#Unicode
အမုန်းဖြင့်တည်သောချစ်ခြင်း Chapter 2(Part-4)
'ဒီကိစ္စကတော့ အရှင်မင်းကြီးနဲ့ အိမ်ရှေ့စံမင်းသားဘယ်သူပိုပြီးခေါင်းမာနိုင်သလဲဆိုတဲ့အပေါ်မူတည်တယ်။ ပြီးတော့ ဒီအရာက ထိုက်ကျူကစီစဉ်ထားတဲ့မင်္ဂလာပွဲပဲ။ တိမိသားစုရဲ့မိဘမဲ့သွားရတဲ့ သမီးပျိုကလည်း တော်ဝင်မြို့တော်ကိုပြန်ဝင်လာရမဲ့ နေ့ရက်တစ်ရက်တော့ရောက်လာဦးမှာပဲ
မဟုတ်ရင် ဘာလို့များ မြို့တော်ထဲက အထက်တန်းလွှာအိမ်တော်တွေက အရှေ့နန်းတော်ရဲ့အိမ်ရှေ့စံနေရာအကြောင်းကို မစဉ်းစားရဲရမှာလဲ
တကယ်လို့ အရှင်မင်းကြီးကသာ အမြင်ကျယ်တဲ့သူဆိုရင် နှစ်နှစ်အတွင်းမှာ ဒီကိစ္စဖြစ်လာနိုင်တယ်'ဒီစကားတွေက ကုန်းကျီကျယ်ရဲ့အတွေးတွေသာဖြစ်ပြီး ထုတ်မပြောရဲဘူး
သူကဝတ်ရုံလက်ကို ချန်ကွမ်းကျင်ရဲ့အရှေ့မှာဝှေ့ယမ်းပြလိုက်ပြီး
"ပြန်တော့ ပြန်တော့ မင်းရဲ့ဘဏ္ဍာရေးဌာနကိုသာပြန်သွားပြီး ဒီစကားတွေကိုထပ်မပြောမိစေနဲ့" လို့ပြောလိုက်တော့တယ်ကုန်းကျီကျယ်ဆိုတာက မင်းဆက်နှစ်ဆက်တိုင်အောင်ရှိလာတဲ့သူတစ်ယောက်မလို့ သူ့စကားတွေကိုငြင်းဆန်လို့မရနိုင်ဘူး
ကြည့်ရတာ သူက လူကိုမောင်းထုတ်ချင်နေပြီဆိုမှတော့ ချန်ကွမ်းကျင်းလည်း "သတိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်" အသံခပ်ကျယ်ကျယ်ပြောရင်း နောက်ဆုတ်သွားတော့တယ်ခန်းမဆောင်ကြီးတစ်ခုလုံးငြိမ်ကျသွားတာနဲ့ အမတ်မင်းကုန်းက ခုနက လက်စမသတ်ရသေးတဲ့အမိန့်တော်ကိုယူလိုက်တယ် ပြီးတော့ အဲဒီအဝါရောင်စာလိပ်ကိုစိုက်ကြည့်ရင်းနဲ့ စိတ်တွေရှုပ်ထွေးနေခဲ့တယ်
သူက လွန်ခဲ့တဲ့ဆယ်နှစ်တုန်ကလည်း ဒီလိုပဲအမိန့်စာတစ်ခုကိုဧကရာဇ်ကျားနင်အတွက်ရေးပေးခဲ့ရဖူးတယ် ဂုဏ်ယူစရာအရာတစ်ခုအတွက်မဟုတ်ခဲ့ဘဲ ပြင်းထန်ကျယ်လောင်တဲ့ဒေါသတစ်ခုအတွက်ဖြစ်ခဲ့တယ်
ကျင်းအန်းအဆင့်ဖြစ်တဲ့ တိမိသားစုက အရင်ဧကရာဇ်ရဲ့ကျေးဇူးတော်တွေကိုမထောက်ထားဘဲ
စိတ်ကြီးဝင်ပြီး တိုင်းပြည်ရဲ့စစ်တပ်အာဏာကိုလုယူဖို့ ပုန်ကန်ခဲ့တယ် အဲဒါကြောင့် ဧကရာဇ်က တိမိသားစုကို သေခြင်းတရားနဲ့ ကောင်းကင်ဘုံကိုယ်စားအပြစ်ပေးခဲ့တယ် ဒါပေမဲ့လည်း တိမိသားစုရဲ့ သမီးပျိုလေးကို အရင်ဧကရာဇ်ကတန်ဖိုးထားခဲ့တဲ့အတွက်ကြောင့် သူ့ကိုအသက်ချမ်းသာပေးခဲ့ပြီး ဧကရာဇ်အမိန့်မရဘဲ မြို့တော်ကိုပြန်ဝင်လာလို့မရမဲ့ ထိုက်ရှန်းဘုရားကျောင်းမှာပိတ်လှောင်ထားစေခဲ့တယ်

YOU ARE READING
??????????????????????????(Legend of Anle Novel)
Historical FictionDi Huang Shu(帝皇书)/Legend of Anle ?????????????? - Xing Ling(星零) Translated by - ZQLBB ?????????????????????????? Intro Ren Anle(?????????) - ?????????????? Di Zi Yuan(??????????)???????? ?????????????? ??????????????????????? ???????????????????????...