" ငါ့အသားကို ငါ့ချစ်သူကလွှဲပြီးထိတာမကြိုက်ဘူး...နောက်ဆိုဆင်ခြင်နေ.."
" ဟက်...ချစ်သူ..ဟုတ်လားမောင်.."
" အင်း...ဟုတ်တယ်..ငါ့ချစ်သူ..ငါအရမ်းချစ်ရတဲ့
ငါရဲ့တစ်ဦးတည်းသောချစ်သူ "ရေချိုးခန်းထဲ ဦးတည်သွားတဲ့ မောင့်ခြေလှမ်းတွေကို သူနာကျည်းစွာ ကြည့်မိသည်...
" ဒါဆို ငါကရောမောင်...လက်စားချေချင်ရုံသပ်သပ်ဘဲ ငါ့ကို လက်ထပ်ခဲ့တာပေါ့...
အရင်ကချစ်ခဲ့တဲ့ သံယောဇဥ်တွေကိုမှမထောက်....ဟင့်....ချစ်သူ...အိမ်ထောင်ရှိရက်သား
လူတစ်ယောက်က ချစ်သူ...ဟုတ်လားမောင်..င့ါမိသားစုကို မင်းမုန်းတီးနေရင်တောင် ငါမင်းကို
ချစ်ပေးနေတဲ့ အချစ်အတွက် မင်းရဲ့ လက်စားချေချင်တဲ့စိတ်ကို တစ်ထစ်လောက်တော့ လျော့ပေးသင့်တယ်မဟုတ်လား...ပြီးတော့ မင်းအမေဆုံးခဲ့တာလည်း ငါတို့.."" အာ......မပြောနဲ့...ငါ့အမေနဲ့ပတ်သတ်ပြီး မင်းတို့မိသားစုက လေသံတစ်ခုတောင်မထွက်နဲ့....
မင်းအဖေက ငါ့အမေကို သတ်ခဲ့တာ...မင်းအဖေမဆင်မခြင်....တောက်...မင်းအခုချက်ချင်းထွက်သွား...သွား...."မီးတောက်တစ်ခုလို ရဲတောက်နေတဲ့ မောင့်မျက်ဝန်းတွေမှာ နာကျင်မှုတွေက အတိုင်းသား..
မတော်တဆ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုမှာ ငါ့တို့အမှားလို့ဘဲ ထင်မြင်နေတဲ့ မောင့်ရဲ့ယူဆချက်တွေက ဘယ်တော့များမှ ပျောက်ပျက်သွားမှာ ပါလိမ့်.....
ဒီဝဋ်ကျွေးတွေ ဆပ်ပြီးတဲ့တစ်နေ့မှာ...မောင်က
ငါ့ကို သေချာပေါက်ချစ်လာမှာပါ....ဒိုင်ယာရီစာအုပ်ရဲ့ နေရာလွတ်တစ်ခုမှာ ချရေးမှတ်ထားသည်က...
" ဒီဝဋ်ကျွေးတွေ အမြန်ကြေစေလိုပါ၏...ကျွန်တော်ချစ်ရသူ မောင့်အနားမှာ နောက်ဆုံးထွက်သက်ထိနေရပါစေလို၏..."
~~~~~~~~~~~~~~~~~
မောင့်ကိုစောင့်ရင်း ခြံထဲကဒန်းပေါ်မှာ လွန်ခဲ့တဲ့
နှစ်ကအကြောင်းတွေပြန်လည်တွေးဆမိရဲ့....တကယ်ဆို မောင်က နားလည်မှုတွေလွှဲမှားနေခဲ့တာ...
တိုက်ဆိုင်စွာ ဖြစ်သွားတဲ့အဖြစ်ပျက်တစ်ခုကို
မောင်က ကျွန်တော်တို့မိသားစုအပေါ်ကို အငြိုးအတေးတွေ ထားခဲ့တာ...

Part 2
Start from the beginning