အဆိုးတွေကို မီးမောင်းထိုးပြကာ ပြောသွားသောမိန့်ခွန်းပင်။ Starlightမှာရှိတဲ့ကျောင်းသားတွေ က သူတို့ရဲ့ အဆငိ့အတန်းနဲ့ အရည်အချင်းတချို့တွေကြောင့် ဂုဏ်ဆာကာ ပေါ့ပျက်ပျက်နေကြတယ်။ဒါကြောင့် အောက်ကိုပြုတ်ကျရင်ဘယ်လောက်နာမလဲဆိုတာကို မတွေးမိကြသလို ခံနိုင်ရည်လည်းမရှိကြဘူး။ဒီလိုတိုက်တွန်းနှိုးဆော်ပေးမှသာ နဂိုသိစိတ်တွေနိုးထလာပြီ ကြိုးစားလာကြမှာဖြစ်တယ်။
သူမရဲ့မိန့်ခွန်းပြောအပြီး အကုန်လုံးထကာ လက်ခုပ်တီးကြသည်။ ကျောင်းသားများ၏ မျက်ဝန်းတွင် စိတ်အားထက်သန်မှု၊ ခွန်အားများပြည့်နှက်နေပြီး မိဘဆရာတွေမှာတော့ ပီတိဖြစ်မှု၊ လေးစားမှုတို့ ဖြစ်ပေါ်နေတယ်။
ဘာလို့ ကျော်ကြားတဲ့တက္ကသိုလ်ကြီးတွေ ကြီးကျယ်ခမ်းနားတဲ့ ပွဲတွေက သူမကိုဘာလို့အလုအယှက် ဖိတ်ခေါ်ကြသလဲဆိုတာ သိသွားပြီ။ သူမရဲ့စကားတစ်ခွန်းတိုင်းက အပိုအလိုမရှိ ထိရောက်ကာ လူတိုင်းရဲ့အတွင်းစိတ်တွေကို ဖမ်းယူကာ ပြောင်းလဲပေးနိုင်တယိလေ။
သူမ မိန့်ခွန်းပြောရမဲ့အလှည့်ရောက်လာသည်။ ကြျောကွားတဲ့ စီးပွားရေးလုပ်ငန်းရှင်ပီသစွာ သူမတက်ရောက်သည့် အခမ်းအနားတိုင်းတွင် မိန့်ခွန်းပြောပေးရသည်။ သူမသည် အများကြီးမပြင်ဆင်ထား၊ သာမန်ရုံးသွားလျှင် ဝတ်နေကျပုံစံလေး မိတ်ကပ်ပါးပါးလေးနဲ့ ၊ အမြဲစမတ်ကျနေသည်။
သူမ၏ ညဏ်အမျှောိအမြင်ရှိစွာ လုပ်ငန်းကိစ္စများကိုကိုင်တွယ်ဖြေရှင်းကာ ပါးနပ်စွာ ကုမ္ပဏီကြီးတစ်ခုအား ထူထောင်နိုင်ခဲ့မှူ ၊ နိုင်ငံခြားမှ ကုမ္ပဏီ ကြီးများဖြင့်တောင် ယှဉ်နိုင်နေပြီလေ။ သူမ၏ နေရာသည် လူတိုင်းမျှော်မှန်း၍ မရနိုင်သော စီးပွားရေးလောကအလယ်က အချမ်းသာဆုံး ဆယ်ကျော်သက်ကောင်မလေးဖြစ်သည်။
အခုသူမ စင်ပေါ်ကိုတက်လိုက်တော့ လူတိုင်းသူမကိုမြင်ရသည်။ သူမ၏အသက်ဘယ်လောက်လဲဆွေးနွေးနေကြသည်။အချို့ကလည်း ငယ်ရွယ်သည်ဟုပြောကြသော်လည်း တစ်ချို့ကျတော့ သူမ၏ရင့်ကျက်သောအပြုအမှုနှင့်အဆင့်အတန်းကြောင့် ၃၀နါးနီးပြီဟုတင်ကြေးပေးကြသည်။

YOU ARE READING
The Beginning Of Love?(own creation)
Romance????????? ????????????????????? ?????????????????????????? ?????????????? ??????????? ??????????????????????????????? ???????????????????????????????? ????????????? ?????????????????????????????????????????????????????????????????? ?????????????????...
???????????????????????
Start from the beginning