抖阴社区

????????????????????

423 30 0
                                    

        "ယွဲ့ယွဲ့ ဒီညတော့ ကြိုက်တဲ့တစ်ယောက်ရွေးလိုက် ကျန်တာငါ့တာဝန်ထား😏"

        "စိတ်မဝင်စားဘူးလား "

        "အင်း"

    "နင့်အကြိုက်ကလည်း တကယ်ကိုရှားတာပဲ နေတော့ ငါသွားလိုက်အုန်းမယ်နော်"

       စကားပြောတယ်သာပြောတယ် သူမက အလုပ်နဲ့ပတ်သတ်တဲ့တချို့ပဲသိတာ ရွယ်တူတွေကြားခေတ်စားနေတဲ့ ဆယ်လီတွေ အတင်းအဖျင်းတွေပြောနေကြတော့ တခြားနေရာကိုထွက်လာလိုက်တယိ။

        နောက်တစ်ခုသတိထားမိတာကတော့ မကြည်လင်နေတဲ့စိတ်ကို alcohol နည်းနည်းပဲပါတဲ့ဝိုင်တွေက ပိုဆိုးစေတယ်။ဒါကြောင့် လမ်းလျှောက်တော့ အများကြီးသောက်ထားတဲ့လူလို ဒယိမ်းဒယိုင်းဖစ်ချငိနေတယ်။ဒါပေမဲ့ သူမကိုယိသူမထိန်းချုပ်တာအရမ်းတော်တော့ မူးနေပြီဆိုတာမသိသာဘူး။

        ချင်းရန်လည်း ကောင်မလေးတချို့ သူနဲ့စကားလာပြောနေတော့ မကောင်းလို့ စကားတချို့ပြန်ပြောရတယ်။

"သခင်လေးကျန်းကငယ်ရွယ်ပေမဲ့ လေးစားဖို့ကောင်းလောက်အောင် တည်ငြိမ်တော့ ေနာက်လည်းခင်ရအောင် Wechatလေး😁"

ဝမ်ဆွေ့ - ဘာပြန်ပြောမလဲ ငါဗေဒင်ဟောပြရမလား

ဘေးနားကလူတွေကလည်း သိချင်မိတယ်။ ဒီကောင်မလေးအောင်မြင်မလားလို့ပေါ့

ဝမ်ဆွေ့ - သူ Wechatမသုံးဘူး လို့ပြန်ဖြေလိမ့်မယ်😆

"ဆောရီး ငါက wechatမသုံးဘူး"

ဝမ်ဆွေ့ - တွေ့လားငါပြောတာမှန်တယ် ဟားဟား

      "မမလေး အဆင်ပြေရဲ့လား"ရှဲ့ယွင်က ရေယူလာပြီး သူမကိုတွဲလိုက်တယ်။
      "ခဏလောက် ငြိမ်ငြိမ်လေးထိုင်နေရင် ပြေသွားမှာပါ " ရှဲ့ယွင်က လူရှင်းတဲ့နေရာကိုရှာပြီး သူမလည်းအဲ့နားကခုံမှာထိုင်နေလိုက်တယ်။

        ရှဲ့ယွင်လည်း သခင်လေးရှ ဆီသွားပြီး ဆေးတချို့သွားတောင်းဖို့အလုပ် ချငိးရန်က လှမ်းခေါ်လို့ သွားရသေးတယ်။

"ရှဲ့ယွင် ကျဲကျဲရော"

"မမလေးက ဟိုဘက်နားမှာထိုင်နေတယ် ခေါင်းမကြည်ဘူး ဆိုလို့ သခင်လေးရှဆီမှာ ဆေးသွားမေးမလို့ မမလေးဆီသွားမလို့လား"

The Beginning Of Love?(own creation)Where stories live. Discover now