#Unicode(Note - အရင်အပိုင်းတုန်းက မှားပြီးသိထားတာတစ်ခုကြောင့် Tran Noteကို မှားပြီးရှင်းပြထားမိတယ်။ ပြင်ထားတာမလို့ အရင်သွားဖတ်ပေးပါနော်။ ဧကရာဇ်ကသတ်ဖို့ခက်ခဲနေတယ်လို့ပြောတဲ့နေရာပါ)
ဧကရာဇ်ကျားနင်က စာကြည့်ဆောင်ထဲက စားပွဲပေါ်ရဲ့ ဘယ်ဘက်ဒေါင့်မှာ သေသေသပ်သပ်တင်ထားတဲ့ သံမဏိကျောက်စိမ်းနက်ဓားကိုကြည့်မိနေလောက်ပြီးတော့ စာကြည့်ဆောင်ထဲက ပုလ္လင်ပေါ်မှာရှိတဲ့ သူ့နှုတ်ဖျားကနေ ခန့်မှန်းရခက်တဲ့ အသံတချို့ ထွက်ပေါ်လာခဲ့တယ်
နေ့အလင်းရောင်ထဲမှာတောင် ပတ်ဝန်းကျင်တစ်ခုလုံးက အေးစက်စက်အငွေ့အသက်တွေနဲ့ ပြည့်နှက်နေခဲ့တယ်ဓလေ့ထုံးတမ်းရေးရာဌာနရဲ့ အနောက်ဘက်ခန်းမထဲမှာတော့ မှောင်စပြုလာနေပြီဖြစ်တယ်
ကုန်းရှန့်ရှူတစ်ယောက်ကတော့ အန်းလဲ့ရွာနဲ့ပတ်သက်ပြီး စီစဉ်နေရတာကြောင့် တစ်နေကုန်အလုပ်ရှုပ်နေခဲ့တယ်
(T/N - ရှန့်ရှူဆိုတာ အဆင့်မြင့်အရာရှိ/အုပ်ချုပ်သူအမတ်)
မှောင်ရီပျိုးစပြုနေတဲ့ညနေခင်းအချိန် ခန်းမအပြင်ဘက်ကနေ အလောတကြီးနိုင်တဲ့အသံကျယ်ကြီးတစ်ခုကြားလိုက်ရတဲ့အချိန်မှာ သူက မနက်ပိုင်းတုန်းက ဘုရင်မင်းမြတ်ချီးမြှင့်ခဲ့တဲ့ ဆုလာဘ်တွေအကြောင်း မူကြမ်းရေးဖို့ စာရွက်ပေါ်ကို စုတ်တံနဲ့တင်နေစအချိန်ပဲရှိသေးတယ် မှင်စက်တစ်စက်ကအဝါရောင်စာလိပ်ပေါ်မှာကျဆင်းသွားခဲ့ရတော့တယ်
"ညီအစ်ကို ကုန်း ဒီနေ့ ရာသီဥတုကမဆိုးဘူး။ မနက်ဖြန်ကလည်းပိတ်ရက်ပဲလေ။ ကျွန်တော်နဲ့အတူ ချူးစားသောက်ဆိုင်ကိုလိုက်ခဲ့ပြီး လျှောက်ပတ်ကြည့်ရအောင်လေ" ဆိုတဲ့အသံနဲ့အတူ
ညီလာခံဝတ်ရုံကို ဖရိုဖရဲ ဝတ်ထားပြီး ဖျက်လက်တက်ကြွနေတဲ့မျက်ဝန်းတွေနဲ့ သာမန်အသွင်အပြင်ရှိတဲ့ အမျိုးသားတစ်ယောက်ဝင်လာခဲ့တယ်ကုန်းကျီကျယ်ဆိုတာက အသက် ၅၀ကျော်နေပြီး မင်းဆက်နှစ်ဆက်အမှုထမ်းခဲ့တဲ့သူဖြစ်တာကြောင့် သူ့ရဲ့သဘာဝကိုက ရိုးရိုးရှင်းရှင်းနေထိုင်ပြီး ခေါင်းမာတတ်တဲ့သူမျိုးဖြစ်တယ်
ဒါကြောင့် တချို့လူတွေအတွက်တော့ သူက ရင်ဆိုင်ရခက်ခဲတယ်

YOU ARE READING
??????????????????????????(Legend of Anle Novel)
Historical FictionDi Huang Shu(帝皇书)/Legend of Anle ?????????????? - Xing Ling(星零) Translated by - ZQLBB ?????????????????????????? Intro Ren Anle(?????????) - ?????????????? Di Zi Yuan(??????????)???????? ?????????????? ??????????????????????? ???????????????????????...