသူမကိုမြင်ရသည်။ သူမ၏အသက်ဘယ်လောက်လဲဆွေးနွေးနေကြသည်။အချို့ကလည်း ငယ်ရွယ်သည်ဟုပြောကြသော်လည်း တစ်ချို့ကျတော့ သူမ၏ရင့်ကျက်သောအပြုအမှုနှင့်အဆင့်အတန်း​ကြောင့် ၃၀နါးနီးပြီဟုတင်ကြေးပေးကြသည်။

အဖြေမှန်ကတော့ ချင်းရန်သာသိသည်။သူမ၏အသက်သည် ယခုဘွဲ့ရများနှင့် မတိမိးမယိမ်းလောက်ပင်။ပုံမှန် တက္ကသိုလ်ဘွဲ့ရသည် ၂၂ ၂၃အရွယ်။အခုသူမကလည်း ၂၁ပြည့်ပြီပြီလေ။သူမရဲ့ ပါရမီပါလွန်းတဲ့ညဏ်ရည်ကြောင့် ပထမနှစ်ပြီးတော့ မာစတာတန်း ပြီးတော​့ PH. Dကို လေးနှစိထဲနဲ့ပြီးခဲ့သည်။

ခန်းမကြီးလည်း တိတ်ဆိတ်စွာ

"မိဘကျောင်းသူကျောင်းသားများအားလုံး မဂ်လာပါ ကျွန်မကတော့ ကျန်းချင်းယွဲ့ ကျန်းCEOလည်းဖြစ်သလို ကျန်းချငိးရန် ရဲ့ အုပ်ထိန်းသူတစ်ယောက်ပါ"

ဒီအခမ်းအနား က လောကကြီးအကြောင်း ကိုသိပ်မသိသေးတဲ့ ကလေးတွေအတွက် ဆိုတော့ တိုတိုရှင်းရှင်းလေးပဲပြောချင်ပါတယ် ကလေးတွေက စာအရှည်ကြီးတွေဆိုမကြိုက်ဘူးလေ အဲ့လိုပဲ ကျွန်မကလည်းစကားအများကြီးမပြောချင်ဘူး"

စင်အောက်ကလူတစ်ချို့ ချက်ချငိးထရယ်ကြသည်။
လက်တစ်ဖက်ကို မိန့်ခွန်းခြွေခုံပေါ်တင်ကာ တစ်ဖက်ကိုမိုက်ကိုင်၍ ခပ်ဖျော့ဖျော့နှုတ်ခမ်းတို့မှာ နူးညံ့သိမ်မွေ့စွာ ပြုံးနေဟန်။ သူမကတစ်ကယ်ကို သာမန်လူငယ်လေးတွေနဲ့ စကားဝိုင်းလိုပုံစံမျိုးပြောနေသည်

The Beginning Of Love?(own creation)Where stories live. Discover now