" မောင်....."
မှန်တင်ခုံရှေ့မှာ အပြင်သွားဖို့ရာ ပြင်နေတဲ့
မောင့်ကို သူလှမ်းခေါ်မိလိုက်သည်..." ဘာလဲ.."
ညင်သာမှုမရှိတဲ့ မောင်ရဲ့ လေသံမာတွေဟာ...
ကျွန်တော့် နားအဝကို ချော်ရည်ပူတွေလောင်း
ထည့်နေသလိုမျိုး..." ဒီနေ့ အဖေက ဧည့်တွေ့ခွင့်ရတယ်လေ..အဲ့ဒါ
ငါသွားတွေ့မလို့ ငါ့ကိုလိုက်ပို့မလားမောင်.
.ငါတစ်ယောက်ထဲကျနည်းနည်း...."" ငါအားမနေဘူး ဆော့ဂျင်..ငါရှယ်ယာဝင်ထားတဲ့ ကုမ္ပဏီမှာ ဒီနေ့အစည်းအဝေးရှိတယ်..အဲ့ဒါ
ငါသွားတတ်ရမှာ....
ပြီးတော့ မင်းကိုငါလက်ထပ်ထားတာကလည်း မင်းရဲ့အထွေထွေ ကိစ္စအဝဝကို
ငါလိုက်ပြီးဆောင်ရွက်ပေးနေဖို့မဟုတ်ဘူး.."" ဘာ....."
ခပ်ပြတ်ပြတ်နှင့် ရက်စက်စွာ ဆိုလာတဲ့မောင့်စကားအဆုံးမှာ စွန့်အစွာ ဖြင့် ထိုစကားတစ်လုံး
ကိုသာ ဆိုနိုင်တော့သည်...
မဟုတ်ဘူး...ပြောစရာ
စကားတွေ ထွက်မလာတော့တာ...အစည်းအဝေးရှိလို့ဆို တော်ပြီလေ မောင်ရာ...ဘာလို့ နောက်ကြောင်း ကိစ္စတွေ ပါလာရတာလည်း....
" ပြောစရာ ဒါဘဲမလား...ဖယ်..ငါသွားမယ်.."
တံခါးဝမှာ ရပ်နေတဲ့ ကျွန်တော့်ဆီဦးတည်ရောက်လာတဲ့ မောင့်ခြေလှမ်းတွေက...
ကျွန့်တော့်ကို တွန်းထုတ်ဖို့ဖြစ်နေခဲ့တာ....တစ်ကြိမ်တစ်ခါလောက်တော့ ငါ့အပေါ် ကြင်နာပေးပါမောင်....
ပြေးရင်းနဲ့ ဝေးသွားတဲ့အခါ မှ တော့ ပြန်
မလွမ်းသင့်ဘူးလေ နော်....ထို့အတူ အံဆွဲထဲမှာ ထည့်သိမ်းထားတဲ့ ဒိုင်ယာရီ
စာအုပ်လေးကို ဖွင့်မိပြန်တယ်...." ဒီဝဋ်ကျွေးတွေ ကုန်တဲ့အခါ ငါမင်းအနားမှာ
ရှိနေဖို့ မျှော်လင့်မိပါတယ်မောင်.."~~~~~~~~~~~~~~~~~
" ထယ်....ကိုယ့်အချစ်လေး...ဘယ်မှာလဲကွာ..
ကို လာပြီလေ..."အိမ်ထဲသို့ဝင်ဝင်လာခြင်း မြင်ကွင်းတစ်ခုဟာ ရှင်းလင်းလို့နေသည်....
ထိူသူဟာ ဧည့်ခန်းထဲမှာလည်းရှိမနေသလို..
မီးဖိုချောင်ထဲ မှာလည်းရှိမနေခဲ့....
