"အင်း ကျေးဇူးပဲ "
.....................
သူမ လက်ကိုင်အိတ်ပြုတ်ကျသွားလို့ ကောက်ပြီး ထလိုက်တော့ စားပွဲရဲ့မျက်နှာချင်းဆိုင်ခုံမှာ ယောကျ်ားတစ်ယောက်ရောက်နေပြီး သူမကိုပြုံးပြနေတယ်။
"မမလေးရဲ့ ကျော်ကြားမှု သတင်းတွေကို နေရာအနှံ့ကြားနေရတယ်။ခုလူချငိးတွေ့မှပဲ တကယ်ကိုအထင်ကြီးဖို့ကောင်းတယိ။ကျွန်တော့်ကို လူတစ်ယောက်က မမလေးအတွက်ဆိုပြီး လက်ဆောင်ပေးလိုက်ခိုင်းတယ်"
"ကျေးဇူးပါပဲ မင်းက..."
"ကျွန်တော့်နာမည်သိလည်း ဘာမှအကျိုးမရှိပါဘူး ကျွန်တော်က Bossကိုယ်စား လက်ဆောင်ပေးရုံသာ"
ထိုသူက လက်ဆောင်ဘူးတစ်ခုအားသူမကိုပေးပြီး ထွက်သွားလေသည် ။သူမလည်း ခဏမျှသာကြည့်လိုက်ပြီး ဒီတိုင်းပဲ စားပွဲပေါ်တင်ထားလိုက်တယ်။
ခဏနေတော့ ချင်းရန်ရောက်လာပြီး ခုနက ထိုလူထိုင်သွားတဲ့မျက်နှာချင်းဆိုင်နေရာမှာပဲလာထိုင်တယ်။ဒီကလေးကို ကြည့်ရတာ ဘာဖြစ်လို့ ဒီလောက်တိတ်ဆိတ်နေတာလဲ။ ဘာစကားမှလဲမပြောပဲနဲ့ ငါ့ဆီလာထိုင်နေတယိ။ ခေါင်းငုံထားတော့ ဘာဖြစ်နေတာလဲမသိဘူး။
"ချင်းရန်"
သုံးခါလောက်ခေါ်မှ ခေါင်းထောင်လာတယ်။
"ဘာဖြစ်လို့လဲ ဒီနားကိုလာထိုင်အုန်း"ချင်းရန် သူမနားကိုလာထိုင်ပေမဲ့ သူမမျက်လုံးကို ရှောင်ကာ တခြားနေရာကိုကြည့်ပြီး
"ဘာဖြစ်မဖစ်ပါဘူး သိချင်တာလေးတွေရှိလို့""အင်း ပြောလေ"
"ကျဲကျဲ က ဘယ်လိုယောကျာ်းမျိုးကိုကြိုက်တာလဲ ဒီပွဲမှာရော ကျဲကျဲကြိုက်တဲ့ပုံစံမျိုးတွေ့လား"
"ဟင် ရုတ်တရက်ကြီး ဘာလို့လဲ "
သူမပြန်မေးတော့ ဘာမှပြန်မဖြေတာမို့ ပြန်ဖြေပေးလိုက်တယ်။ကြည့်ရတာ သူမရဲ့မောင်လေးက ကောင်မလေးချောချောလေးတွေနဲ့တွေ့ခဲ့ပြီး စိတ်ဝင်စားလို့ မိန်းကလေးတွေရဲ့အကြောင်းကို သိချင်လို့ အမဖြစ်သူကိုလာမေးတာဖြစ်မယ်။ ဆယ်ကျော်သက်အရွယ်ဆိုတော့ ဒါတွေကပုံမှန်ပါပဲ။

YOU ARE READING
The Beginning Of Love?(own creation)
Romance????????? ????????????????????? ?????????????????????????? ?????????????? ??????????? ??????????????????????????????? ???????????????????????????????? ????????????? ?????????????????????????????????????????????????????????????????? ?????????????????...
????????????????????
Start from the beginning