抖阴社区

?????????????????????

Start from the beginning
                                    

ည၁၁ခွဲလောက်မှ သူတို့ ပြန်လာခဲ့ကြသည်။ ဒါတောင် အန်းသခင်မက အတင်းတေအိပ်ခိုင်းနေသေးသည်။ ချငိးယွဲ့မှ အလုပ်ရှိသေးသည်ပြော၍ မတရားငြင်းခဲ့မှ ရသည်။
လမ်းမကြီးတွင် သူတို့ကားမီးရောင်ပဲ ရှိပြီး ခြောက်ကပ်နေသည်။ ချင်းယွဲ့ ကားမောင်းနေရင်း ဘေးတွင် ငြိမ်ငြိမ်လေးလိုက်လာကာ သူမအား ကူကြည့်ပေးနေသော ကောင်လေးကို ကြည့်လိုက်ကာ
"စစ်တုရင်ကစားတာ ဘယ်လိုလဲ "
"စိတ်ဝင်စားဖို့ကောင်းပါတယ် အဲ့တာဆော့ရင် စိတ်တည်ငြိမ်ရင့်ကျက်စေသလိုပဲ အန်ကယ်အန်းကလည်းသေချာသင်ပေးတယ် "

"ဟုတ်တယ် ကျဲကျဲကိုလည်း သူပဲသင်ပေးတာ သူက ရွှေတံဆိပ်ဆုတောင် ရထားတာသေူ့ဆီကသေချာသင် စစ်တုရင်မှမဟုတ်ဘူး စီးပွားရေးတို့ တခြားလူမှုရေးအကြောင်းတေရော "
"အန်ကယ်အန်းက တကယ်ကိုအတွေ့အကြုံတေအများကြီးရှိပြီး အတော်ဆုံးစီးပွားရေးလုပ်ငန်းရှငိတစ်ယောက်ပဲ ကျဲကျဲ တောင်တစ်ခါတလေ သူနဲ့တိုင်ပင်ပြီးမှ ဆုံးဖြတ်ချကိချတဲ့ ကိစ္စတေရှိတယ် "

"ဟုတ် သူ့ကိုလည်း ချငိးရန်တကယ်အားကျတယ် အနိးမိသားစုကို ကိုယိ့ဆွေမျိုးလိုပဲ ခင်မိတယ်"

"ချင်းရန် ဆွေမျိုးလိုသဘောထားတာမှန်တယ် ဒီလိုမျိုး ကိုယိ့ကိုစိတ်ရင်းနဲ့ဆွေမျိုးလို သဘောထားနိုငိတာသူတို့ကလွဲပြီး ကျန်တဲ့သူတေမရှိနိုငိတော့ဘူး အဲ့တော့ သူတို့ကို ချစိခင်လေးစားစွာနေရမယိနော်"
"ဟုတိ ချငိးရန် မှတ်သားထားပါ့မယ် "

ချင်းရန် - "ငါကယောကျာ်းလေးပဲ နောက်တစိခါကျဲကျဲကို ကားမမောငိးခိုင်းတော့ဘူး ပင်ပန်းတဲ့အလုပ်တေ ခုလိုကားမောင်းတာကအစ ငါပဲလုပ်ပေးမယ်

ခဏကြာတော့ စားထားတဲ့အရှိန်တေနဲ့ချင်းရန်တစိယောကိ တွေးတောပြီး အိပ်ပျော်သွားလေသည်။ သူအိပ်ပျော်သွားတော့ အေးမှာစိုးလို့ အဲကွန်းလေးအရှိန်လျော့ပြီး သီချင်းအေးအေးလေးချင်းယွဲ့ဖွင့်ထားလိုက်သည်။ ဒီကလေးကို အရွယ်ရောက်တဲ့အထိ သူမကပဲ ပြုစုစောင့်ရှောက်ကာ လောကကြီးအကြောင်း သင်ပေးရမည်။ အပြုအမူတေ နေထိုင်ပုံတေကအစ သင်ပေးရမည် ။ အကောင်းဆုံးတေကိုပဲ ပေးမယ်။ သူမကိုယ်ကို မိခင်တစ်ယောက် အမကြီးလိုတောင် ခံစားမိသည်။ ချင်းရန်ကသာ ဒီလိုမိသားစုခံစားချကိရအောင် ပေးနိုင်သည်။

The Beginning Of Love?(own creation)Where stories live. Discover now