抖阴社区

?????????????????????????? Chapter 1(Part-6)

440 44 1
                                        

Unicode

အမုန်းဖြင့်တည်သောချစ်ခြင်း Chapter 1(Part-6)

တကယ်တော့ မင်းသား(၅)က တကယ်ကိုထူးဆန်းတဲ့မင်းသားတစ်ပါးဖြစ်တယ်။ သူကတော်ဝင်မိသားစုမှာမွေးဖွားလာပေမဲ့ ဥပုသ်စောင့်ပြီး ဘုရားရှိခိုးရတာကိုပဲနှစ်သက်တယ်။ ဧကရာဇ်ကျားနန်က သူ့ဘဝတစ်လျှောက်လုံးမှာ သားတော် ၁၂ယောက်‌မွေးခဲ့ပေမဲ့ အခုအချိန်မှာ သားတော် ၄ပါးသာကျန်တော့တယ်။
ဧကရာဇ်က သူ့ရဲ့သားတော် ၅က ကတုံးတုံးပြီး ဘုန်းကြီးဝတ်လိုက်မှာကိုစိုးရိမ်တဲ့အတွက်ကြောင့် ညီလာခံတက်ဖို့ အတင်းအကြပ်ခိုင်းစေထားတာဖြစ်တယ်။ မင်းသား ၅က ငယ်ငယ်ကတည်းက ဘာသာရေးကိုင်းရှိုင်းခဲ့တဲ့အတွက်ကြောင့် သူ့ရဲ့ စိတ်မနောက ရှင်းလင်းပြီး ဖြူစင်တယ်။ ဘယ်တော့မှ လိမ်ညာမပြောဘူး။ သူတွေးတောနေတဲ့အရာတွေကြောင့် သူ့ကိုအထိခိုက်ခံမဲ့သူမျိုးလဲမဟုတ်ဘူး။

"အန်လဲ့ရွာရဲ့အကြောင်းကလွဲရင်ဘာအကြောင်းများရှိဦးမှာလဲ"

(T/N -ဘယ်သူပြောလဲဆိုတာမရေးထားပေမဲ့ ဟန်ယွေ့ပြောတာဖြစ်ပါလိမ့်မယ်)

ဟန်ကျောက်ကတော့ သူ့ရဲ့အကြီးဆုံးအစ်ကိုတော်က မင်းသား ၅ ရဲ့ စကားတွေထဲကို မ‌ပျော်မရွှင်နဲ့ နစ်မြုပ်နေတာကိုမြင်လိုက်ရတယ်။

ဟန်ယွေ့ကတော့ မျက်ခုံးကိုတွန့်ချိုးလိုက်ပြီး သူ့ရဲ့အမူအရာအတိုင်း လျို့ဝှက်နက်နဲတဲ့ကိစ္စတွေပြောနေကြတဲ့ စာကြည့်ဆောင်ကိုလှမ်းကြည့်လိုက်တယ်။

ရန်အန်လဲ့က စစ်သည် ၃၀၀၀၀ကိုခေါ်ပြီးသစ္စာခံတယ်ဆိုပေမဲ့လဲ တကျင်းအတွက် ဒီကိစ္စက ကြီးမားတဲ့အရာတော့မဟုတ်ဘူး။ ဧကရာဇ်ကျားနင်က ဒီကိစ္စကိုအရေးကြီးကိစ္စလိုသဘောထားတယ်ဆိုတာက အန်လဲ့ခံတပ်ရဲ့ သစ္စာခံတယ်ဆိုတဲ့ အဓိပ္ပါယ်က ထိုက်ကျူရဲ့စည်းမျဉ်းအောက်မှာရှိတဲ့ ခေတ်တစ်ခုက လုံးဝအဆုံးသတ်သွားပြီဆိုတဲ့ အဓိပ္ပါယ်ကြောင့်ပဲဖြစ်တယ်။

(T/N  太祖 - ထိုက်ကျူဆိုတာကလေ ခေတ်တစ်ခေတ်ရဲ့တည်ထောင်သူကို ဒီနေရာမှာညွှန်းချင်တာ။ပြောချင်တာက တကျင်းမတိုင်ခင် မင်းဆက်ရဲ့အကြွင်းအကျန်တွေ‌ကုန်သွားပြီလို့ပြောချင်တာ အောက်မှာ ဆက်ပါလာပါလိမ့်မယ်။)

??????????????????????????(Legend of Anle Novel)Where stories live. Discover now