အခန်းဝသို့ရောက်ရာတွင် ကြားလိုက်ရတဲ့
စကားစုလေးတစ်စု...ထိုစကားလုံးအချို့ကလည်း သူ့နှလုံးသားကို နာကျင်စေသည်...." မင်းက ဒီမှာဘာရပ်လုပ်နေတာလဲ "
" ဟင်...."
တံခါးဘေး၌ ကပ်ပြီးရပ်နေတဲ့သူ့ကို မောင်က
မလိုတဲ့မျက်လုံးတွေနဲ့ကြည့်ကာ သွေးစူနေပုံ..." မဟုတ်မှ...ငါဖုန်းပြောတာကို ခိုးနားထောင်နေတာလား "
" ဟမ်...မဟုတ်တာမောင်..ငါရောက်လာတုန်း မင်းဖုန်းပြောနေသံကြားလို့ ငါ့စောင့်နေတာ.."
" ဟက်.....ထားပါ..မင်းအကြောင်းတွေငါစိတ်မဝင်စားဘူး.."
သူ့စကားကိုပြက်ရယ်ပြုကာ ထွက်သွားဖို့ပြင်နေတဲ့ မောင့်ခြေလှမ်းတွေကို သူလှမ်းတားမိသည်..
" မောင်....."
"_______"
မောင်က အသံပြန်မဆို...မောင့် ခြေလှမ်းတွေက ခေတ္တမျှရပ်တန့်သွားသည်...
" အိမ်ပြန်လာမှာမလားဟင်...ငါတစ်ယောက်ထဲ
နေရတာ ကြောက်တယ်..ပတ်ဝန်းကျင်ကလည်း
လူချေတိတ်တော့......."" ဟက်....မျှော်လင့်မနေနဲ့ ဆော့ဂျင်..ငါပြန်မလာဘူး "
တောင်းဆိုမိတဲ့သူ့စကားသံတွေကိုလျစ်လျူရှုကာ မောင်က ထွက်သွားပြန်တယ်...
မောင့်ခြေလှမ်းကျဲ ကြီးတွေက သူမဟုတ်တဲ့အခြားတစ်ယောက်ဆီဦးတည်မှန်းသိရက်နှင့်တောင် သူမောင်ကျောပြင်ကျယ်ကြီးကို မမြင်ကွယ်ရာအဆုံးထိ လိုက်ကြည့်နေမိသည်...
တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကြီးမှာ ညဘက်တွေဆို ငါတစ်ယောက်ထဲမအိပ်ရဲဘူးမောင်....
ဟင့်....
ရှိုက်ငိုသံတွေကြားထဲက ကောင်ငယ်လေးတစ်ယောက်....
ရင်အုံရဲ့ ဘယ်ဘက်အခြမ်းက တစ်ဆစ်ဆစ် နာတယ်မောင်....
ပြန်မလာမှန်းသိတဲ့ မင်းရဲ့အိမ်ပြန်ချိန်ကို ငါမျှော်နေချင်မိတယ်မောင်...
တစ်ချိန်မှာ မင်းနှလုံးသားလေးရဲ့ပိုင်ရှင်က
ငါဖြစ်ချင်မိတယ်....အတောမသတ်နိုင်တဲ့ တပ်မက်မှုတွေကို ထပ်ခါထပ်ခါ ဆန္ဒပြုရင်းဖြင့် အိပ်ယာကျယ်ကြီး
ပေါ်မှာ အိပ်ပျော်သွားတဲ့ကောင်ငယ်လေးတစ်ယောက်....

Part 2
Start from the beginning