"အရင်နှစ်တွေက အလုပ်လည်းတကယ်မအားလို့ မတက်နိုင်ခဲ့ဘူး ဒီနှစ်ကတော့မတူတော့ဘူးလေ အမတစ်ယောက်အဖြစ်နဲ့ လာတက်ခဲ့တယ်။ ခုနကပြောသလိုပဲ နှုတ်ပူတိုက်မိန့်ခွန်းတွေကို မပြောပဲနဲ့ တကယ့်လက်တွေ့ကိုပြောပြမယ်"
ခုနက ပြုံးသယောင်ဖြစ်နေသောနှုတ်ခမ်းများသည် ပြန်အေးစက်သွားသည်။
"ဒီနေရာမှာ အနာဂတ်မှာ ကိုယ်ဝါသနာပါတဲ့အလုပ်ကိုလုပ်၊ စိတ်ချမ်းသာစွာနဲ့ ကြီးပွားချမ်းသာနိုင်တဲ့လူတွေရှိသလို ဘာမှမဖြစ်မြောက်ပဲ ဘဝကိုကုန်ဆုံးသွားနိုင်တဲ့သူတွေလည်းရှိတယ်။ အခုကြိုးစားတာတွေကို ၁၀၀နဲ့ထပ်မြှောက်ကာ ကြိုးစားဖို့လိုပါသေးတယ်။အရေးကြီးတဲ့ဘဝတစ်ကွေ့ကိုရောက်နေပြီ။ ကိုယ်လိုချင်တဲ့ဘဝကိုရောက်နိုင်အောင် ခုကစပြီး မဆုတ်မနှစ်တဲ့ ပန်းတိုင်မရောက်မချငိးကြိုးစားနေပါ။
သင်တို့ရဲ့ နောက်ခံအသိုင်းအဝိုင်းကောင်း၊ ကျောင်းကောင်းက လာတဲ့သူတွေမို့လို့ ဘဝက ဒီတိုင်းပဲအဆင်ပြေပြေချောချောမွေ့မွေ့ သွားမယ်ထင်နေတာလား"
ခုနက ပေါ့ပါးစွာနေခဲ့သောသူများတစ်ဖန်ပြန်ကာ အာရုံစိုက်လာကြသည်။
"ကြီးပွားနေတဲ့ မိမိရဲ့ အသိုင်းအဝိုင်းက မိမိအလှည့်ရောက်မှ မပျက်သုန်းပါစေနဲ့။ အချိန်တန်ရင် လူတိုင်းအတောင်ကိုဖြန့်နိုင်ပြီး အမြင့်ကိုရောက်နိုင်မယ်လို့မထင်ကြပါနဲ့။သင်တို့တွေထဲက တစ်ရာမှာတစ်ယောက်လောက်ပဲ ကြမ်းတမ်းကာ ကုပ်သွေးစုပ်တဲ့ လောကကြီးမှာရှင်ကျန်နိုင်ခဲ့မှာ။ ဒါနဲ့ ဒီတိုတောင်းလှတဲ့ ကျောင်းသားဘဝမှာ အခြေခံတွေကိုလေ့လာတဲ့အပြင်များပြားလှတဲ့ သိ,မှတ်စရာတွေကိုလေ့လာကာ နှလုံးသားတွေကိုလည်းခံနိုင်ရည်ရှိအောင်လေ့ကျင့်ထားကြဖို့လိုတယ်။
ဒီစာသင်တဲ့ကာလလေးကိုတောင် မကျော်လွှားနိုင်တဲ့သူတွေရှိတယ်။ မင်းတို့လည်း ကျော်လွှားနိုင်ချငိရင်ခုကစပြီး သေချာလေ့ကျင့်ကြိုးစားကြပါ။ ဒါမှ ေအာင်မြင်မှုရဲ့ အစွန်အဖျားအမြှီးလေးကိုစတင် ဆုပ်ကိုင်ဖို့ အခွှင့်အလမ်းတွေရလာမှာ"

YOU ARE READING
The Beginning Of Love?(own creation)
Romance????????? ????????????????????? ?????????????????????????? ?????????????? ??????????? ??????????????????????????????? ???????????????????????????????? ????????????? ?????????????????????????????????????????????????????????????????? ?????????????????...
???????????????????????
Start from the beginning