"အော်..."
"ဒါနဲ့ မမလေးကို ဂရုစိုကိလိုက်အုန်းနော် သူမ မူးနေတယ် သူမမူးရင် အခြားတစ်ယောက်လိုပုံစံပြောင်းသွားတယ် အဲ့ကြောင့် ကြီးယွဲ့ကတော့ သိပီးသားလေ သခင်လေးမသိမှာစိုးလို့ ပြန်ပြီနော်"ရှဲ့ယွင်ပြန်သွားတော့ သူဆိုဖာပေါ်မှာထိုငိနေတဲ့ အမျိုးသမီးလေးကိုကြည့်မိသည်။ အရက်သောက်ထားသဖြငိ့ ပါးမို့မို့လေးသည် အနည်းငယ်နီရဲလျက် ကော့နေသောမျက်တောင်လေးတေသည် အိပ်ချငိနေ၍ မှေးစင်းနေသည်။ အပြာရောင်ဂါဝန်လေးနဲ့အသားအရေမှာ ဖြူသည်ထက်ကို ပို၍ ဆီးနှင်းကဲ့သို့ဖွေးနေသည်။
သူ့ကို မမြင်ဘူးထင်တယ်။ သူမအခန်းထဲကိုဝင်သွားလေသည်။ည၂နာရီခန့် အောက်ထပ်မှ အသံတေကြား၍ သူဆငိးသွားမိသည်။ အောက်ရောက်တော့ အိမ်ရှိအလုပ်သမားများနှင့် ကြီးယွဲ့မအိပ်သေး ။အိမ်ပြင်တွင်လည်း အနက်ရောင်သက်တော်စောင့်များ အပြည့်ဖြင့်။
"ကြီးယွဲ့ ဘာတေဖြစ်နေတာလဲ"
"ဟယ် သခင်လေး အိပ်နေတာတော့မဟုတ်ဘူး မမလေးလေ အရက်ရှိနိပြနေပြီထင်တယ် အဲ့တာကြောင့် အကုန်လုံးမအိပ်သေးတာ"
"ဘယ်မှာလဲ ကျဲကျဲ့က"
"ဟိုးက ဥယျာဉ်ထဲက ဖန်စံအိမ်ထဲမှာ"
သူကြည့်လိုက်တော့ ဖန်စံအိမ်လေးထဲ ညအိပ်ဝတ်စုံပါးပါးလေးနဲ့ ကျုံကျုံလေးထိုင်နေသောသူမ။
"ကြီးယွဲ့ ကျဲကျဲ့ကဘာဖစ်နေတာလဲဟင်"
"မမလေး မူးနေတဲ့ အချိန် အရမ်းဖျားနေတာတို့ အရမ်းစိတ်ခြောက်ခြားပြီး စိတ်ဓာတ်ကျနေတဲ့အချိန်ဆိုရင် စိတ်က တခြားတစ်ယောက်လိုပြောင်းသွားတတ်တယ်။ သူမငယ်ငယ်က သူ့အမေက ညဆိုရင် အဲ့စံအိမ်လေးထဲမှာ ပုံပြင်ဖတ်ပြပီး ချော့သိပ်တာပေါ့ သူမကလည်း ကြယ်လေးတေ ကြည့်ပြီး အိပ်ရတာအရမ်းသဘောကျတာ။
သခင်ကြီးတို့ ဆုံးသွားတော့ သခင်မလေးက အရွယ်နဲ့မလိုက် နှိပ်စက်ခံရတယ် ။ သူမ စိတ်ဒဏ်ရာတေကြီးသထက် ကြီးလာပြီးတော့ အပြင်းဖျားခဲ့တယ်။ အဖျားကြီးတော့ သူများတေလို အိပ်ရာထဲမနေပဲ ညဘက်ကြီး စံအိမ်လေးထဲမှာ သွားနေနေတာ။
ကြီးယွဲ့သွားခေါ်တော့ သူမက အခြားတစ်ယောက်လိုပြောင်းသွားတာ ဥပမာ ၇နှစ်သမီးလိုပဲ ကေလးလိုပဲ မျက်ရည်တေဝိုင်းနေတဲ့ မျကိဝန်းကြီးတေနဲ့ ကလေးလေးလိုပဲကွယ် ။ ဆရာဝန်ပြောတာတော့ စိတ်ဒဏ်ရာတေအရမ်းများလို့ သူမပျော်ရွှင်ရတဲ့ ကလေးဘဝမှာပဲ ပိတ်မိသွားတာလို့ပြောတာပဲ။
အဲ့အချိန် သူမကို ဖန်စံအိမ်ထဲက ထွက်ခိုင်းတဲ့သူတေဆိုရင် ရန်သူလိုသဘောထားပြီးတော့ အဲ့လူကို မသေမချင်းရိုကိတာမျိုး ရှိခဲ့ဘူးတယ်ကွဲ့ ။အာ့ကြောင့်မမလေးမူးလာရင် အန္တရာယ်ရှိလို့ လူတေအကုန်စောင့်ပေးနေရတာပေါ့ တော်သေးတယ် အရမ်းပြင်းထန်ရင် သူမကိုသူမ သေကြောင်းကြံတာမျိုးရှိတယ်။ အဲ့ကြောင့် ကိုယ်ရံတော်တေခေါ်ထားရတာ။ညတစ်ခုခုဆိုရင် မေ့ဆေးအမြန်ပေးလို့ရအောင်။" ဒီကိစ္စကို ကျန်းစံအိမ်နဲ့လူ အနည်းအကျဉ်းပဲသိတာ သခင်လေးရှ ဆရာဝန်ဖစိတော့ သူလည်း ကြိုးစားကုပေးပါတယ် ဒါပေမဲ့ ဒါမျိုးကမပျောက်တော့ဘူး။တော်သေးတယ် မမလေးမေဗီက အရက်ပျော့ပျော့လေးတေပဲ သောက်ခိုင်းလိုက်လို့။
"သူတို့က အရက်မသောက်ခိုင်းသင့်ဘူး မဟုတ်လား ဒီလိုဖစိမယ်ဆိုတာ သိသိကြီးနဲ့ "
"မမလေးကိုယ်တိုင်က နိုးလာရင် ဘာမှမမှတ်မိတော့ဘူးဆိုတော့ သူ့ကို အရက်မသောက်ခိုင်းရင်သူမဒီရောဂါကိုသိပြီးတော့ ပိုပြီးအထီးကျန်သွားမှာစိုးလို့ အကုန်လုံးက လျို့ဝှက်ထားကြတာ။ဆရာဝန်တောင်မှ ကျန်းသခင်ကြီးကိုယ်တိုင် ခန့်ပေးထားတာ။ သခင်လေးရှက ဆေးပညာသင်ယူတာ ဒါကြောင့်လဲပါတယ်။" အော် ကလပ်သွားရင် သူမကို ကော့တေးအပျော့စားလေးတေပဲ သောက်ခိုင်းတာပေါ့။"
အေးစက်တယ်။ ရက်စက်ပြီး ကြောက်စရာကောင်းတယ်။ မျက်နှာမှာ အမူအရာမရှိ ဘူးလို့ပြောကြတဲ့ သူမက ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ အတိတ်ကြောင့် ပြန်မမှတ်မိချင်လောက်အောငိ ရွံလွန်းလို့ ဒီလိုရောဂါစွဲကပ်လာရတယ်လို့ ပြောကြရင် ယုံကြမယ်မဟုတ်။ သူ ဒီထက်ပိုပီး သူမကိုပိုချစ်ပေးရမယ်။ ငါသူ့မအကြောင်းပိုသိအောင်လုပ်ရမယိ။ ဘယ်သူ့ကိုမှ ထုတ်မပြတဲ့ အေးစက်နေတဲ့ နှလုံးသားကို နွေးထွေးလာအောငိ သူလုပ်ပေးရမယ်။
ယွဲ့အာ......မင်းရဲ့ အန္တရာယ်ရှ်ပြီး အေးစက်တဲ့နှလုံးတံခါးကို ကိုယ်ရအောင်ဖွင့်ပေးပြီး နှေးထှေးတဲ့ နေရောင်ခြည်လေးတေထည့်ပေးမယ်။
အခုမင်းက ကိုယိရှိနေပြီမို့ အထီးမကျန်ရတော့ပါဘူး.......ကဲ ချင်းရန်ကြီးကတော့ မေတ္တာလား အချစိလားမသဲကွဲပဲ ခံစားချကိတေ ပေါက်ဖွားလာပါပြီဗျို့

YOU ARE READING
The Beginning Of Love?(own creation)
Romance????????? ????????????????????? ?????????????????????????? ?????????????? ??????????? ??????????????????????????????? ???????????????????????????????? ????????????? ?????????????????????????????????????????????????????????????????? ?????????????????...
??????????????????? ????????????????(?)
Start from the beginning