ဆောင်းတွင်းမုတ်သုန်လေက အာရုဏ်တတ်ချိန်တွင် တဖြူးဖြူးတိုက်ခတ်နေသည်....
တိုက်ခတ်နေတဲ့ လေစိမ်းတဖြူးဖြူးက အဝတ်ဗလာနဲ့ အိပ်ပျော်နေသည့် ထိုသူအား ပုတ်ခတ်နိုးနေသယောင်...
ကြက်သီးညင်းများ တဖြန်းဖြန်းထနေသည်အထိကို ဆောင်းတွင်းအအေးဒဏ်ကမူပိုလွန်းသည်..
အအိပ်မက်သည့်သူ့အတွက် ညအိပ်ချိန်မှာ အကျအနခြုံထားသည့်စောင်အား ဘယ်အချိန်တွင် ကန်ချမိမှန်းသူမသိပါ...
မထချင် ထချင်နှင့် မျက်လုံးအစုံကို အားယူဖွင့်ကာ စောင်ထခြုံရန် ပြင်လိုက်တော့သည်...
" ဟမ်.....သူကဘယ်လို.."
ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် ထိုသူ...သူကိုယ်တိုင်ကလည်း
ထိုသူအား ပွေ့ဖက်ထားမိသေးတာ..မီးအိမ်တစ်ပွင့်တည်းသာထွန်းအိပ်ကြသည်မို့
ထိုသူ၏မျက်တောင်ရှည်များက
ထိုသူ၏ ပါးပြင်နုနုပေါ်မှာ အရိပ်တစ်ခုအဖြစ်ကျရောက်နေသည်....ဖူးငုံနေတဲ့ နှုတ်ခမ်းပါးလေးက အိပ်နေတဲ့အချိန်မှာတောင် ပန်းရောင်ဖျော့ဖျော့သန်းနေသည်...
" မဟုတ်မှ..."
ပန်းရောင်ဖျော့ဖျော့သန်းနေသည့် နှုတ်ခမ်းပါးတစ်စုံက ဆေးဆိုးပန်းရိုက်ထားသည်အထင်နှင့်
သူထိတွေ့မိသည်...." ဟ..."
အစစ်ဘဲ...
ထိုသူရဲ့ နှုတ်ခမ်းပါးတစ်စုံကို
သူထိတွေ့မိလိုက်သည့်အခါ...သူ့ခန္ဓာကိုယ်တစ်ခုလုံးတုန်တတ်သွားသည်...နဖူးပေါ်ဝဲကျနေတဲ့ ဆံသားပျော့ပျော့လေးတွေကို လက်ညိုးလေးတစ်ချောင်းသာသုံးပြီး
သူသပ်တင်ပေးမိသည်....သူ့လက်မောင်းတွေကို ခေါင်းအုံးအဖြစ် အုံးအိပ်နေတဲ့ ထိုကောင်လေး မျက်နှာအား သူစေ့စေ့
ကြည့်မိသည်....ခပ်တိုးတိုးရေရွတ်မိသည်က ထိုစကားတစ်ခွန်းသာ....
" Happy Birthday အကို.."
ခိုးကြောင်ခိုးဝှက်ဖြင့်သာ အိပ်ပျော်နေသူတစ်ယောက်ကို Happy Birthdayလို့သာသူပြောနိုင်သည်...ဘာမှလည်းပေးမှာမဟုတ်သလို...
ဘာဆုတောင်းမှလည်း ခြွေပေးမည်မဟုတ်...
