抖阴社区

?????????????????????? ?????????

Start from the beginning
                                    

"ငါမနက်ဖန်သွားပြီး စီစဥ်ထားလိုက်မယ်နောက်ရက်စထွက်မယ် ငါ့အဖွဲ့လူကိုတောင်ငါသေချာစီစစ်ပြီးခေါ်မှာ လူနည်းလေပိုမြန်ပြီး အန္တရာယ် ကင်းလေပဲ နင် အန်းမမလေး တို့ကိုဘယ်လိုပြောမှာလဲ"

"ကုမ္ပဏီကိစ္စလို့ပြောမှာ အခုသွားမှာက ခန့်မှန်းခြေ၄ရက်လောက်ကြာမှာဆိုတော့ ရလောက်ပါတယ် "

"Ok အဲ့ဆို ဒီPlanကိုအတည်ပြုလိုက်ပြီနော်"

       မရည်ရွယ်ပဲ ခိုးနားထောင်မိသွားတယိလို့ပဲပြောရမလား။ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မိသွားပါတယ်။လက်ရွေးစင်အဖွဲ့ဝင်များပီပီ တစ်ယောက်ယောက် ရှိနေတာကိုသိတယ်လေ။

"ဘယ်သူလဲ ထွက်လာခဲ့"

အပြစ်လုပ်ထားတဲ့ကလေးလို ပုံစံမျိုးနဲ့ ထွက်လာတာကတော့ ချငိးရန်ပဲ။

"ချငိးရန်လား "

"ကျဲ ဆောရီး ချငိးရန်က ဓာတ်ပုံတွေလာပြတာ မထင်မှတ်ပဲ ကြားသွားတာပါ တကယ်ပြောတာ"

"ဒီနားကိုလာပါအုန်း"

သူမအနားကိုသွားထိုင်လိုက်တယ်။ လက်မောင်းကိုဖက်​ပြီးအသနားခံနေသော မောင်လေး။

"ကဲအဲ့တာဆိုအကုန်သိသွားပြီဆိုတော့ ကျန်တဲ့သူတွေကိုမပြောရဘူးနော် ချင်းရန် "

"စိတ်ချပါ ကျဲ ချငိးရန်က နှုတ်အလုံဆုံးလူပါ"

    Wက ပြန်သွားတော့ သူမနဲ့ဓာတ်ပုံတွေကြည့်နေပြီး နည်းနညိးစပ်စုလိုက်သေးတယ်။

"ကျဲ ဒါဆိုရင်ဖိုးဖိုးရှိတဲ့နေရာသိလို့ သူ့ကိုသွားခေါ်မှာပေါ့ အဲ့လိုလား"

"အင်း ဖိုးဖိုးက အဲ့မှာအန္တရာယ်ရှိနေတာလား ဒါမှမဟုတ် ဘေးကင်းစွာနဲ့နေနေတာလား မသိသေးဘူး ​ပြောမရတဲ့အခြေအနေမို့လို့"

"ကျဲ ချငိးရန် လည်း လိုက်ချင်တယ် ခေါ်သွားပါလား နော်....."

"ချင်းရန်ကို အန္တရာယ်များလို့ မခေါ်တာပါ ဒီမှာပဲ လိမ်လိမ်မာမာနေခဲ့"

"ဟုတ်... သွားအိပ်တော့မယ်နော် ကျဲ"

    ချင်းရန်ကို ဒီတစ်ခါကတော့ အလိုလိုက်လို့မဖြစ်ဘူးလေ။တစ်ယောက်ကတော့ မောင်လေးက လိမ္မာစွာနဲ့ နာခံမယ်ထင်ထားပေမဲ့ မောင်လေးကတော့ ခိုးလိုက်ဖို့ လုပ်နေတယ်။

The Beginning Of Love?(own creation)Where stories live. Discover now