抖阴社区

??????????????????? ????????????

527 29 0
                                    

အရင်က ၉နာရီလောက်မှ ကျောငိးသွားပေမဲ့ ခုကျောငိးသားခေါင်းဆောင်ဆိုတော့ ၈နာရီလောက်ကြိုသွားရတယ်။ ပြီးရင် တစ်ပတ်စာ ကျောင်းကောင်စီကစီစဥ်ရမဲ့ဟာတွေကို ဆွေးနွေးရတာ။ အစည်းအဝေး ထိုင်ရတာ ဆိုပေမဲ့ ပွဲတွေရှိမှ သေချာဆွေးနွေးကြတာပါ။ ဒီတိုင်းကတော့ ခဏပါပဲ။

"ကျဲ ချင်းရန်သွားပြီနော် ညနေ ကျဲကျဲ အလုပ်ရှုပ်နေရင် ကိုယ်တိုင်လာမခေါ်လဲရပါတယ်"

"အင်း"

ကောင်စီအစည်းအဝေးလုပ်တော့ ထွေထွေထူးထူးတော့ လုပ်စရာမရှိပါဘူး။ ကျောင်းသားတွေရဲ့ ေတာင်းဆိုမှုတွေကို ဆရာတွေဆီ ပြန်တင်ပြပြီး အဆငိပြေအောင်လုပ်ပေးရတာ၊ ​ဆရာတွေက စာသိပ်မတော် မကြိုးစားတဲ့ကျောင်းသားတွေကို ကောင်စီအဖွဲ့ကိုအပ်ပြီး သူတို့က တိုးတက်အောင်လုပ်ပေးရတယ်။
တစ်ခါတလေ တချို့ကိစ္စတွေ ကျောင်းကောင်စီက မသိချင်ယောင်ဆောင်ရတာတွေလည်းရှိတယ်။
ဥပမာ - ေဆးသုံးတာတို့ ရည်းစားကိစ္စတို့ပေါ့။

ဝမ်ဆွေ့ - အဖွဲ့မှုးဖြစ်တော့ အေးဆေးနေရမလားလို့ မနက်အစောကြီးထရတာ အဆင်ပြေမလားဘူး ဝါး...

နီရှန်း - ခေါင်းဆောင်ကြီးရေ ဒီနေ့တော့ ဒီလောက်ပဲမလား

ချင်းရန် - အင်း အစည်းအဝေးနားမယ် ထွေထွေထူးထူးရှိမှ meetingပြန်ထိုင်ကြတာပေါ့

ကုမ္ပဏီ၌

"မမလေး ကျန်းသခင်ကြီးကိစ္စဘယ်လိုလုပ်လိုက်ရ
မလဲ"
"အဲ့တာကတော့ ကျန်းကိုယ်ရံတော်လူတစ်ချို့ကို ကမ္ဘောဒီးယားကို လွှတ်ပြီး စုံစမ်းခိုင်းထားတယ် "

"ဝှကိစာကို ဖြေနိုင်လို့ပေါ​့ စိတ်ပူတာနည်းနည်းလျှော့သွားတာ ဒီဟာက မမလေး ကြည့်ချင်တဲ့နောက်အပတိအချိန်စာရင်းတွေပါ"

"နောက်အပတ် ဗုဒ္ဓဟူးနဲ့ကြာသပတေး နှစိရက်အချိန်ဇယားကို ရွေ့ထားလိုက်အုန်း"

"နောက်အပတ်က အချိန်ဇယားကြပ်တဲ့အပတ်ပဲ ကျွန်တော်ရသလောက်တော့ လုပ်ထားလိုက်ပါ့မယ် အဲ့နှစ်ရက်ကိုရွေ့ရင် နောက်ပိတ်ရက်မှာ တော်တော်ရှုပ်မှာနော်"

"အင်း ရတယ်"

"ဒါနဲ့ ကျောင်းက မိဘဆရာအစည်းအဝေးဖိတ်ထားတယ် ကျောင်းဖွင့်ပြီး တစ်လနေရင် ကျောင်းတိုင်း မိဘတွေနဲ့တွေ့ဆုံပြီး သူတို့ရဲ့ အောင်ချကိမြင့်မားရေးအတွက် တွေ့ဆုံပွဲတွေလုပ်ကြတယ်လေ အဲ့သဘောပါပဲ"
............................................

The Beginning Of Love?(own creation)Where stories live. Discover now