UNICODE
အမုန်းဖြင့်တည်သောချစ်ခြင်း Chapter 1(Part-5)
သေချာတာပေါ့ ဧကရာဇ်ကျားနင်ကလဲ သူ့ရဲ့စကားတွေကိုပြန်ရုတ်သိမ်းလိုက်ပြီး မဲမှောင်နေတဲ့မျက်နှာအမူအရာနဲ့
"ဘယ်လောက်အတင့်ရဲတဲ့ ရန်အန်လဲ့ လဲ။ငါကိုယ်တော်ရဲ့တကျင်းတိုင်းပြည်ကို သူကဘာထင်နေတာလဲ" လို့ပြောလိုက်တယ်။"အရှင်မင်းကြီး ရန်အန်လဲ့ထပ်ပြီးပြောလိုက်တာကတော့ အရှင်မင်းကြီးက သူ့ကို အိမ်ရှေ့စံရဲ့ မိဖုရားရာထူးကိုမပေးအပ်နိုင်ရင် သူ အရှေ့နန်းဆောင်ဆီကို မဝင်ချင်သေးပါဘူး။ သူ့အတွက် စစ်တပ်ထဲမှာရာထူးတစ်နေရာစီစဉ်ပေးပါ။ သူက အဲဒီရာထူးကနေ အောင်မြင်မှုတွေယူပြီး နောင်အနာဂတ်မှာ အရှေ့နန်းဆောင်ကိုဝင်နိုင်ဖို့အခွင့်အရေးအဖြစ်အသုံးချချင်ပါတယ် လို့ လျှောက်တင်လိုက်ပါတယ်။"
လက်ထောက်စစ်သူကြီးကျောက်လဲ စစ်မြေပြင်က ထွက်ခွာရသလို သက်ပြင်းရှည်ကြီးကိုချပြီး လျှောက်တင်မှုကိုအဆုံးသတ်လိုက်တယ်။
ပလ္လင်ပေါ်မှာရှိနေတဲ့ ဧကရာဇ်ရဲ့အရှိန်အဝါက ထိတ်လန့်စရာကောင်းနေပေမဲ့ အိမ်ရှေ့စံမင်းသားရဲ့ ဘာကိုမှဂရုမစိုက်တတ်တဲ့မျက်လုံးတွေကတော့ နည်းနည်း အရောင်လဲ့နေခဲ့တယ်။
တကယ်တော့ ရန်အန်လဲ့ ပြောတာက ရိုးရှင်းပါတယ်။ သူ့ကို အိမ်ရှေ့စံမိဖုရားနေရာမပေးနိုင်ဘူးဆိုရင် သူ့ရဲ့ စစ်သည် ၃၀၀၀၀ရဲ့ သစ္စာခံမှုအတွက် သူ့ကိုထိုက်သင့်တဲ့ ရိုးသားမှုပြပေးစေချင်ရုံပါပဲ။ ရန်အန်လဲ့ သူကဘာများလုပ်တတ်မှာလဲ ပန်းထိုးအတတ်၊ကုချင်းတီးတဲ့အတတ်၊လက်ရေးလှအတတ်နဲ့ ပန်းချီပညာလို့ အရာတွေကိုတတ်ကျွမ်းမှာမဟုတ်ဘူး။ သူက တိုက်ခိုက်ဖို့တစ်ခုပဲတတ်တာ။ဒါကြောင့် သူ့အတွက်အလွယ်ကူဆုံးနည်းလမ်းက စစ်တပ်ထဲဝင်ပြီး ရာထူးတိုးအောင်လုပ်ဆောင်တဲ့နည်းပဲဖြစ်တယ်။
ဒါပေမဲ့ ဒီလိုလုပ်တာနဲ့ ပွင့်ပွင့်လင်းလင်းဓားပြတိုက်သလိုတောင်းဆိုတာနဲ့က ဘာများကွာခြားသွားမှာမို့လို့လဲ။ ဓားပြဖြစ်ဖူးတဲ့အမျိုးသမီးက ဓားပြပဲဆက်ဖြစ်နေမှာပဲဆိုတဲ့စကားကအရမ်းမှန်တာပဲ။ သူတို့က လက်ထပ်ပြီးရင်တောင် သူတို့အကျင့်ကိုပြင်နိုင်မှာမဟုတ်ကြဘူးတဲ့။

YOU ARE READING
??????????????????????????(Legend of Anle Novel)
Historical FictionDi Huang Shu(帝皇书)/Legend of Anle ?????????????? - Xing Ling(星零) Translated by - ZQLBB ?????????????????????????? Intro Ren Anle(?????????) - ?????????????? Di Zi Yuan(??????????)???????? ?????????????? ??????????????????????? ???????????????????????...