"ယွဲ့ယွဲ့ ၄ခွဲတောင်ရှိနေပြီ အလုပ်ဆင်းသေးဘူးလား"
"စံအိမ်မှာ နေမလို့လား"
"အင်း မားကိုပြောပြီးသွားပြီ ယွဲ့ယွဲ့နဲ့ပဲနေမှာ လို့"
"ဒီဟာလေး လတ်စသတ်ပြီးရင် ပြန်မယ်လေ"
ရှဲ့ယွင် - driverကဖုန်းဆက်တယ် ခုသခင်လေးက ဖုန်းဆက်လို့ သွားကြိုနေပါပြီတဲ့
"မမမေဗီတို့ပြန်ရောက်ပြီကိုး"
"ချင်းရန်အတွက် ဒီမှာလက်ဆောငိတွေပါလာတယ် ခရီးသွားတဲ့နေရာက သားရေအစစ်နဲ့လုပ်တဲ့ အသုံးအဆောင်တွေပေါတော့ ဒီနာရီလေးဝယ်ခဲ့ပေးတယ် ဖိနပ်ဝယ်လာမလို့ပဲ ဆိုဒ်မသိတာနဲ့ပဲ"
"ဒါတွေနဲ့ပဲရပါပြီ ကျေးဇူး "
"ကဲကဲ အိမ်မြန်မြန်ပြန်ကြစို့ ကြီးယွဲ့ချက်ပေးတဲ့ စွပ်ပြုတ်လေးသောက်ပြီး နားချင်လှပြီ"
...............
နောက်တစ်နေ့ မိဘဆရာအစည်းအဝေးရှိသဖြင့် စောစောထကာ ကျောင်းသွားရသည်။
ချင်းယွဲ့ မနက်စာစားလို့ ကုန်ခါနီးမှ
"အယ် ချင်းရန်ကော ""သခင်လေးက ဒီနေ့ကျောင်းမှာ အစည်းအဝေးရှိလို့တဲ့ အစောကတည်းက သွားတယ် ကြီးယွဲ့တောင် လမ်းမှာစားဖို့ ပေါင်မုန့်ညှပ် ထည့်ပေးလိုက်တယ်"
"အငိးအင်း "
နေ့လည်၁နာရီ
Starlightကိုယ်ပိုင်ကျောင်းတွငိတော့ ကားအကောင်းစားများ လူကုံထံများဖြင့် ပြည့်နှက်နေပြီ။ မိဘဆရာအစည်းအဝေးကသာ အုပ်ထိန်းသူတွေအချင်းချင်း တွေ့ဆုံကာ ကြွားဝါဖို့အကောင်းဆုံးနေရာပဲလေ။ တချို့များကတော့ အရွယ်ရောက်ပြီး သမီး ၊ သားတို့ကိုတောင်မဆီမဆိုင်ခေါ်လာကြသည်။ ဒီလိုလူကုံထံတွေ စုတဲ့နေရာမှာ ကြင်ဖက်ကောင်းကောင်းတွေ့နိုင်တယ်လေ။
ခန်းမထဲတွင် ကျောင်းသူကျောင်းသားများကတစ်ဖက် အုပ်ထိန်းသူများကတစ်ဖက်ထိုင်နေကြသည်။
ဝမ်ဆွေ့ - ဟိုအမကြီးကတော့ ရေလည်လန်းတယ် ငါ့ ရှေ့နားကတစ်ယောက်တွေ့လား သူကလည်း celelပဲကွ ငါသိတယ်

YOU ARE READING
The Beginning Of Love?(own creation)
Romance????????? ????????????????????? ?????????????????????????? ?????????????? ??????????? ??????????????????????????????? ???????????????????????????????? ????????????? ?????????????????????????????????????????????????????????????????? ?????????????????...
????????????????? ??????????????????????????
Start from the beginning