抖阴社区

?????????????????????

914 44 0
                                    

ဆိုင်မှ နာရီဝက်ကျော် မောင်း၍ ဂေါက်ကွင်းများကို ဖြတ်ပြီးသည့်အခါတွင်တော့ အန်းစံအိမ်ကို ရောက်လေသည်။ ထုံးစံအတိုင်း မေဗီကတော့ ပြာပြာသလဲထွက်ကြိုလေတယ်။
အန်းသခင်မ -" ယွဲ့ယွဲ့ ဘာလို့ ဒါတွေ ဝယ္လာလဲ လူလာရင်ကိုပဲ ရပါပြီကွယ် လာလာ ထမင်းစားကြစို့ သမီးအကြိုက်တေကြီးပဲ ချက်ထားပေးတာ "

မေဗီ - တစ်ခါတလေ ငါက သမီးရင်းမှဟုတ်ရဲ့လားလို့သံသယဝင်မိတယ် နှစိတေအကြာကြီးမတွေ့ရတဲ့သမီးကို ပြန်လာလာချင်းနေကောင်းလား ဘာလားမမေးပဲနဲ့ နင့်ကိုအိမ်လည်မခေါ်လာလို့တဲ့ ပွစိပွစိပြောတာခံနေရတာပဲဟေ့။

မေဗီသည် အန်းသခင်မ နှင့်တူသည်ဖြစ်မည်။ အန်းသခင်မသည် အရပ်ရှည်ရှည်နှင့် အသားဖြူဖြူ။ မေဗီစကားများခြင်းမှာ အန်းသခင်မနှငိ့တူသည်ဖြစ်မည်။ ဖောရြှကော ပွင့်လင်းလွန်းသည်။ အန်းသခင်ကြီးကတော့ အသားညိုညို အန်းသခင်မနှင့် ၆နှစ်လောက်ကွာလောက်မည်။ နှစ်ယောက်လုံးကတော့ ချင်းယွဲ့ကို သမီးရင်းကဲ့သို့ပင်။ ကြီးယွဲ့ပြောဖူးသည်။
ချင်းယွဲ့ဖခင်နဲ့ အန်းသခင်ကြီးတို့သည် ညီအစ်ကိုရင်းကဲ့သို့ပင် ချစ်ခင်ကြသော ငယ်သူငယ်ချင်းများ ဖြစ်ကြသည်။
မိဘတေသေ သွားတော့ ချငိးယွဲ့အားမွေးစားဖို့အထိတောင် စီစဥ်ခဲ့သည်။ ကျန်းသခင်ကြီး တား၍သာ မမွေးစားဖစ်ခဲ့။

သူစဥ်းစားခန်းဝင်နေစဥ် "အိုး ဒီကလေးက ချင်းရန်လေးပဲဖစ်ရမယ် သားလေးကိုတွေ့ချငိနေတာ ယောကျ်ားရေ ကျွန်မတို့ သားတစ်ယောက်ထပ်ရပြီဟေ့"
"ချင်းရန်လား လာပါအုန်း" သူ အန်းသခင်ကြီးဆီသွားတော့ သူ့အား ကြည့်၍ "ယွဲ့ယွဲ့ ကိုယ်ပွားနောက်တစ်ယောက်ကိုတွေ့လိုက်ရသလိုပဲ အထူးသဖြင့်ဒီစူးရှနေတဲ့မျက်ဝန်း"
"ယွဲ့ယွဲ့ကို ချစ်သလိုမျိုးသားကို ချစ်တယ်နော် ခုကစပြီး မင်းကလည်း အန်တီတို့သားပဲ ပွင့်ပွင့်လင်းလင်း ကိုယိ့အိမ်သားတေလိုဆက်ဆံရမယိနော် အားမနာနဲ့ " အန်းသခင်မ ကတော့ သူတို့လည်း အားကိုးရမည့်သားတေလိုချင်နေ၍ အတော်ပင်ဖစ်သွားသည်။ ချင်းရန်၏ နေထိုင်ပုံ ၊ ရုပ်ရည်မှာ ထွန်းပေါက်အောင်မြင်၍ အလွန်တည်ကြည်သောစိတ် ရှိလာမည့်အမျိုးသားတစ်ဦးဖစိလာလိမ့်မည်။
ထမင်းစားပြီးသောအခါ ချင်းယွဲ့နဲ့ မေဗီကတော့ အန်းသခင်မနဲ့ စကားဝိုင်းဖွဲ့နေကြတယ်။ "ချင်းရန် လာ သား စစ်တုရင်ကစားနည်းသင်ပေးမယ်သားအဖတေတိုင်း ဒါမျိုးလေးတေတူတူလုပ်ကြတယ်ကွ "
"ချင်းရန် ဘဝဆိုတာစစ်တုရင်ကစားပွဲလိုမျိုးပဲကွ ဒါကြောင့် မင်းလည်းစစ်တုရင်ကစားပွဲရဲ့ အဓိကသော့ချက် ကို နားလည်သွားရင် အရာရာကို သေချာစိစစ်ပြီး အကွက်ကျကျစီစဥ်တတ် ဆုံးဖြတ်တတ်နိုင်မယ်။
အန်းသခင်က တကယ်ကိုပင် စိတ်ရှည်သည်။ နှစိနာရီခန့်လောက် ဆော့ပွီးသညျ့အခါ သူအရင်ကလောက် မရှုံးတော့ပဲ တိုက်စစ်ပင် ပြန်ဆင်နိုင်လေပြီ။
"ချင်းရန်နဲ့ယွဲ့ယွဲ့က သိပ်မကွာဘူးပဲ ယွဲ့ယွဲ့လည်း နာရီပိုင်းလောက်ပဲသင်ပေးရသေးတယ် ဆော့နိုင်သွားပြီ မေဗီတစ်ယောက်ပဲ ၂လလောက်သင်တောင် မရ ဝက်ဝက်ကွဲရှုံးတုနိး "
အန်းသခင်ကြီး ပြောတော့ သခင်မကတော့ သဘောကျစွာရယ်နေသည်။ မေဗီကတော့ ဒေါသတထှေကျ ရှူးရှူးရှဲရှဲဖစ်ကာ "ငါပြောသားပဲ ဒီအိမ်မှာ ငါကပဲ မွေးစားသမီးပါဆို "

The Beginning Of Love?(own creation)Where stories live. Discover now