သူစဉ်းစားခန်းဝင်နေစဉ် "အိုး ဒီကလေးက ချင်းရန်လေးပဲဖစ်ရမယ် သားလေးကိုတွေ့ချငိနေတာ ယောက်ျားရေ ကျွန်မတို့ သားတစ်ယောက်ထပ်ရပြီဟေ့"
"ချင်းရန်လား လာပါအုန်း" သူ အန်းသခင်ကြီးဆီသွားတော့ သူ့အား ကြည့်၍ "ယွဲ့ယွဲ့ ကိုယ်ပွားနောက်တစ်ယောက်ကိုတွေ့လိုက်ရသလိုပဲ အထူးသဖြင့်ဒီစူးရှနေတဲ့မျက်ဝန်း"
"ယွဲ့ယွဲ့ကို ချစ်သလိုမျိုးသားကို ချစ်တယ်နော် ခုကစပြီး မင်းကလည်း အန်တီတို့သားပဲ ပွင့်ပွင့်လင်းလင်း ကိုယိ့အိမ်သားတေလိုဆက်ဆံရမယိနော် အားမနာနဲ့ " အန်းသခင်မ ကတော့ သူတို့လည်း အားကိုးရမည့်သားတေလိုချင်နေ၍ အတော်ပင်ဖစ်သွားသည်။ ချင်းရန်၏ နေထိုင်ပုံ ၊ ရုပ်ရည်မှာ ထွန်းပေါက်အောင်မြင်၍ အလွန်တည်ကြည်သောစိတ် ရှိလာမည့်အမျိုးသားတစ်ဦးဖစိလာလိမ့်မည်။
ထမင်းစားပြီးသောအခါ ချင်းယွဲ့နဲ့ မေဗီကတော့ အန်းသခင်မနဲ့ စကားဝိုင်းဖွဲ့နေကြတယ်။ "ချင်းရန် လာ သား စစ်တုရင်ကစားနည်းသင်ပေးမယ်သားအဖတေတိုင်း ဒါမျိုးလေးတေတူတူလုပ်ကြတယ်ကွ "
"ချင်းရန် ဘဝဆိုတာစစ်တုရင်ကစားပွဲလိုမျိုးပဲကွ ဒါကြောင့် မင်းလည်းစစ်တုရင်ကစားပွဲရဲ့ အဓိကသော့ချက် ကို နားလည်သွားရင် အရာရာကို သေချာစိစစ်ပြီး အကွက်ကျကျစီစဉ်တတ် ဆုံးဖြတ်တတ်နိုင်မယ်။
အန်းသခင်က တကယ်ကိုပင် စိတ်ရှည်သည်။ နှစိနာရီခန့်လောက် ဆော့ပွီးသညျ့အခါ သူအရင်ကလောက် မရှုံးတော့ပဲ တိုက်စစ်ပင် ပြန်ဆင်နိုင်လေပြီ။
"ချင်းရန်နဲ့ယွဲ့ယွဲ့က သိပ်မကွာဘူးပဲ ယွဲ့ယွဲ့လည်း နာရီပိုင်းလောက်ပဲသင်ပေးရသေးတယ် ဆော့နိုင်သွားပြီ မေဗီတစ်ယောက်ပဲ ၂လလောက်သင်တောင် မရ ဝက်ဝက်ကွဲရှုံးတုနိး "
အန်းသခင်ကြီး ပြောတော့ သခင်မကတော့ သဘောကျစွာရယ်နေသည်။ မေဗီကတော့ ဒေါသတထှေကျ ရှူးရှူးရှဲရှဲဖစ်ကာ "ငါပြောသားပဲ ဒီအိမ်မှာ ငါကပဲ မွေးစားသမီးပါဆို "ည၁၁ခွဲလောက်မှ သူတို့ ပြန်လာခဲ့ကြသည်။ ဒါတောင် အန်းသခင်မက အတင်းတေအိပ်ခိုင်းနေသေးသည်။ ချငိးယွဲ့မှ အလုပ်ရှိသေးသည်ပြော၍ မတရားငြင်းခဲ့မှ ရသည်။
လမ်းမကြီးတွင် သူတို့ကားမီးရောင်ပဲ ရှိပြီး ခြောက်ကပ်နေသည်။ ချင်းယွဲ့ ကားမောင်းနေရင်း ဘေးတွင် ငြိမ်ငြိမ်လေးလိုက်လာကာ သူမအား ကူကြည့်ပေးနေသော ကောင်လေးကို ကြည့်လိုက်ကာ
"စစ်တုရင်ကစားတာ ဘယ်လိုလဲ "
"စိတ်ဝင်စားဖို့ကောင်းပါတယ် အဲ့တာဆော့ရင် စိတ်တည်ငြိမ်ရင့်ကျက်စေသလိုပဲ အန်ကယ်အန်းကလည်းသေချာသင်ပေးတယ် "

YOU ARE READING
The Beginning Of Love?(own creation)
Romance????????? ????????????????????? ?????????????????????????? ?????????????? ??????????? ??????????????????????????????? ???????????????????????????????? ????????????? ?????????????????????????????????????????????????????????????????? ?????????????????...
?????????????????????
Start from the beginning