抖阴社区

?????????????????????????? Chapter 2(Part-1)

391 47 0
                                        

Unicode

အမုန်းဖြင့်တည်သောချစ်ခြင်း Chapter 2(Part-1)

စာ‌ကြည့်ဆောင်

ဧကရာဇ်ကျားနင်ကတော့ ရက်ပေါင်းများစွာကြာနေပြီဖြစ်တဲ့ အစီရင်ခံစာတွေကိုဖတ်ပြီးတဲ့အခါမှာတော့ တိတ်တိတ်ဆိတ်ဆိတ်ရပ်နေတဲ့ အိမ်ရှေ့စံမင်းသားဟန်ယဲ့ကိုမော့ကြည့်လာခဲ့တယ်

အရွယ်ရောက်လာတာကြာပြီဖြစ်တဲ့ အိမ်ရှေ့စံမင်းသားလေးက ရိုးသားပြီးဉာဏ်ပညာနှင့်ပြည့်စုံတယ်။ တသီးတသန့်နေတတ်ပြီး သိမ်မွေ့တယ်။ သေချာတာပေါ့။ အိမ်ရှေ့စံမင်းသားတစ်ပါးအနေနဲ့ သူက ဧကရာဇ်ကျားနင်အတွက် ဂုဏ်ယူရတဲ့သားတော်တစ်ပါပဲ။ ဒါပေမဲ့ ဧကရာဇ်ကျားနင်မှာလည်း တခြားဧကရာဇ်တွေလိုပဲ တူညီတဲ့အတွေးတွေရှိတာပေါ့။ ဧကရာဇ်တစ်ပါးအနေနဲ့ ရာဇပလ္လင်ပေါ်မှာထိုင်နေတုန်း သူ့ရဲ့အာဏာကို တခြားတစ်ယောက်ကယူသွားမှာကိုမလိုလားဆုံးပဲ။ အဲဒီလူက သူ့ရဲ့အတော်ဆုံးသားတော်ဖြစ်နေရင်တောင် လက်မခံနိုင်ဘူး။

အိမ်ရှေ့စံမင်းသားဟန်ယဲ့က ဧကရာဇ်ကျားနင်လိုမွေးဖွားလာတဲ့သူမဟုတ်ဘူး။ ဒါပေမဲ့လဲ သူ့အကြောင်းဘယ်သူမှမပြောရဲဘူး။ တစ်ခု‌တည်းသောအကြောင်းပြချက်ကတော့ သူက ဒီမင်းဆက်ကိုတည်ထောင်တဲ့ သူ့ခမည်းတော် ဧကရာဇ်ကျားနင်နဲ့ အရမ်းကိုတူနေတာကြောင့်ပဲ။ ဘယ်လောက်တောင်တူလဲဆိုရင် တူညီတဲ့ ပုံစံခွက်တစ်ခုတည်းကနေထုတ်ထားတဲ့အတိုင်းပဲဖြစ်နေခဲ့တယ်။ ဧကရာဇ်ကျားနင်က သူ့ရဲ့သားတော်ကိုကြည့်မိတိုင်း သူ့ရဲ့ဆက်ခံသူဖြစ်တဲ့ ဒီသားတော်က ဘယ်လိုပုံစံနဲ့တူလဲဆိုဝာာကို စဉ်းစားကြည့်ရင်း အမြဲပဲစိတ်ရှုပ်ထွေးခဲ့ရတယ်။

"ခမည်းတော်"

အိမ်ရှေ့စံမင်းသားဟန်ယဲ့က မတိုးလွန်း မကျယ်လွန်းပဲ လေးစားမှုတွေပြည့်နှက်နေတဲ့အသံနဲ့ ဧကရာဇ်ကျားနင်ကိုခေါ်လိုက်တယ်။ သူက ဧကရာဇ်ကျားနင်ရဲ့ အမူအရာတွေပေါ်မှာ အတော်ကိုကျင့်သားရနေပါပြီ။

ဧကရာဇ်ကျားနင်က အခုမှပဲ သူ့ရဲ့အတွေးနွံထဲကရုန်းထွက်နိုင်ပြီး ချောင်းတစ်ချက်ဆိုးလိုက်တယ်။ ပြီးတော့

??????????????????????????(Legend of Anle Novel)Where stories live. Discover now