ည ၁၁နာရီ....
သူ့လက်မောင်းတွေကြား နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ထယ့်ကြောင့် သူပြုံးမိသည်...
အိပ်ပျော်နေတဲ့ ထယ့်မျက်နှာလေးက ကလေးတစ်ယောက်လိုဘဲ...အပြစ်ကင်းစင်သည်...ဟင်...
သူ့အပြုံးတွေက ကြာရှည်မခံတစ်စုံတစ်ယောက်ရဲ့မျက်နှာကို မြင်မိသည်နှင့်သူအိပ်ယာကနေဝရုန်းသုန်းကားထမိသည်...
သူ့လက်မောင်းကြားမှာ အိပ်ပျော်နေတဲ့ ထယ့်ခေါင်းကို ဘေးနေရာမှ ခေါင်းအုံးဆီသို့ တင်ပေးလိုက်သည်....
အဝတ်တန်းမှာ တင်ထားတဲ့သူ့အနွေးထည်ကိုအပြေးအလွှားယူပြီး နှစ်ခြိုက်စွာ အိပ်ပျော်နေသူ၏နဖူးပြင်ကို အနမ်းခပ်ဖွဖွပေးကာ ထိုနေရာမှ
ထွက်လာလိုက်သည်..." တောင်းပန်ပါတယ် ထယ်..ကိုယ်အခုသွားမှဖြစ်မှာမလို့.."
အိမ်အောက်မှာ ရပ်ထားတဲ့ကားစီ ဒုန်းဆိုင်းပြေးကာ တစ်ယောက်သောသူကို သွားခေါ်ရန် ကားကိုအလျင်အမြန်မောင်းမိသည်ကိုလည်း မည်သူမျှရိပ်မိမည်မဟုတ်....
အလျင်အမြန်မောင်းရင်းဖြင့်သာ သူအိမ်သို့ရောက်လာသည်...
သူပင်လယ်မသွားခင် ပိတ်ထားတဲ့ ထိုတံခါးဟာ ထိုမြဲအတိုင်းပင်
ဒါဆို ဆော့ဂျင်က အိမ်ပြန်မရောက်သေးတာလား.." ရူးနေပြီလား..ဒါဆိုလည်းကိုယ့်ဘာသာပြန်လာပါ့လား...ရူးနေလို့ အဲ့လိုနေရာမှာတကယ်စောင့်နေရလား.."
ဆူပူကျိန်းမောင်းသံတွေက ထိုအနက်ရောင်ကားပေါ်တွင်ပျံ့လွင့်နေခဲ့သည်....ဒေါသသံပါတဲ့ ထိုစကားတွေနောက်ကွယ်မှာ စိတ်ပူပန်မှုတွေကလည်း ကပ်မြှောင်လိုက်နေလေရဲ့...
:::::::::::::::::::::::::::::::::
ရောက်ရှိလာသော ပင်လယ်ပြင်က နှင်းများပင်ဖုံးလွှမ်းနေသည်....ပင်လယ်ပြင်ရဲ့ရှိုက်ခတ်သံ
အသံတစ်ချို့ တဖွဲ့ဖွဲ့ကျနေသော နှင်းစက်တို့အပြင် ထိုနေရာ ထိုကမ်းစပ်တွင် မည်သူတစ်ဦးတစ်ယောက်ရယ်ဟူ၍မရှိခဲ့....သူလိုက်ရှာနေမိသည့် တစ်ယောက်သောသူဟာလည်း အရိပ်ယောင်အစအနတောင်ရှာမတွေ့ခဲ့..
