" ငါရေချိုးမယ်..... မင်းအပြင်ထွက် "
အိပ်ယာဘေးက စာကြည့်စားပွဲခုံပေါ်မှာ စာဖတ်နေတဲ့ သူ့ကို မောင်စတင်ဆိုလာသည့်စကား...
ရံဖန်ရံခါမှသာ ဆိုလာတတ်တဲ့ မောင့်စကားတွေက စိမ်းကားမှုတွေကြားမှ ရုန်းမထွက်ခဲ့.....
" အင်း...ေမာင်..ငါအပြင်ကစောင့်နေမယ်...မြန်မြန်ချိုးနော်မောင်....မင်းအအေးပတ်လိမ့်မယ်..."
" ကျစ်...အအေးပတ်တာ မပတ်တာ ငါ့စောက်ကြောင်း ဆော့ဂျင်...မင်းနဲ့ လားလားမှမဆိုင် ဘူး..မင်းနဲ့ဆိုင်တဲ့အလုပ်ကတစ်ခုဘဲရှိတယ်..
အခုချက်ချင်းအခန်းထဲ ကထွက်သွားပေး.."" ဘာ....."
ဝေ့သီလာတဲ့ မျက်ရည်တွေကို မောင်မမြင်နိုင်
တဲ့ နေရာမှသာ စီးဆင်းခွင့်ပေးလိုက်တော့မည်...အခုနေတော့ ချစ်ရသူမောင့် ရှေ့မှာ အားနည်းသူ
တစ်ယောက်အဖြစ် အမည်မခံယူချင်တာကြောင့်
မျက်တောင်ရှည်တွေကို ပုတ်ခတ်ခတ်လုပ်ကာ
အပြင်သို့ပြေးထွက်မည်အပြု....လှမ်းထားတဲ့ ခြေလှမ်းအစုံက မျက်နှာချင်းဆိုင်
မှန်ထဲတွင် ပေါ်နေသူ၏ ပုံရိပ်တစ်ခုကြောင့် ခဲဆွဲထားသလို လေးလံလာသည်....ဖြူဖွေးနေသော ခန္ဓာကိုယ် အပေါ်ပိုင်းပေါ်တွင်
ကွက်တိကွက်ကြားရှိနေသည်က စပျစ်သီးပုတ်ရောင်လို အကွက်တွေ....
မဟုတ်မှ..marking.." မောင်...ဒါတွေက..မင်းအဲ့လောက်ထိ..."
ခဲဆွဲထားသည့်အတိုင်း လေးလံနေသည့် ခြေလှမ်းတွေက မောင်ရဲ့ အရှေ့တည့်တည့်သို့
ဦးတည်မိသည်...." အ့..."
" ငါပြောထားတယ်မဟုတ်လား ဆော့ဂျင်...
ငါ့အသားကို မထိနဲ့လို့.."ညှပ်ရိုးနေရာမှပေါ်နေတဲ့ အညိုရောင်အကွက်ကို
ထိမိ မည့်အပြုမှာ မောင်က သူ့ကို့တွန်းလှဲပစ်သည်...." သိပ်ရက်စက်တယ် မောင်....မင်းအသားကို
ထိမိရုံလေးနဲ့တင် ငါ့ကိုမညှာမတာ တွန်းထုတ်ပစ်တယ်..."ဆော့ဂျင် လက်ဖဝါးက ခုံစောင်းနှင့်ကျမိ၍ထိခိုက်သွားပုံ.....
တကယ်တော့ သူဆော့ဂျင် အဲ့လိုဖြစ်ပါစေဆိုပြီး
ရည်ရွယ်ပြီးတွန်းထုတ်မိသည်မဟုတ်...မတော်တဆသာ..
သို့ပေမယ့် သူဆော့ဂျင်အား ဖြေရှင်းချက်တစ်စုံတစ်ရာပေးလိမ့်မည်မဟုတ်....
