" တော်သင့်ပြီမောင်...မင်းလုပ်ရက်တွေကို
ရပ်တန်းက ရပ်သင့်နေပြီ..."" ရပ်တန်းက ရပ်သင့်နေပြီ...ဟုတ်လားဆော့ဂျင်
ငါကဘာလုပ်မိလို့လဲ.. "အိမ်ရာပေါ်မှာဖွကျဲထားတဲ့ မောင်တို့နှစ်ယောက်ရဲ့ဓာတ်ပုံတွေကိုသူမေးငေါ့ပြလိုက်တယ်...
" ဒါတွေကသက်သေဘဲမောင်...မင်းနဲ့ငါလက်ထပ်ထားတာ တစ်ပတ်တောင်မပြည့်သေးဘူး..."
" ဟား..ဟား..ဒါငါ့ချစ်သူ...မင်းနဲ့လက်မထပ်ခင်ကတည်းက ငါချစ်ရတဲ့ငါရဲ့တစ်ဦးတည်းသော
ချစ်ဦးသူ...."တိတ်ဆိတ်ငြိမ်သက်နေသော နှစ်ထပ်အိမ်ပရဝန်အကျယ်ကြီးအတွင်း၌ အချေတင်စကားများနေကြသူများသည် လွန်ခဲ့သော ရက်ပိုင်းခန့်က လက်ထပ်ထားသူတွေ......
" မင်းရဲ့ချစ်ဦးသူဘဲ ဖြစ်နေစေဦးတော့...မင်းကအခုငါနဲ့ လက်ထပ်ပြီးသားလေ...."
ဒုန်း....ခလွမ်း...
သူ့စကားတွေအဆုံးမှာ ကုတင်ဘေးက စားပွဲခုံပေါ်မှာ အတိုင်းသားရှိနေသော မှန်ဘောင်အတွင်း
မှ ဓာတ်ပုံငယ်လေးကို မောင်ကတိုက်ချပစ်သည်.." တကယ်ဆို ဒီဓာတ်ပုံ မှန်ဘောင်လိုဘဲ..
မင်းဘဝကြီးကို စုတ်ပြတ်သတ်သွားစေချင်တာ..."" ဘာ....မောင်ဘာပြောလိုက်တယ်..."
မောင့်စကားတွေအဆုံးမှာလည်း သူဟာတုန်ရီသော ပုံစံဖြင့် မောင့်မျက်နှာကို စေ့စေ့ကြည့်ခဲ့မိသည်....
" ဟုတ်တယ်...တကယ်ဆိုမင်းမိသားစုကိုရော..
မင်းကိုရော ပျက်စီးသွားစေချင်တာ.. "" ဘာ.... ဒါဆို..ဒါဆို...ငါ့ကိုလက်ထပ်ခဲ့တာက.."
ဝေ့သီလာတဲ့သူမျက်ရည်တွေကို လှောင်ရီသံ ပြုနေတဲ့မောင်က လက်ခုပ်တဖြောက်ဖြောက်တီးကာ လှောင်ရယ်နေသည်....
" ဟား....ဟား.....အိုး..ဂွတ် ဆော့ဂျင်...
မင်းသိပ်တော်တယ်.....အရိပ်ပြရုံနဲ့အကောင်မြင်တတ်တယ်....."" --------"
သူ့ကို ကျောခိုင်းကာ ထွက်သွားတဲ့မောင်ခြေလှမ်း
တွေက အခန်းဝက တံခါးမကြီးဆီဦးတည်နေသည်.....
