抖阴社区

                                    

အကြောင်းတရားညီစွာ ဖြစ်ပေါ်ခဲ့တဲ့ မတော်တဆမှုကိုလည်း မောင်က ရန်ငြိုးကြီးစွာ
တေးဖွဲ့ထားသေးတာ.....

မောင်နဲ့ မောင့်မေမေ markတစ်ခုကနေ စျေးဝယ်ပြီးအပြန်မှာ ကျွန်တော့်ဖေဖေကားနဲ့တိုက်မိပြီး မောင့်မေမေကဆုံးပါးသွားခဲ့တာ...

တကယ်ဆို ကျွန်တော်နဲ့အဖေကလည်း
အဖေတစ်ခုသားတစ်ခုပါ...ကုမ္ပဏီဝန်ထမ်းဖြစ်တဲ့ဖေဖေက
ရုံးအလုပ်နောက်ကျ၍ထိုနေ့က ကားကို ရုံးသို့
ဒုန်းဆိုင်းမောင်းသွားခြင်း....

markတစ်ခုကနေ စျေးဝယ်ပြီးပြန်လာတဲ့ မောင့်မေမေကလည်း လမ်းကိုဖြတ်ကူးရင်း မထင်မှတ်ထားသလို အဖြစ်အပျက်တွေနဲ့ကြုံရင်း အသက်ဆုံးရှုံးရတဲ့ထိ....

နှစ်ဦးနှစ်ဖက်လုံးမှားယွင်းတာမလို့...ဖေဖေသည်လည်း အကျဥ်းထောင်ထဲမှာ ဝဋ်ကျွေးတွေကို ကျေအောင်ဆပ်နေရသည်....

ဒါကိုအမှတ်သညာကြီးတဲ့မောင်က ရန်တွေဖွဲ့ကာ
ကျွန်တော့်ကို လိမ်ညာပြီး အိမ်အပါခေါ်ခဲ့သေးတာ....

ပထမအဆင့်အနေနဲ့ ချစ်ချင်ယောင်ဆောင်ခဲ့သည်...ဒုတိယအနေနဲ့ ကျွန်တော့် အပေါ်မှာဂရုစိုက်ပေးသည်..ကြင်နာပေးသည်..ထိုအကြင်နာတွေကြောင့် ကျွန်​ေတာ်မောင့်ကိုတွယ်တာမိသည်...မြတ်နိုးမိသည်...ကျွန်တော် မောင့်ကိုချစ်လာတဲ့အခါကျ မောင်က ကျွန်တော့်ကိုမရရအောင် လက်ထပ်ခဲ့သည်လေ...

နှစ်ဦးနှစ်ဖက် ချစ်လို့ လက်ထပ်ခဲ့ရတာမဟုတ်ဘဲ
ကျွန်တော့်ကို မုန်းလို့ လက်ထပ်ခဲ့တဲ့မောင်...
ချစ်ရသူရှိရက်နဲ့ ကျွန်တော့်အပေါ် လိမ်လည်
လှည့်ဖျားခဲ့သူ မောင့်ကြောင့် ကျွန်တော့်နှလုံးသားလေး ကြွေမွပျက်စီးတော့မည်....

အတွေးတို့အဆုံးသတ်ချိန်မှာ မျက်ရည်စတွေက ပါးပြင်ပေါ်စီးကျနေသည်...

အေးစက်စက်နိုင်တဲ့ရာသီဥတုကြောင့် အိမ်ထဲသို့ဝင်ရန် ပါးပြင်ပေါ်ကမျက်ရည်စတွေကို လက်ဖမိုးဖြင့် ဖိဆွဲသုတ်မိသည်...

" အနိုင်ယူချင်တဲ့ မောင့်အရှေ့မှာ ကျွန်တော်မျက်ရည်တွေကျပြလို့မဖြစ်ဘူး.."

~~~~~~~~~~~~~

" အင်း ကိုယ်အခု လာခဲ့မယ်..ထယ်စောင့်နေနော်"

Only Once?Where stories live. Discover now